• Follow Us on

Home မိုးေကာင္းေခ်ာင္းေရ႐ုတ္တရက္ျမႇင့္တက္ ကယ္ဆယ္ေ႐ႊ႕ေျပာင္းေပးရန္ျပင္ဆင္

မိုးေကာင္းေခ်ာင္းေရ႐ုတ္တရက္ျမႇင့္တက္ ကယ္ဆယ္ေ႐ႊ႕ေျပာင္းေပးရန္ျပင္ဆင္

Share this post

မိုးေကာင္း၊ ဩဂုတ္ ၁၉

ကခ်င္ျပည္နယ္ မိုးေကာင္းၿမိဳ႕နယ္အတြင္းရွိ နန႔္ရင္းေခ်ာင္း နန႔္ေကာင္းေခ်ာင္းေရမ်ား ဒုတိယအႀကိမ္ ယေန႕ စိုးရိမ္ေရအမွတ္သို႔ ေက်ာ္လြန္ေရာက္ရွိလာသျဖင့္ အနိမ့္ပိုင္း ေနအိမ္မ်ားသို႔ ေရဝင္ေရာက္လာသျဖင့္ ကယ္ဆယ္ေ႐ႊ႕ေျပာင္းေပးရန္ ၿမိဳ႕နယ္တာဝန္ရွိသူမ်ားမွ လိုက္လံၾကည့္ရႈ စစ္ေဆးေနေၾကာင္း သိရသည္။

မိုးေကာင္းၿမိဳ႕စိုးရိမ္ေရအမွတ္မွာ (၆၀၀)စင္တီမီတာ ျဖစ္ၿပီး ယေန႕ ဩဂုတ္ (၁၉)ရက္ညေန (၆)နာရီ တိုင္းထြာခ်က္အရ နန႔္ရင္းေခ်ာင္း (၆၆၃)စင္တီမီတာႏွင့္နန႔္ေကာင္းေခ်ာင္း (၆၃၂)စင္တီမီတာသို႔ ေရာက္ရွိလာသျဖင့္ နန႔္ရင္းရပ္၊ အလယ္ရပ္၊ ကြၽန္းေတာရပ္၊ အိုးတန္းရပ္ရွိ အနိမ့္ပိုင္းေနအိမ္မ်ားတြင္ ေခ်ာင္းေရမ်ား ဝင္ေရာက္ေနသည္။

“ဒီတစ္ခါေရတက္တာ အရမ္းျမန္တယ္။ အရင္တစ္ခါကထက္ ပိုမ်ားတယ္”လို႔ နန႔္ရင္းရပ္ေန မေခ်ာစုခိုင္မွ ဆိုသည္။

လက္ရွိအခ်ိန္တြင္ နန႔္ရင္းရပ္ကြက္ေန အိမ္ေထာင္စု (၉)စုမွ လူဦးေရ(၃၄)ဦးကို နန႔္ရင္းရပ္ တ႐ုတ္ဘုံ‌ေက်ာင္းသို႔ ေျပာင္းေ႐ႊ႕ေနရာခ်ထားၿပီး က်န္ရပ္ကြက္မ်ားမွ ျပည္သူမ်ားကိုလည္း ေ႐ႊ႕ေျပာင္းနိုင္ရန္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးအဖြဲ႕၊ မီးသတ္တပ္ဖြဲ႕ဝင္မ်ား၊ ရဲတပ္ဖြဲ႕ဝင္မ်ား၊ ၾကက္‌ေျခနီတပ္ဖြဲ႕ဝင္မ်ားမွလိုက္လံေဆာင္႐ြက္ေနေၾကာင္းသိရသည္။

ၿပီးခ့ဲသည့္ ဇူလိုင္ (၂၅)ရက္ေန႕ ကလည္း မိုးေကာင္းၿမိဳ႕တြင္ ေရႀကီးေရလွ်ံမႈ ျဖစ္ေပၚခဲ့​သည္။

ခ်ိဳေမာင္

#PeopleMedia #မိုးေကာင္း

[Unicode]
မိုးကောင်းချောင်းရေရုတ်တရက်မြှင့်တက် ကယ်ဆယ်ရွှေ့ပြောင်းပေးရန်ပြင်ဆင်
……………………………………………………………………….

မိုးကောင်း၊ ဩဂုတ် ၁၉

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်အတွင်းရှိ နန့်ရင်းချောင်း နန့်ကောင်းချောင်းရေများ ဒုတိယအကြိမ် ယနေ့ စိုးရိမ်ရေအမှတ်သို့ ကျော်လွန်ရောက်ရှိလာသဖြင့် အနိမ့်ပိုင်း နေအိမ်များသို့ ရေဝင်ရောက်လာသဖြင့် ကယ်ဆယ်ရွှေ့ပြောင်းပေးရန် မြို့နယ်တာဝန်ရှိသူများမှ လိုက်လံကြည့်ရှု စစ်ဆေးနေကြောင်း သိရသည်။

မိုးကောင်းမြို့စိုးရိမ်ရေအမှတ်မှာ (၆၀၀)စင်တီမီတာ ဖြစ်ပြီး ယနေ့ ဩဂုတ် (၁၉)ရက်ညနေ (၆)နာရီ တိုင်းထွာချက်အရ နန့်ရင်းချောင်း (၆၆၃)စင်တီမီတာနှင့်နန့်ကောင်းချောင်း (၆၃၂)စင်တီမီတာသို့ ရောက်ရှိလာသဖြင့် နန့်ရင်းရပ်၊ အလယ်ရပ်၊ ကျွန်းတောရပ်၊ အိုးတန်းရပ်ရှိ အနိမ့်ပိုင်းနေအိမ်များတွင် ချောင်းရေများ ဝင်ရောက်နေသည်။

“ဒီတစ်ခါရေတက်တာ အရမ်းမြန်တယ်။ အရင်တစ်ခါကထက် ပိုများတယ်”လို့ နန့်ရင်းရပ်နေ မချောစုခိုင်မှ ဆိုသည်။

လက်ရှိအချိန်တွင် နန့်ရင်းရပ်ကွက်နေ အိမ်ထောင်စု (၉)စုမှ လူဦးရေ(၃၄)ဦးကို နန့်ရင်းရပ် တရုတ်ဘုံ‌ေကျာင်းသို့ ပြောင်းရွှေ့နေရာချထားပြီး ကျန်ရပ်ကွက်များမှ ပြည်သူများကိုလည်း ရွှေ့ပြောင်းနိုင်ရန် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကြက်‌ေခြနီတပ်ဖွဲ့ဝင်များမှလိုက်လံဆောင်ရွက်နေကြောင်းသိရသည်။

ပြီးခ့ဲသည့် ဇူလိုင် (၂၅)ရက်နေ့ ကလည်း မိုးကောင်းမြို့တွင် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့​သည်။

ချိုမောင်

#PeopleMedia #မိုးကောင်း


Share this post