• Follow Us on

Home မိုးေကာင္းၿမိဳ႕၌ အိမ္ငွါးက အိမ္ရွင္ကို ဓားျဖင့္ ခုတ္

မိုးေကာင္းၿမိဳ႕၌ အိမ္ငွါးက အိမ္ရွင္ကို ဓားျဖင့္ ခုတ္

Share this post

မိုးေကာင္း၊ ေအာက္တိုဘာလ ၂၄
ကခ်င္ျပည္နယ္ မိုးေကာင္းၿမိဳ႕ ကၽြန္းေတာရပ္ကြက္ အုပ္စု(၉)၊ကတ/၇၇၈တြင္ ေအာက္ တိုဘာလ (၂၄) ရက္ညေန(၃:၃၀)ခြဲအခ်ိန္ခန႔္က အိမ္ရွင္ႏွင့္ အိမ္ငွားစကားမ်ားရန္ျဖစ္ရာ အိမ္ရွင္ကို အိမ္ငွါးက ဓားျဖင့္ ခုတ္သတ္ ခဲ့ေၾကာင္း မိုးေကာင္းၿမိဳ႕မရဲစခန္းမွ သိရသည္။
အိမ္ရွင္ျဖစ္သူ ဦးစိုးစိုးဦးတြင္ လက္ထဲတြင္ ကိုင္းခုတ္ဓါးကိုင္ေဆာင္လၽွက္ ထိုးသြင္း/ခုတ္ ဒဏ္ရာမ်ားျဖင့္‌ ေသဆုံးေနေၾကာင္း ေတြ႕ရသျဖင့္ စုံစမ္းစစ္‌ေဆးရာ လြန္ခဲ့‌ေသာ(၃)ရက္ခန႔္ ကမွ လာေရာက္အိမ္ငွား ေနထိုင္သူ ေခါင္းႀကီး(ခ) ညီညီေအာင္ (၂၈)ႏွစ္သည္ အိမ္ရွင္ျဖစ္သူ ဦးစိုးစိုးဦးအသက္(၃၂)ႏွစ္ႏွင့္ စကားမ်ားရန္ျဖစ္ရာမွ ဓါးျဖင့္ထိုးခုတ္ရာ အိမ္ရွင္ျဖစ္သူမွာ ေနရာ၌ ပြဲျခင္းၿပီးေသဆုံးခဲ့ေၾကာင္း ရဲမွတ္တမ္းအရ သိရသည္။
ျဖစ္စဥ္ႏွင့္ ပတ္သက္၍ က်ဴးလြန္သူ ေခါင္းႀကီး (ခ) ညီညီေအာင္မွာ ထြက္ေျပးတိမ္းေရွာင္ေနသျဖင့္ မိုးေကာင္းၿမိဳ႕မရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္ ဒုရဲအုပ္ ခ်စ္ထူးေမာင္ဦးစီးအဖြဲ႕မွ ဖမ္းဆီးရမိေရး ေဆာင္ရြက္ ေနေၾကာင္း သိရသည္။
ခ်ိဳေမာင္
(unicode)
မိုးကောင်းမြို့၌ အိမ်ငှါးက အိမ်ရှင်ကို ဓားဖြင့် ခုတ်
…………………………..
မိုးကောင်း၊ အောက်တိုဘာလ ၂၄
ကချင်ပြည်နယ် မိုးကောင်းမြို့ ကျွန်းတောရပ်ကွက် အုပ်စု(၉)၊ကတ/၇၇၈တွင် အောက် တိုဘာလ (၂၄) ရက်ညနေ(၃:၃၀)ခွဲအချိန်ခန့်က အိမ်ရှင်နှင့် အိမ်ငှားစကားများရန်ဖြစ်ရာ အိမ်ရှင်ကို အိမ်ငှါးက ဓားဖြင့် ခုတ်သတ် ခဲ့ကြောင်း မိုးကောင်းမြို့မရဲစခန်းမှ သိရသည်။
အိမ်ရှင်ဖြစ်သူ ဦးစိုးစိုးဦးတွင် လက်ထဲတွင် ကိုင်းခုတ်ဓါးကိုင်ဆောင်လျှက် ထိုးသွင်း/ခုတ် ဒဏ်ရာများဖြင့်‌ သေဆုံးနေကြောင်း တွေ့ရသဖြင့် စုံစမ်းစစ်‌ဆေးရာ လွန်ခဲ့‌သော(၃)ရက်ခန့် ကမှ လာရောက်အိမ်ငှား နေထိုင်သူ ခေါင်းကြီး(ခ) ညီညီအောင် (၂၈)နှစ်သည် အိမ်ရှင်ဖြစ်သူ ဦးစိုးစိုးဦးအသက်(၃၂)နှစ်နှင့် စကားများရန်ဖြစ်ရာမှ ဓါးဖြင့်ထိုးခုတ်ရာ အိမ်ရှင်ဖြစ်သူမှာ နေရာ၌ ပွဲခြင်းပြီးသေဆုံးခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ ကျူးလွန်သူ ခေါင်းကြီး (ခ) ညီညီအောင်မှာ ထွက်ပြေးတိမ်းရှောင်နေသဖြင့် မိုးကောင်းမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ချစ်ထူးမောင်ဦးစီးအဖွဲ့မှ ဖမ်းဆီးရမိရေး ဆောင်ရွက် နေကြောင်း သိရသည်။
ချိုမောင်

Share this post