• Follow Us on

Home မိုးကောင်းမြို့နယ် ခလရ ၃၈၃ နှင့် ၃၈၄ တပ်ရင်းအနီး ပစ်ခတ်မှုများဖြစ်ပွား

မိုးကောင်းမြို့နယ် ခလရ ၃၈၃ နှင့် ၃၈၄ တပ်ရင်းအနီး ပစ်ခတ်မှုများဖြစ်ပွား

Share this post

မိုးကောင်း၊ ဒီဇင်ဘာ ၂၄ (People Media)

 

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ဆားမှော်ကျေးရွာအုပ်စု ပြွန်သုံးလုံးကျေးရွာနှင့် ကညှင်မြိုင်ကျေးရွာ အကြားရှိ ခလရ ၃၈၃ နှင့် ၃၈၄ တပ်ရင်းအနီး ယနေ့နံနက် ၃ နာရီခွဲအချိန်မှ စတင်ကာ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။

 

“မနက် သုံးနာရီခွဲလောက်ကတည်းက ပစ်ခတ်သံကြားနေတာ လက်နက်ကြီးသံတွေလည်း အတွဲလိုက် ဆက်တိုက်ကြားနေရတယ်၊ မနက်ငါးနာရီကျော် အချိန်မှာတော့ ပစ်ခတ်သံတွေမကြားရတော့ဘူး” ဟု ဒေသခံတစ်ဦးက ပြောပါတယ်။

 

အဆိုပါ ပစ်ခတ်မှုမှာ KIA/PDF အဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်မှုအပေါ် စစ်တပ်မှ ပြန်လည်ပစ်ခတ်ခြင်း ဖြစ်နိုင်ကြောင်း ဒေသခံအချို့က ပြောပါတယ်။

 

ထို့နောက် နံနက် ၅ နာရီအချိန်၌ ပစ်ခတ်သံများ မကြားရတော့ဘဲ ရဟတ်ယာဉ်သံများကြားရကြောင်း ဒေသ ခံများက ပြောပါတယ်။

 

ရန်ကျော်(EPN)

 

#PeopleMedia #EPN #မိုးကောင်း

 

(unicode)


………………………………………………………….

 


 


 


 


 


 


 



Share this post