• Follow Us on

Home မိုးကောင်းမြို့တွင် NLD ပါတီ ကိုယ်စားလှယ်တစ်ဦး၏ နေအိမ်နှစ်လုံး ချိတ်ပိတ်သိမ်းဆည်းခံရ

မိုးကောင်းမြို့တွင် NLD ပါတီ ကိုယ်စားလှယ်တစ်ဦး၏ နေအိမ်နှစ်လုံး ချိတ်ပိတ်သိမ်းဆည်းခံရ

Share this post

မိုးကောင်း၊ ဒီဇင်ဘာ ၁၄ (People Media)

 

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် NLD ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဝင်းနိုင်၏ နေအိမ် (၂) လုံးကို အကြမ်းဖက်တိုက်ဖျက်ရေး(ဗဟို)အဖွဲ့၏ ညွှန်ကြားချက်အရဟုဆိုကာ  ဒီဇင်ဘာ ၁၄ ရက်နေ့တွင် ချိတ်ပိတ်ခဲ့ရကြောင်း သိရသည်။

 

ချိတ်ပိတ်ခံရသည့် နေအိမ်နှစ်လုံးမှာ မိုးကောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဝင်းနိုင် ပိုင်ဆိုင်သည့် နမ္မတီးမြို့ မြို့လှရပ်ကွက်ရှိ (၆၀‌ ပေ×၈၀ ပေ) မြေကွက်ပေါ်မှ သွပ်မိုးထရံကာပျဉ်ခင်း နေ အိမ်တစ်လုံးနှင့် နမ္မတီးမြို့ မြို့မရပ်ကွက် ရွှေဝါအပိုင်း(၁/မမ-၆၄)ရှိ တစ်ထပ်တိုက်တစ်လုံးတို့ဖြစ်ကြောင်း သိရသည်။

 

ဦးဝင်းနိုင်မှာ ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲတွင် မိုးကောင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာမှ ယှဉ်ပြိုင်အနိုင်ရရှိထားပြီး လက်ရှိ ပြည်ထောင်စုလွှတ်တော်ကိုယ်စား ပြုကော်မတီ CRPH အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း သိရသည်။

 

မိုးကောင်းမြို့နယ် NLD ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဝင်းနိုင်မှာ မိုးကောင်းမြို့နယ်တရား ရုံး၏ ရာကြီးအမှတ်(၄၀/၂၀၂၁)ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)ဖြင့် လည်းကောင်း၊ နေပြည်တော်ကောင်စီ ဇမ္ဗူ သီရိမြို့နယ် မြို့မရဲစခန်း၏(ပ)၇၆/၂၀၂၁ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)ဖြင့် လည်းကောင်း၊ မိုးညှင်းခရိုင်တရားရုံး၏ ရာကြီးအမှတ် (၈၄/၂၀၂၁) နိုင်ငံတော်သစ္စာဖေါက်ဖျက် ပုန်ကန်မှု ဥပဒေပုဒ်မ ၁၂၂ ဖြင့်လည်းကောင်း အမှုဖွင့်တရားစွဲဆိုခံထားရသူတစ်ဦးဖြစ်ကြောင်း သိရသည်။

 

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာ ၂၅ ရက်အထိ NLD ပါတီဝင်များ၊ NLD လွှတ်တော်ကိုယ်စားလှယ် များနှင့် ပါတီဝန်းရံသူများ ချိတ်ပိတ်ခံထားရသူ ၅၅ ယောက်ထိ ရှိခဲ့ကြောင်း NLD Central Working Comm ette က နိုင်ဝင်ဘာ ၂၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

 

ဝလုံး(EPN)

 

#PeopleMedia #CRPH #မိုးကောင်းမြို့နယ်NLD

 

(unicode)


………………………………………………………………

 


 


 


 


 


 


 


 



Share this post