• Follow Us on

Home မိုးမောက်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့နှစ်ဦးကို PDF အဖွဲ့မှ သေနတ်ဖြင့် လုပ်ကြံ သတ်ဖြတ်သော်လည်း မြို့နယ်အုပ်ချုပ်ရေးမှူးသည် မစိုးရိမ်ရဒဏ်ရာသာ ရရှိခဲ့၊ သေဆုံးသည်ဆိုသည်မှာ မှန်ကန်မှုမရှိ

မိုးမောက်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့နှစ်ဦးကို PDF အဖွဲ့မှ သေနတ်ဖြင့် လုပ်ကြံ သတ်ဖြတ်သော်လည်း မြို့နယ်အုပ်ချုပ်ရေးမှူးသည် မစိုးရိမ်ရဒဏ်ရာသာ ရရှိခဲ့၊ သေဆုံးသည်ဆိုသည်မှာ မှန်ကန်မှုမရှိ

Share this post

No description available.

No description available.

 

မိုးမောက်၊ ဩဂုတ် ၂ (People Media)

 

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့၌ ယမန်နေ့ ဩဂုတ်လ ၁ ရက်နေ့ ည ၉ နာရီအခွဲအချိန်ခန့်က မိုးမောက်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့နှစ်ဦးကို PDF အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ် လုပ်ကြံခဲ့သော်လည်း မြို့နယ်အုပ်ချုပ်ရေးမှူးသည် မစိုးရိမ်ရဒဏ်ရာသာ ရရှိခဲ့ပြီး ၎င်းသေဆုံးသည်ဆိုသည်မှာ မှန်ကန်မှုမရှိကြောင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

ဖြစ်စဉ်မှာ မိုးမောက်မြို့၊ ခါနန်ရပ်ကွက်ရှိ ဝန်ထမ်းအိမ်ရာသို့ ယမန်နေ့ည ၉ နာရီခွဲအချိန်ခန့်က ဌာနပိုင် မော်တော်ယာဉ်ဖြင့် ပြန်လာခဲ့သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေနှင့်  ကြေးနန်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဆွမ်လွတ်ခါးလာတို့ (၂) ဦးအား မိုးမောက်မြို့၊ ခါနန်ရပ်ကွက်၊ ရုံးကုန်း လမ်း၊ ဗန်းမော်-မြစ်ကြီးနားသွားကားလမ်း ရုံးကုန်းလမ်းအဝင်လမ်းထိပ်၌ အမည်မသိလက်နက်ကိုင်အဖွဲ့မှ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ မြို့အုပ်ချုပ်ရေးမှူးတွင် ဝဲလက်မောင်းသေနတ်ဒဏ်ရာ (၁)ချက်၊ ဝဲလက်ပြင် သေနတ်ဒဏ်ရာ (၁)ချက်တို့ရရှိကာ (မစိုးရိမ်ရ)နှင့် ကြေးနန်းရပ်ကွက်နေ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွင် ဝဲပေါင်၌ သေနတ်ဒဏ်ရာ (၁) ချက်၊ ယာပေါင်တွင်သေနတ်ဒဏ်ရာ (၁) ချက်နှင့် ယာလက်မောင်းတို့၌ သေနတ်ဒဏ်ရာ (၁) ချက် (စိုးရိမ်ရ) ဒဏ်ရာများရရှိပြီး  ဗန်းမော်ဆေးရုံး(၁၁)သို့ ညတွင်းချင်းပို့ဆောင်ခဲ့ရကြောင်း သိရသည်။

 

ယခုလက်ရှိတွင် ၂ ဦးလုံးမှာ မစိုးရိမ်ရကြောင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

“၂ ယောက်လုံး အခြေအနေကောင်းပါတယ်။ လူနာစောင့်ဖို့ နှာခေါင်းထိုးရမယ်ဆိုလို့ ကျန်းမာရေးအဖွဲ့ကို RTD နဲ့ လွတ်လိုက်တယ်”လို့ တာဝန်ရှိသူတစ်ဦးကပြောသည်။

 

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး မြို့နယ်ရဲစခန်းမှ ဩဂုတ် (၂) ရက်နေ့ နံနက် ၈ နာရီအချိန်၌ အခင်းဖြစ်ပွားရာ နေရာသို့ သွားရောက်ရှင်းလင်းစစ်ဆေးရာ မော်တော်ယာဉ်သည် ဗန်းမော်-မြစ်ကြီးနားသွားကားလမ်းပေါ်တွင် ရုံးကုန်းလမ်းဘက်သို့မျက်နှာမူလျှက်တွေ့ရှိရပြီး အဆိုပါကားအား စစ်ဆေးရာ ကားတွင် ကျည်ထိမှန်ချက် စုစုပေါင်း (၁၈) ချက်ရှိပြီး ယင်းကားအား ပစ်ခတ်ခဲ့သည့် ကျည်ခွန်များအား လိုက်လံရှာဖွေခဲ့ရာ ကားနှင့် ပေ(၃၀) ခန့်အကွာ ဗန်းမော်-မြစ်ကြီးနားကားလမ်းဘေး ရုံးကုန်းလမ်းဆုံထိပ် ကုန်စုံဆိုင်ရှေ့တွင် 22 ကျည်ခွံဟု ယူဆရသော ကျည်(၂၃)တောင့်နှင့်  မော်တော်ယာဉ်နှင့် ပေ (၆၀) ခန့်အကွာ ထမင်းဆိုင်ရှေ့၌ ကျည်ခွံ (၆) တောင့် စုစုပေါင်းကျည်ခွံ (၂၉) တောင့် ရှာဖွေတွေ့ရှိခဲ့ကြောင်းသိရသည်။

 

မိုးမောက်မြို့တွင် ပြီးခဲ့သည့် ဇွန်လကလည်း စာသင်ကျောင်းအား မိုင်းခွဲဖျက်ဆီးခြင်းနှင့် ယခုကဲ့သို့ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်းအမှုတို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

မြတ်မင်း(EPN)

 

#PeopleMedia #EPN #ကချင်ပြည်နယ် #ဗန်းမော်ခရိုင် #မိုးမောက်မြို့

 

(unicode)


………………………………………………………………………

 


 


 


 


 


 


 


 


 



Share this post