• Follow Us on
Latest News

Home မိုးေကာင္းၿမိဳ႕နယ္၌ ၆ ႏွစ္ခန္႔အရြယ္ မိန္းကေလးငယ္တစ္ဦးကို အမ်ိဳးသားႏွစ္ဦးက အဓမၼျပဳက်င့္

မိုးေကာင္းၿမိဳ႕နယ္၌ ၆ ႏွစ္ခန္႔အရြယ္ မိန္းကေလးငယ္တစ္ဦးကို အမ်ိဳးသားႏွစ္ဦးက အဓမၼျပဳက်င့္

Share this post

မိုးေကာင္း၊ ေအာက္တိုဘာ ၈

 

ကခ်င္ျပည္နယ္ မိုးေကာင္းၿမိဳ႕နယ္၌  ေအာက္တိုဘာ ၅ ရက္ေန႔ ည (၁၀) နာရီခန႔္က  မ—-(၆ ႏွစ္)ခန႔္သည္ ေနအိမ္အခန္းတြင္း တစ္ဦးတည္း အိပ္ေပ်ာ္ေနစဥ္ အမ်ိဳးသားႏွစ္ဦးက အဓမၼျပဳက်င့္ခဲ့ေၾကာင္း မိုးေကာင္းၿမိဳ႕မရဲစခန္းမွ သိရသည္။

 

ယင္းေန႔ညက မ……သည္ ေနအိမ္အတြင္း တစ္ဦးတည္း အိပ္ေနစဥ္ ၎၏ ဖခင္နာေရး ကိစၥကို လာေရာက္ကူညီသူ မိုးေကာင္းၿမိဳ႕ နယ္ အထက္ေရရွင္ေက်းရြာေန ေက်ာ္ဇင္ဝင္း(ခ)ဖိုးသားႏွင့္ မိုးေကာင္းၿမိဳ႕ ကၽြန္းေတာရပ္ ကြက္၊ ဖိုးခ်စ္ကုန္းစုေန ေအာင္ပန္းေဝတို႔က အဓၶမျပဳက်င့္ခဲ့ျခင္းျဖစ္ေၾကာင္း ရဲစခန္းသို႔ တိုင္တန္းခ်က္ အရ သိရသည္။

 

အဆိုပါ အဓမၼျပဳက်င့္ခံရသူ မိန္းကေလးငယ္ အေပါ့သြားရာမွ မိန္းမကိုယ္မွ နာက်င္ေနေၾကာင္း မိခင္ျဖစ္သူကို ေျပာျပခဲ့၍ ၾကည့္ရႈရာ မိန္းမကိုယ္မွာ ေယာင္ရမ္းေနေၾကာင္းေတြ႕ရွိရၿပီး သမီးျဖစ္သူကို ေခ်ာ့ေမာ့ေမးျမန္းရာမွ သားမယားအျဖစ္ျပဳက်င့္ခံရေၾကာင္းသိရသျဖင့္ ယင္း အဓမၼျပဳက်င့္ခဲ့သူ ႏွစ္ဦးကို ဥပေဒအရ အေရးယူေပးရန္ ေအာက္တိုဘာ (၇)ရက္ေန႔က မိုးေကာင္းၿမိဳ႕မရဲစခန္းသို႔လာေရာက္တိုင္တန္းခဲ့ျခင္းျဖစ္သည္။

 

ျဖစ္စဥ္ႏွင့္ပတ္သက္၍ သက္ေသခံပစၥည္းမ်ားကို သိမ္းဆည္း၍ ေက်ာ္ဇင္ဝင္း(ခ)ဖိုးသား (၂၆ႏွစ္) ႏွင့္ ေအာင္ပန္းေဝ(ခ)ဆြတ္ဆူး (၁၈ႏွစ္ )တို႔ႏွစ္ဦးကို မိုးေကာင္းၿမိဳ႕မရဲစခန္းတြင္ (ပ)၇၁/၂၀၂၀၊ ရာဇသတ္ႀကီးပုဒ္မ -၃၇၆ ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

 

ခ်ိဳေမာင္

 

#PeopleMedia #မိုးေကာင္းၿမိဳ႕

 

(Unicode)

မိုးကောင်းမြို့နယ်၌ ၆ နှစ်ခန့်အရွယ် မိန်းကလေးငယ်တစ်ဦးကို အမျိုးသားနှစ်ဦးက အဓမ္မပြုကျင့်
………………………………………………….

မိုးကောင်း၊ အောက်တိုဘာ ၈

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်၌ အောက်တိုဘာ ၅ ရက်နေ့ ည (၁၀) နာရီခန့်က မ—-(၆ နှစ်)ခန့်သည် နေအိမ်အခန်းတွင်း တစ်ဦးတည်း အိပ်ပျော်နေစဉ် အမျိုးသားနှစ်ဦးက အဓမ္မပြုကျင့်ခဲ့ကြောင်း မိုးကောင်းမြို့မရဲစခန်းမှ သိရသည်။

ယင်းနေ့ညက မ……သည် နေအိမ်အတွင်း တစ်ဦးတည်း အိပ်နေစဉ် ၎င်း၏ ဖခင်နာရေး ကိစ္စကို လာရောက်ကူညီသူ မိုးကောင်းမြို့ နယ် အထက်ရေရှင်ကျေးရွာနေ ကျော်ဇင်ဝင်း(ခ)ဖိုးသားနှင့် မိုးကောင်းမြို့ ကျွန်းတောရပ် ကွက်၊ ဖိုးချစ်ကုန်းစုနေ အောင်ပန်းဝေတို့က အဓ္ဓမပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း ရဲစခန်းသို့ တိုင်တန်းချက် အရ သိရသည်။

အဆိုပါ အဓမ္မပြုကျင့်ခံရသူ မိန်းကလေးငယ် အပေါ့သွားရာမှ မိန်းမကိုယ်မှ နာကျင်နေကြောင်း မိခင်ဖြစ်သူကို ပြောပြခဲ့၍ ကြည့်ရှုရာ မိန်းမကိုယ်မှာ ယောင်ရမ်းနေကြောင်းတွေ့ရှိရပြီး သမီးဖြစ်သူကို ချော့မော့မေးမြန်းရာမှ သားမယားအဖြစ်ပြုကျင့်ခံရကြောင်းသိရသဖြင့် ယင်း အဓမ္မပြုကျင့်ခဲ့သူ နှစ်ဦးကို ဥပဒေအရ အရေးယူပေးရန် အောက်တိုဘာ (၇)ရက်နေ့က မိုးကောင်းမြို့မရဲစခန်းသို့လာရောက်တိုင်တန်းခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ သက်သေခံပစ္စည်းများကို သိမ်းဆည်း၍ ကျော်ဇင်ဝင်း(ခ)ဖိုးသား (၂၆နှစ်) နှင့် အောင်ပန်းဝေ(ခ)ဆွတ်ဆူး (၁၈နှစ် )တို့နှစ်ဦးကို မိုးကောင်းမြို့မရဲစခန်းတွင် (ပ)၇၁/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ -၃၇၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ချိုမောင်

#PeopleMedia #မိုးကောင်းမြို့


Share this post