• Follow Us on

Home မိုးေကာင္းၿမိဳ႕ COVID-19 ေစာင့္ၾကည့္ေရး စင္တာ၌ မူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိ

မိုးေကာင္းၿမိဳ႕ COVID-19 ေစာင့္ၾကည့္ေရး စင္တာ၌ မူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိ

Share this post

မိုးေကာင္း၊ ဩဂုတ္ ၈

ကခ်င္ျပည္နယ္ မိုးေကာင္းၿမိဳ႕ COVID-19 ေစာင့္ၾကည့္ေရး စင္တာ၌ ယေန႕ နံနက္ပိုင္းက မူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း မိုးေကာင္းၿမိဳ႕မ ရဲစခန္းက သိရသည္။

မိုးေကာင္းၿမိဳ႕ ေနာင္ကိုင္ေတာ္ရပ္ ျပည္သူ႕အားကစားကြင္း၌ ဖြင့္လွစ္ထားသည့္ Facility Quarantine Centre တြင္ ထိုင္းနိုင္ငံျပန္လာ၍ ေစာင့္ၾကည့္ခံယူေနသူ တစ္ဦးထံသို႔ မူးယစ္ေဆးဝါးမ်ား လာေရာက္ပို႔ေဆာင္ေနေၾကာင္း သတင္းအရ ရဲတပ္ဖြဲ႕ က လာေရာက္ေစာင့္ၾကပ္ေနစဥ္ ယင္းကဲ့သို႔ ဖမ္းဆီးရမိခဲ့ျခင္း ျဖစ္သည္။

မိုးေကာင္းၿမိဳ႕မ ရဲစခန္းမွ ဒုရဲအုပ္ စိုးၫြန႔္ေအာင္ ဦးစီး နယ္ထိန္းတပ္ဖြဲ႕ဝင္မ်ားသည္ ပဆိုပါ စင္တာ၌ ေစာင့္ဆိုင္းေနစဥ္ ဩဂုတ္ (၈)ရက္ နံနက္ (၁၀) နာရီခြဲ အခ်ိန္ခန႔္တြင္ အစားအေသာက္ လာပို႔သူ ေဇာ္ဝင္းလတ္ ဆိုသူ ယူေဆာင္လာေသာ အစားအစာ ထုတ္မ်ားအား ရွာေဖြစစ္ေဆးရာ ငွက္ေပ်ာေၾကာ္ထုတ္အတြင္း ထည့္ထားသည့္ တစ္ေခ်ာင္းလွ်င္ ဘိန္းျဖဴဟု ယူဆရသည့္ ျဖဴ/ဝါမႈန႔္(၀.၀၀၁)ဂရမ္ခန႔္ (အပ္တပ္လွ်က္)ပလပ္စတစ္ ေဆးထိုးပိုက္ (၃)ေခ်ာင္းကို သက္ေသမ်ားေရွ႕တြင္ ရွာေဖြေတြ႕ရွိခဲ့ၿပီး ၄င္းသည္ ထိုင္းနိုင္ငံမွ ျပန္လာ၍ ကိုဗစ္ ၁၉ ေစာင့္ၾကည့္ေရး စင္တာဝင္ေရာက္ေနသူ မိုးေကာင္းၿမိဳ႕ ကြၽန္းေတာရပ္ေန ၿဖိဳးဇင္ဝင္းေမာင္ ထံသို႔ ပို႔ေဆာင္ျခင္း ျဖစ္​ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့သည္။

လက္ရွိတြင္ ၿဖိဳးဇင္ဝင္းေမာင္၊ (၂၃)ႏွစ္ႏွင့္ ေဇာ္ဝင္းလတ္၊ (၃၈) ႏွစ္ ကြၽန္းေတာရပ္ကြက္ မိုးေကာင္းၿမိဳ႕ ေနထိုင္သူတို႔ကို မိုးေကာင္းၿမိဳ႕မရဲစခန္းမွ မယ (ပ) ၄၇/၂၀၂၀ မူး/စိတ္ပုဒ္မ ၁၆(ဂ)/၂၁ျဖင့္ အမႈဖြင့္ အေရးယူထားေၾကာင္း သိရသည္။

ခ်ိဳေမာင္

[Unicode]
မိုးကောင်းမြို့ COVID-19 စောင့်ကြည့်ရေး စင်တာ၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
………………………………………………………………………..

မိုးကောင်း၊ ဩဂုတ် ၈

ကချင်ပြည်နယ် မိုးကောင်းမြို့ COVID-19 စောင့်ကြည့်ရေး စင်တာ၌ ယနေ့ နံနက်ပိုင်းက မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မိုးကောင်းမြို့မ ရဲစခန်းက သိရသည်။

မိုးကောင်းမြို့ နောင်ကိုင်တော်ရပ် ပြည်သူ့အားကစားကွင်း၌ ဖွင့်လှစ်ထားသည့် Facility Quarantine Centre တွင် ထိုင်းနိုင်ငံပြန်လာ၍ စောင့်ကြည့်ခံယူနေသူ တစ်ဦးထံသို့ မူးယစ်ဆေးဝါးများ လာရောက်ပို့ဆောင်နေကြောင်း သတင်းအရ ရဲတပ်ဖွဲ့ က လာရောက်စောင့်ကြပ်နေစဥ် ယင်းကဲ့သို့ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

မိုးကောင်းမြို့မ ရဲစခန်းမှ ဒုရဲအုပ် စိုးညွန့်အောင် ဦးစီး နယ်ထိန်းတပ်ဖွဲ့ဝင်များသည် ပဆိုပါ စင်တာ၌ စောင့်ဆိုင်းနေစဉ် ဩဂုတ် (၈)ရက် နံနက် (၁၀) နာရီခွဲ အချိန်ခန့်တွင် အစားအသောက် လာပို့သူ ဇော်ဝင်းလတ် ဆိုသူ ယူဆောင်လာသော အစားအစာ ထုတ်များအား ရှာဖွေစစ်ဆေးရာ ငှက်ပျောကြော်ထုတ်အတွင်း ထည့်ထားသည့် တစ်ချောင်းလျှင် ဘိန်းဖြူဟု ယူဆရသည့် ဖြူ/ဝါမှုန့်(၀.၀၀၁)ဂရမ်ခန့် (အပ်တပ်လျှက်)ပလပ်စတစ် ဆေးထိုးပိုက် (၃)ချောင်းကို သက်သေများရှေ့တွင် ရှာဖွေတွေ့ရှိခဲ့ပြီး ၄င်းသည် ထိုင်းနိုင်ငံမှ ပြန်လာ၍ ကိုဗစ် ၁၉ စောင့်ကြည့်ရေး စင်တာဝင်ရောက်နေသူ မိုးကောင်းမြို့ ကျွန်းတောရပ်နေ ဖြိုးဇင်ဝင်းမောင် ထံသို့ ပို့ဆောင်ခြင်း ဖြစ်​ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

လက်ရှိတွင် ဖြိုးဇင်ဝင်းမောင်၊ (၂၃)နှစ်နှင့် ဇော်ဝင်းလတ်၊ (၃၈) နှစ် ကျွန်းတောရပ်ကွက် မိုးကောင်းမြို့ နေထိုင်သူတို့ကို မိုးကောင်းမြို့မရဲစခန်းမှ မယ (ပ) ၄၇/၂၀၂၀ မူး/စိတ်ပုဒ်မ ၁၆(ဂ)/၂၁ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ချိုမောင်


Share this post