• Follow Us on

Home မိုးေကာင္းၿမိဳ႕နယ္၌ KIA နွင့္ ဆက္ႏြယ္သူနွစ္ဦးကို ဖမ္းဆီးရမိ

မိုးေကာင္းၿမိဳ႕နယ္၌ KIA နွင့္ ဆက္ႏြယ္သူနွစ္ဦးကို ဖမ္းဆီးရမိ

Share this post

ေနျပည္ေတာ္၊ ဒီဇင္ဘာ – ၁၈

ကခ်င္ျပည္နယ္၊ မိုးေကာင္းၿမိဳ႕နယ္အတြင္း ယခုလ ၁၅ ရက္ နံနက္ပိုင္းကေရႊဘို-ျမစ္ႀကီးနား ကားလမ္းေပၚ၌ မိုးေကာင္းၿမိဳ႕မွ ျမစ္ႀကီးနားၿမိဳ႕ဘက္သုိ႔ ေမာင္းႏွင္လာေသာ လိုင္စင္မဲ့ဆိုင္ကယ္တစ္စီး တိမ္းေမွာက္ေနေၾကာင္း သိရွိရသျဖင့္ နယ္ေျမခံတပ္မွ တာဝန္ရွိသူမ်ားက သြားေရာက္၍ စိစစ္ရာ KIA ႏွင့္ ဆက္ႏြယ္သူ နွစ္ဦးျဖစ္ ေၾကာင္းသိရွိရၿပီး ဖမ္းဆီးရမိခဲ့သည္။

တိမ္းေမွာက္သည့္ဆိုင္ကယ္ေပၚတြင္ စီးနင္းလိုက္ပါလာသူမ်ားမွာ မိုးေကာင္းၿမိဳ႕၊ လမ္းခြေက်းရြာေနသူမ်ား ျဖစ္သည့္ ဦးဂမ္ေရွာင္(ဘ) ဦးေနာ္ဂ်ာ၊ ဦးေခါင္လြမ္း(ဘ) ဦးဇယ္ေဟာင္ႏွင့္ မိုးေကာင္းၿမိဳ႕နယ္၊ နတ္ႀကီး ကုန္းရပ္ကြက္၊ ေပ်ာ္လင့္အုပ္စုေန ဦးက႐ိုင္ဆန္ေအာင္(ဘ) ဦးက႐ိုင္ဘရန္တို႔ျဖစ္ၾကသည္။

၎တို႔သံုးဦးအား တာဝန္ရွိသူမ်ားက မသကၤာသျဖင့္ စိစစ္ရွာေဖြရာ ၄င္းတို႔ထံမွ လက္ထိပ္တစ္ခုေတြ႕ရွိခဲ့ၿပီး ဆက္လက္ေမးျမန္းရာ ဦးဂမ္ေရွာင္ႏွင့္ ဦးေခါင္လြမ္းတို႔ႏွစ္ဦးက ဦးက႐ိုင္ဆန္ေအာင္အား ေမွာ္အတြင္းသုိ႔ အလုပ္သြားမည္ဟုေျပာကာေခၚဆိုခဲ့ျခင္းျဖစ္ၿပီး ၄င္းတို႔ႏွစ္ဦးသည္ မူးယစ္ေဆးဝါး ပိတ္ပင္တားဆီးေရးအဖြဲ႕ (တရားမဝင္အဖြဲ႕)မွ ျဖစ္ေၾကာင္းႏွင့္ KIA အဖြဲ႕ႏွင့္ ပတ္သက္ဆက္ႏႊယ္သူမ်ားျဖစ္ေၾကာင္း သိရွိရသျဖင့္ လိုအပ္သည့္ စုံစမ္းစစ္ေဆးမႈမ်ား ျပဳလုပ္ရန္အတြက္ သက္ဆိုင္ရာသုိ႔ အပ္ႏွံ၍ လုပ္ထုံးလုပ္နည္းႏွင့္အညီ ဆက္လက္ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သတင္းရရွိသည္။

#PeopleMedia

(Unicode)
မိုးကောင်းမြို့နယ်၌ KIA နှင့် ဆက်နွှယ်သူနှစ်ဦးကို ဖမ်းဆီးရမိ
……………………………………………………

နေပြည်တော်၊ ဒီဇင်ဘာ – ၁၈

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်အတွင်း ယခုလ ၁၅ ရက် နံနက်ပိုင်းကရွှေဘို-မြစ်ကြီးနား ကားလမ်းပေါ်၌ မိုးကောင်းမြို့မှ မြစ်ကြီးနားမြို့ဘက်သို့ မောင်းနှင်လာသော လိုင်စင်မဲ့ဆိုင်ကယ်တစ်စီး တိမ်းမှောက်နေကြောင်း သိရှိရသဖြင့် နယ်မြေခံတပ်မှ တာဝန်ရှိသူများက သွားရောက်၍ စိစစ်ရာKIA နှင့် ဆက်နွှယ်သူ နှစ်ဦးဖြစ် ကြောင်းသိရှိရပြီး ဖမ်းဆီးရမိခဲ့သည်။

တိမ်းမှောက်သည့်ဆိုင်ကယ်ပေါ်တွင် စီးနင်းလိုက်ပါလာသူများမှာ မိုးကောင်းမြို့၊ လမ်းခွကျေးရွာနေသူများ ဖြစ်သည့် ဦးဂမ်ရှောင်(ဘ) ဦးနော်ဂျာ၊ ဦးခေါင်လွမ်း(ဘ) ဦးဇယ်ဟောင်နှင့် မိုးကောင်းမြို့နယ်၊ နတ်ကြီး ကုန်းရပ်ကွက်၊ ပျော်လင့်အုပ်စုနေ ဦးကရိုင်ဆန်အောင်(ဘ) ဦးကရိုင်ဘရန်တို့ဖြစ်ကြသည်။

၎င်းတို့သုံးဦးအား တာဝန်ရှိသူများက မသင်္ကာသဖြင့် စိစစ်ရှာဖွေရာ ၄င်းတို့ထံမှ လက်ထိပ်တစ်ခုတွေ့ရှိခဲ့ပြီး ဆက်လက်မေးမြန်းရာ ဦးဂမ်ရှောင်နှင့် ဦးခေါင်လွမ်းတို့နှစ်ဦးက ဦးကရိုင်ဆန်အောင်အား မှော်အတွင်းသို့ အလုပ်သွားမည်ဟုပြောကာခေါ်ဆိုခဲ့ခြင်းဖြစ်ပြီး ၄င်းတို့နှစ်ဦးသည် မူးယစ်ဆေးဝါး ပိတ်ပင်တားဆီးရေးအဖွဲ့ (တရားမဝင်အဖွဲ့)မှ ဖြစ်ကြောင်းနှင့် KIA အဖွဲ့နှင့် ပတ်သက်ဆက်နွှယ်သူများဖြစ်ကြောင်း သိရှိရသဖြင့် လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန်အတွက် သက်ဆိုင်ရာသို့ အပ်နှံ၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

#PeopleMedia


Share this post