• Follow Us on

Home မိုးေကာင္းမွ ကိုဗစ္ပိုးေတြ႕လူနာ No-7234 ေဆး႐ုံမွ ဆင္းခြင့္ရၿပီ

မိုးေကာင္းမွ ကိုဗစ္ပိုးေတြ႕လူနာ No-7234 ေဆး႐ုံမွ ဆင္းခြင့္ရၿပီ

Share this post

မိုးေကာင္း၊ ေအာက္တိုဘာ ၅

မိုးေကာင္းၿမိဳ႕နယ္ ေလးမိုင္ေက်းရြာမွ ကိုဗစ္ပိုးေတြလူနာ No-7234 သည္ ေရာဂါသက္သာေပ်ာက္ကင္းၿပီ ျဖစ္သျဖင့္ ေဆး႐ုံမွ ယေန႔ ဆင္းခြင့္ျပဳလိုက္ၿပီေၾကာင္း မိုးေကာင္းျပည္သူ႔ေဆး႐ုံမွသိရသည္။

မိုးေကာင္းၿမိဳ႕ ျပည္သူ႔ေဆး႐ုံ Isolation Room ၌ သီးသန႔္ထားရွိ ကုသမႈခံယူေနသည့္ အဆိုပါလူနာမွာ ေရာဂါသက္သာၿပီျဖစ္သျဖင့္ ယေန႔ ေအာက္တိုဘာ (၅) ရက္ နံနက္ (၁၁) နာရီအခ်ိန္တြင္ ေဆး႐ုံမွ ဆင္းခြင့္ျပဳလိုက္ၿပီး အမွတ္ (၁) အေျခခံပညာ အထက္တန္းေက်ာင္း Quarantine စင္တာသို႔ ပို႔ေဆာင္ ထားရွိကာ သီးသန႔္ေဆာင္တြင္ ထားရွိမည္ျဖစ္ေၾကာင္း မိုးေကာင္းေဆး႐ုံအုပ္ႀကီးက ဆိုသည္။

“သူ႔ကို ဒီေန႔ ေဆး႐ုံက ဆင္းခြင့္ျပဳလိုက္ၿပီး သူ႔မိဘေတြ Q ဝင္ေနတဲ့ အ.ထ.ထ (၁)စင္တာ သီးသန႔္ခန္းမွာ (၇)ရက္ အသြားအလာ ကန႔္သတ္ထားၿပီး မိဘေတြနဲ႔ အတူ အိမ္ျပန္ေစမွာပါ”ဟု ေဆး႐ုံအုပ္ႀကီး ေဒါက္ တာေကာင္းျမတ္စံမွ ေျပာျပသည္။

အဆိုပါ လူနာအမွတ္ ၇၂၃၄ သည္ ကခ်င္ျပည္နယ္ မိုးေကာင္းၿမိဳ႕နယ္ ေလးမိုင္ေက်းရြာ Quarantine စင္တာ၌ ေစာင့္ၾကည့္ခံယူေနသူ မ____ (၂၂)ႏွစ္သည္ ရန္ကုန္ၿမိဳ႕ မဂၤလာဒုံၿမိဳ႕နယ္ အထည္ခ်ဳပ္စက္႐ုံတြင္ အလုပ္ လုပ္ကိုင္ၿပီး စက္တင္ဘာ (၅)ရက္ေန႔က မိုးေကာင္းၿမိဳ႕သို႔ ျပန္ေရာက္ရွိလာရာ မိုးေကာင္းၿမိဳ႕နယ္ ေလးမိုင္ ေက်းရြာ ပညာေရးဝန္ထမ္း Quarantine စင္တာ (CBFQ) တြင္ ေစာင့္ၾကည့္ခံယူေနစဥ္ စက္တင္ဘာ (၁၈) ရက္ေန႔က ၎၏ ႏွာေခါင္းအာေခါင္တို႔ဖတ္ နမူနာအား အမ်ိဳးသားက်န္းမာေရးဓါတ္ခြဲခန္းသို႔ ပို႔ေဆာင္ စစ္ေဆးရာမွ စက္တင္ဘာ (၂၄)ရက္ေန႔တြင္ COVID 19 ေရာဂါပိုးေတြ႕ရွိေၾကာင္း အတည္ျပဳထုတ္ျပန္သျဖင့္ မိုးေကာင္းျပည္သူေဆး႐ုံ၌ သီးသန္႔ထားကုသေပးခဲ့ျခင္းျဖစ္သည္။

ကခ်င္ျပည္နယ္ မိုးေကာင္းၿမိဳ႕နယ္တြင္ ယခုတစ္ဦးအပါအဝင္ COVID 19 ပိုးေတြ႕လူနာ ၂ ဦးရွိခဲ့ၿပီး အဆိုပါ ၂ ဦးစလုံးမွာ က်န္းမာေရးေကာင္းမြန္စြာျဖင့္ ေဆး႐ုံမွ ဆင္းခြင့္ရခဲ့ၾကၿပီျဖစ္သည္။

ခ်ိဳေမာင္

#PeopleMedia #မိုးေကာင္းၿမိဳ႕ #COVID19

(Unicode)
မိုးကောင်းမှ ကိုဗစ်ပိုးတွေ့လူနာ No-7234 ဆေးရုံမှ ဆင်းခွင့်ရပြီ
……………………………………….

မိုးကောင်း၊ အောက်တိုဘာ ၅

မိုးကောင်းမြို့နယ် လေးမိုင်ကျေးရွာမှ ကိုဗစ်ပိုးတွေလူနာ No-7234 သည် ရောဂါသက်သာပျောက်ကင်းပြီ ဖြစ်သဖြင့် ဆေးရုံမှ ယနေ့ ဆင်းခွင့်ပြုလိုက်ပြီကြောင်း မိုးကောင်းပြည်သူ့ဆေးရုံမှသိရသည်။

မိုးကောင်းမြို့ ပြည်သူ့ဆေးရုံ Isolation Room ၌ သီးသန့်ထားရှိ ကုသမှုခံယူနေသည့် အဆိုပါလူနာမှာ ရောဂါသက်သာပြီဖြစ်သဖြင့် ယနေ့ အောက်တိုဘာ (၅) ရက် နံနက် (၁၁) နာရီအချိန်တွင် ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီး အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း Quarantine စင်တာသို့ ပို့ဆောင် ထားရှိကာ သီးသန့်ဆောင်တွင် ထားရှိမည်ဖြစ်ကြောင်း မိုးကောင်းဆေးရုံအုပ်ကြီးက ဆိုသည်။

“သူ့ကို ဒီနေ့ ဆေးရုံက ဆင်းခွင့်ပြုလိုက်ပြီး သူ့မိဘတွေ Q ဝင်နေတဲ့ အ.ထ.ထ (၁)စင်တာ သီးသန့်ခန်းမှာ (၇)ရက် အသွားအလာ ကန့်သတ်ထားပြီး မိဘတွေနဲ့ အတူ အိမ်ပြန်စေမှာပါ”ဟု ဆေးရုံအုပ်ကြီး ဒေါက် တာကောင်းမြတ်စံမှ ပြောပြသည်။

အဆိုပါ လူနာအမှတ် ၇၂၃၄ သည် ကချင်ပြည်နယ် မိုးကောင်းမြို့နယ် လေးမိုင်ကျေးရွာ Quarantine စင်တာ၌ စောင့်ကြည့်ခံယူနေသူ မ____ (၂၂)နှစ်သည် ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် အထည်ချုပ်စက်ရုံတွင် အလုပ် လုပ်ကိုင်ပြီး စက်တင်ဘာ (၅)ရက်နေ့က မိုးကောင်းမြို့သို့ ပြန်ရောက်ရှိလာရာ မိုးကောင်းမြို့နယ် လေးမိုင် ကျေးရွာ ပညာရေးဝန်ထမ်း Quarantine စင်တာ (CBFQ) တွင် စောင့်ကြည့်ခံယူနေစဉ် စက်တင်ဘာ (၁၈) ရက်နေ့က ၎င်း၏ နှာခေါင်းအာခေါင်တို့ဖတ် နမူနာအား အမျိုးသားကျန်းမာရေးဓါတ်ခွဲခန်းသို့ ပို့ဆောင် စစ်ဆေးရာမှ စက်တင်ဘာ (၂၄)ရက်နေ့တွင် COVID 19 ရောဂါပိုးတွေ့ရှိကြောင်း အတည်ပြုထုတ်ပြန်သဖြင့် မိုးကောင်းပြည်သူဆေးရုံ၌ သီးသန့်ထားကုသပေးခဲ့ခြင်းဖြစ်သည်။

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်တွင် ယခုတစ်ဦးအပါအဝင် COVID 19 ပိုးတွေ့လူနာ ၂ ဦးရှိခဲ့ပြီး အဆိုပါ ၂ ဦးစလုံးမှာ ကျန်းမာရေးကောင်းမွန်စွာဖြင့် ဆေးရုံမှ ဆင်းခွင့်ရခဲ့ကြပြီဖြစ်သည်။

ချိုမောင်

#PeopleMedia #မိုးကောင်းမြို့ #COVID19


Share this post