• Follow Us on
Latest News

Home မိုးေကာင္းၿမိဳ႕နယ္၌ ကိုယ္စားမဲလာေရာက္ေပးသူႏွစ္ဦးကို အမႈဖြင့္

မိုးေကာင္းၿမိဳ႕နယ္၌ ကိုယ္စားမဲလာေရာက္ေပးသူႏွစ္ဦးကို အမႈဖြင့္

Share this post

မိုးေကာင္း၊ နိုဝင္ဘာလ ၈

မိုးေကာင္းၿမိဳ႕နယ္တြင္ မဲဆႏၵရွင္ကိုယ္စား မဲလာေရာက္ေပးသူကို ေရြးေကာက္ပြဲဥပေဒျဖင့္ အမႈဖြင့္အေရးယူ ထားေၾကာင္း နမၼတီးနယ္ေျမရဲစခန္းမွ သိရသည္။

ကခ်င္ျပည္နယ္၊ မိုးေကာင္းၿမိဳ႕နယ္၊ နမၼတီးၿမိဳ႕ၿမိဳ႕မရပ္ကြက္ အမက(သစၥာ)မဲ႐ုံအမွတ္(၂၀)တြင္ နိုဝင္ဘာလ (၈)ရက္ နံနက္(၁၀)နာရီအခ်ိန္ခန႔္က အေဒၚေတာ္စပ္သူ ေနမေကာင္းက်န္းမာ၍ ကိုယ္စားလာေပးသူ မ…, (၁၆)ႏွစ္(၉)လမွ ကိုယ္စားလာေရာက္မဲေပးရာ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ႏွင့္ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ဆႏၵမဲပုံးမ်ားကိုေပးခဲ့ၿပီး ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္မဲပုံးကို မဲထည့္မည္ျပဳစဥ္ အဆိုပါ ေနရာ၌ တာဝန္က်သူမွ မသကၤာသျဖင့္ မဲ႐ုံရပ္/ေက်းဥကၠ႒ကို အေၾကာင္းၾကား၍ စစ္ေဆးေမးျမန္းရာ ယခု ကဲ့သို႔ အေရးယူျခင္းျဖစ္ေၾကာင္း သိရသည္။

အလားတူ မိုးေကာင္းၿမိဳ႕နယ္၊ ဆားေမွာ္ေက်းရြာ၊ ေအာင္သိရိရပ္ကြက္ အ.ထ.က ဆားေမွာ္ မဲ႐ုံအမွတ္(၅၀) တြင္လည္း မ…….(၁၇)ႏွစ္သည္လည္း အစ္မျဖစ္သူအတြက္ ကိုယ္စားလာေပးသည္ဟုဆိုကာ သက္ဆိုင္ရာ ရဲစခန္းမွာ အမႈဖြင့္ထားေၾကာင္းသိရသည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ အဆိုပါႏွစ္ဦးကို ေရြးေကာက္ပြဲဥပေဒျဖင့္ အမႈဖြင့္အေရးယူရန္ ေဆာင္ရြက္ေနေၾကာင္း သိရသည္။

ခ်ိဳေမာင္

#PeopleMedia #2020election

(unicode)
မိုးကောင်းမြို့နယ်၌ ကိုယ်စားမဲလာရောက်ပေးသူနှစ်ဦးကို အမှုဖွင့်
……………………………………..

မိုးကောင်း၊ နိုဝင်ဘာလ ၈

မိုးကောင်းမြို့နယ်တွင် မဲဆန္ဒရှင်ကိုယ်စား မဲလာရောက်ပေးသူကို ရွေးကောက်ပွဲဥပဒေဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း နမ္မတီးနယ်မြေရဲစခန်းမှ သိရသည်။

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့မြို့မရပ်ကွက် အမက(သစ္စာ)မဲရုံအမှတ်(၂၀)တွင် နိုဝင်ဘာလ (၈)ရက် နံနက်(၁၀)နာရီအချိန်ခန့်က အဒေါ်တော်စပ်သူ နေမကောင်းကျန်းမာ၍ ကိုယ်စားလာပေးသူ မ…, (၁၆)နှစ်(၉)လမှ ကိုယ်စားလာရောက်မဲပေးရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဆန္ဒမဲပုံးများကိုပေးခဲ့ပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်မဲပုံးကို မဲထည့်မည်ပြုစဉ် အဆိုပါ နေရာ၌ တာဝန်ကျသူမှ မသင်္ကာသဖြင့် မဲရုံရပ်/ကျေးဥက္ကဋ္ဌကို အကြောင်းကြား၍ စစ်ဆေးမေးမြန်းရာ ယခု ကဲ့သို့ အရေးယူခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ မိုးကောင်းမြို့နယ်၊ ဆားမှော်ကျေးရွာ၊ အောင်သိရိရပ်ကွက် အ.ထ.က ဆားမှော် မဲရုံအမှတ်(၅၀) တွင်လည်း မ…….(၁၇)နှစ်သည်လည်း အစ်မဖြစ်သူအတွက် ကိုယ်စားလာပေးသည်ဟုဆိုကာ သက်ဆိုင်ရာ ရဲစခန်းမှာ အမှုဖွင့်ထားကြောင်းသိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အဆိုပါနှစ်ဦးကို ရွေးကောက်ပွဲဥပဒေဖြင့် အမှုဖွင့်အရေးယူရန် ဆောင်ရွက်နေကြောင်း သိရသည်။

ချိုမောင်

#PeopleMedia #2020election


Share this post