• Follow Us on

Home မိုးေကာင္း ကိုဗစ္လူနာ Case No – 4513​ ေဆး႐ုံမွ ဆင္းခြင့္ရၿပီ

မိုးေကာင္း ကိုဗစ္လူနာ Case No – 4513​ ေဆး႐ုံမွ ဆင္းခြင့္ရၿပီ

Share this post

မိုးေကာင္း၊ စက္တင္ဘာ ၂၆
မိုးေကာင္းၿမိဳ႕နယ္ ေနာင္းပုံေက်းရြာမွ ကိုဗစ္ပိုးေတြ႕လူနာ Case No-4513​ သည္ ေရာဂါ သက္သာေပ်ာက္ကင္းၿပီ ျဖစ္သျဖင့္ ေဆး႐ုံ မွဆင္းခြင့္ ျပဳလိုက္ၿပီေၾကာင္း သိရသည္။
ကခ်င္ျပည္နယ္ မိုးေကာင္းၿမိဳ႕နယ္ လြယ္လီယံ ေက်းရြာအုပ္စု ေနာင္းပုံေက်းရြာေန မ____(၂၀)ႏွစ္သည္ ရန္ကုန္ၿမိဳ႕မွ ျပန္လာၿပီး စက္တင္ ဘာလ (၁၂) ရက္ေန႔တြင္ အနံမရသည္မွာ (၃)ရက္ခန႔္ ရွိေနသျဖင့္ မိုးေကာင္းၿမိဳ႕ ျပည္သူ႔ေဆး႐ုံသို႔ လာေရာက္ ေဆးကုသမႈခံယူရာမွ ေရာဂါပိုး ေတြ႕ရွိသျဖင့္ မိုးေကာင္းၿမိဳ႕ ျပည္သူ႔ေဆး႐ုံ Isolation Room ၌ သီးသန႔္ထားရွိ ဆက္လက္ကုသရာမွ ေရာဂါ သက္သာေပ်ာက္ကင္းၿပီ ျဖစ္သျဖင့္ စက္တင္ဘာ (၂၆)ရက္ညေန (၄) နာရီ အခ်ိန္တြင္ ေဆး႐ုံ မွဆင္းခြင့္ျပဳလိုက္ၿပီး အမွတ္ (၁) အေျခခံ ပညာ အထက္တန္းေက်ာင္း Quarantine စင္တာရွိ Q ဝင္ေရာက္ေနေသာ ၎၏ မိသားစုဝင္ (၅)ဦးထံ ပို႔ေဆာင္ထားရွိကာ သီးသန႔္ေဆာင္တြင္ ထားရွိမည္ ျဖစ္သည္။
“ဒီလူနာအတြက္ အသက္အႏၲရာယ္လဲမရွိေတာ့ဘူး၊ Pေတြ႕ၿပီး (၁၁)ရက္ၾကာရင္သူ႔ထံကေနလဲအျခားသူကို မကူးစက္နိုင္ေတာ့ဘူးလို႔ MOHS မွာလဲ ထုတ္ျပန္ထားပါတယ္။ က်ေနာ္တို႔က အဲ့ဒီႏွစ္ခ်က္နဲ႔ေဆး႐ုံက ဆင္းခြင့္ျပဳၿပီး သူ႔မိဘေတြ Qဝင္ေနတဲ့ ထ(၁)စင္တာမွာသီးသန႔္ခန္းနဲ႔ (၇)ရက္ အသြား အလာ ကန႔္သတ္ထားၿပီး မိဘေတြနဲ႔အတူ အိမ္ျပန္ေစမွာပါ”ဟုေဆး႐ုံအုပ္ႀကီး ေဒါက္တာေကာင္းျမတ္စံမွ ဆိုသည္။
လက္ရွိအခ်ိန္တြင္ မိုးေကာင္းၿမိဳ႕ COVID 19 လူနာ ႏွစ္ဦးရွိရာ ေလးမိုင္ေက်းရြာမွ COVID 19 ပိုးေတြ႕လူနာ Case No-7234မွာ မိုးေကာင္းျပည္သူ႔ေဆး႐ုံတြင္ ေဆးကုသမႈခံယူေနၿပီး က်န္းမာေရးေကာင္းမြန္ေၾကာင္း သိရသည္။
ကခ်င္ျပည္နယ္ အတြင္း ကိုဗစ္ ၁၉ ေရာဂါပိုးေတြ႕ရွိသူ (၁၅) ဦး အထိရွိခဲ့ၿပီး ကုမႈခံယူေနသူ (၈) ဦးသာ က်န္ရွိေၾကာင္း ကခ်င္ျပည္နယ္ ျပည္သူ႔ က်န္းမာေရး ဦးစီးဌာန၏ စက္တင္ဘာလ (၂၅) ရက္ေန႔ ထုတ္ျပန္ခ်က္အရ သိရသည္။
ခ်ိဳေမာင္
#PeopleMedia #EPN #မိုးေကာင္း

(unicode)

မိုးကောင်း ကိုဗစ်လူနာ Case No – 4513​ ဆေးရုံမှ ဆင်းခွင့်ရပြီ
မိုးကောင်း၊ စက်တင်ဘာ ၂၆
မိုးကောင်းမြို့နယ် နောင်းပုံကျေးရွာမှ ကိုဗစ်ပိုးတွေ့လူနာ Case No-4513​ သည် ရောဂါ သက်သာပျောက်ကင်းပြီ ဖြစ်သဖြင့် ဆေးရုံ မှဆင်းခွင့် ပြုလိုက်ပြီကြောင်း သိရသည်။
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် လွယ်လီယံ ကျေးရွာအုပ်စု နောင်းပုံကျေးရွာနေ မ____(၂၀)နှစ်သည် ရန်ကုန်မြို့မှ ပြန်လာပြီး စက်တင် ဘာလ (၁၂) ရက်နေ့တွင် အနံမရသည်မှာ (၃)ရက်ခန့် ရှိနေသဖြင့် မိုးကောင်းမြို့ ပြည်သူ့ဆေးရုံသို့ လာရောက် ဆေးကုသမှုခံယူရာမှ ရောဂါပိုး တွေ့ရှိသဖြင့် မိုးကောင်းမြို့ ပြည်သူ့ဆေးရုံ Isolation Room ၌ သီးသန့်ထားရှိ ဆက်လက်ကုသရာမှ ရောဂါ သက်သာပျောက်ကင်းပြီ ဖြစ်သဖြင့် စက်တင်ဘာ (၂၆)ရက်ညနေ (၄) နာရီ အချိန်တွင် ဆေးရုံ မှဆင်းခွင့်ပြုလိုက်ပြီး အမှတ် (၁) အခြေခံ ပညာ အထက်တန်းကျောင်း Quarantine စင်တာရှိ Q ဝင်ရောက်နေသော ၎င်း၏ မိသားစုဝင် (၅)ဦးထံ ပို့ဆောင်ထားရှိကာ သီးသန့်ဆောင်တွင် ထားရှိမည် ဖြစ်သည်။
“ဒီလူနာအတွက် အသက်အန္တရာယ်လဲမရှိတော့ဘူး၊ Pတွေ့ပြီး (၁၁)ရက်ကြာရင်သူ့ထံကနေလဲအခြားသူကို မကူးစက်နိုင်တော့ဘူးလို့ MOHS မှာလဲ ထုတ်ပြန်ထားပါတယ်။ ကျနော်တို့က အဲ့ဒီနှစ်ချက်နဲ့ဆေးရုံက ဆင်းခွင့်ပြုပြီး သူ့မိဘတွေ Qဝင်နေတဲ့ ထ(၁)စင်တာမှာသီးသန့်ခန်းနဲ့ (၇)ရက် အသွား အလာ ကန့်သတ်ထားပြီး မိဘတွေနဲ့အတူ အိမ်ပြန်စေမှာပါ”ဟုဆေးရုံအုပ်ကြီး ဒေါက်တာကောင်းမြတ်စံမှ ဆိုသည်။
လက်ရှိအချိန်တွင် မိုးကောင်းမြို့ COVID 19 လူနာ နှစ်ဦးရှိရာ လေးမိုင်ကျေးရွာမှ COVID 19 ပိုးတွေ့လူနာ Case No-7234မှာ မိုးကောင်းပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေပြီး ကျန်းမာရေးကောင်းမွန်ကြောင်း သိရသည်။
ကချင်ပြည်နယ် အတွင်း ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိသူ (၁၅) ဦး အထိရှိခဲ့ပြီး ကုမှုခံယူနေသူ (၈) ဦးသာ ကျန်ရှိကြောင်း ကချင်ပြည်နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၏ စက်တင်ဘာလ (၂၅) ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။
ချိုမောင်

Share this post