• Follow Us on
Latest News

Home မိုးေႏွာင္းကာလ စက္တင္ဘာလအတြင္း ေလဖိအားနည္းရပ္၀န္း သုံးႀကိမ္ျဖစ္ကာတစ္ႀကိမ္တြင္မုန္တိုင္း ငယ္အျဖစ္ေရာက္ရွိႏိုင္

မိုးေႏွာင္းကာလ စက္တင္ဘာလအတြင္း ေလဖိအားနည္းရပ္၀န္း သုံးႀကိမ္ျဖစ္ကာတစ္ႀကိမ္တြင္မုန္တိုင္း ငယ္အျဖစ္ေရာက္ရွိႏိုင္

Share this post

ရန္ကုန္၊ ၾသဂုတ္ ၁၁

မိုးေႏွာင္းကာလ စက္တင္ဘာလအတြင္း ေလဖိအားနည္းရပ္၀န္း သုံးႀကိမ္ျဖစ္ကာ တစ္ႀကိမ္တြင္ မုန္တိုင္း ငယ္အျဖစ္ေရာက္ရွိႏိုင္ေၾကာင္းမိုးေလ၀သႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနမွ ၫႊန္ၾကားေရးမွဴးခ်ဳ ပ္ ေဒါက္တာေက်ာ္မိုးဦးကေျပာသည္။

မိုးေလ၀သအေျခအေနႏွင့္ပတ္သက္၍ ျသဂုတ္လ ၁၁ရက္ ၌ people media ကဆက္သြယ္ေမးျမန္းရာတြင္ မိုးေလ၀သႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနမွ ၫႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာေက်ာ္မိုးဦးကေျပာၾကားခဲ့သည္။

“ျသဂုတ္လ ၊စက္တင္ဘာလ၊ ေအာက္တိုဘာလ သုံးလကိုျပန္ၾကည့္လိုက္တဲ့အခါမွာဆိုလို႔ရွိရင္ ကပၸလီပင္လ ယ္ျပင္နဲ႔ ဘဂၤလားပင္လယ္ေအာ္မွာ ပင္လယ္ေရမ်က္ႏွာျပင္အပူခ်ိန္ဟာ ပုံမွန္ထက္ကိုပိုၿပီးေတာ့မ်ားေနတဲ့ အေနအထားမ်ိဳးေတြေတြ႕ရပါတယ္။ ေလဖိအားကိုၾကည့္လိုက္တဲ့အခါမွာလည္း ေလထုဖိအားပုံမွန္ထက္ကို ေလ်ာ့နည္းေနတာရွိေတာ့ မိုးေႏွာင္းကာလေတြနဲ႔မိုးလြန္ကာလေတြမွာ ေလဖိအားနည္းရပ္၀န္းနဲ႔ မုန္တိုင္း ေတြပိုျဖစ္လာႏိုင္တာကိုေတြ႕ရပါတယ္။ မိုးေႏွာင္းကာလ စက္တင္ဘာလမွာဆိုရင္ ေလဖိအားနည္းရပ္၀န္း ၃ႀကိမ္ျဖစ္ေပၚႏိုင္ၿပီးေတာ့တစ္ႀကိမ္မွာပိုမိုအားေကာင္းလာၿပီးေတာ့ မုန္တိုင္းငယ္အျဖစ္ကိုေရာက္ရွိႏိုင္တဲ့ အေနအထားမ်ိဳးရွိပါတယ္’’ဟု ၎ကေျပာသည္။

မိုးေႏွာင္းကာလအတြင္းျဖစ္ေပၚသည္ ေလဖိအားနည္းရပ္၀န္းႏွင့္မုန္တိုင္းမ်ားသည္ ႏွစ္တစ္ရာအတြင္း အိႏၵိယႏိုင္ငံဘက္အျခမ္းသို႔သာ ေရာက္ရွိသြားတတ္ေၾကာင္း မိုးေလ၀သႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦး စီးဌာနကသိရသည္။

ဇူလိုင္လအတြင္း မိုးေရခ်ိန္မ်ားမည္ဟုခန္႔မွန္းခဲ့ေသာ္လည္း မုန္သုန္ေလတစ္လလုံးနီးပါးအား မေကာင္းေသာေၾကာင့္မိုးရြာသြန္းမႈေလ်ာ့က်ခဲ့ကာ ခ်င္းျပည္နယ္၊မေကြးတိုင္းေဒသႀကီး တို႔တြင္ အပူခ်ိန္မ်ားတိုးခဲ့ေၾကာင္း သိရသည္။

#PeopleMedia #မိုးဇလ

(unicode)
မိုးနှောင်းကာလ စက်တင်ဘာလအတွင်း လေဖိအားနည်းရပ်ဝန်း သုံးကြိမ်ဖြစ်ကာတစ်ကြိမ်တွင်မုန်တိုင်း ငယ်အဖြစ်ရောက်ရှိနိုင်
…………………………………………………

ရန်ကုန်၊ ဩဂုတ် ၁၁

မိုးနှောင်းကာလ စက်တင်ဘာလအတွင်း လေဖိအားနည်းရပ်ဝန်း သုံးကြိမ်ဖြစ်ကာ တစ်ကြိမ်တွင် မုန်တိုင်း ငယ်အဖြစ်ရောက်ရှိနိုင်ကြောင်းမိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချု ပ် ဒေါက်တာကျော်မိုးဦးကပြောသည်။

မိုးလေဝသအခြေအနေနှင့်ပတ်သက်၍ သြဂုတ်လ ၁၁ရက် ၌ people media ကဆက်သွယ်မေးမြန်းရာတွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးကပြောကြားခဲ့သည်။

“သြဂုတ်လ ၊စက်တင်ဘာလ၊ အောက်တိုဘာလ သုံးလကိုပြန်ကြည့်လိုက်တဲ့အခါမှာဆိုလို့ရှိရင် ကပ္ပလီပင်လ ယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်မှာ ပင်လယ်ရေမျက်နှာပြင်အပူချိန်ဟာ ပုံမှန်ထက်ကိုပိုပြီးတော့များနေတဲ့ အနေအထားမျိုးတွေတွေ့ရပါတယ်။ လေဖိအားကိုကြည့်လိုက်တဲ့အခါမှာလည်း လေထုဖိအားပုံမှန်ထက်ကို လျော့နည်းနေတာရှိတော့ မိုးနှောင်းကာလတွေနဲ့မိုးလွန်ကာလတွေမှာ လေဖိအားနည်းရပ်ဝန်းနဲ့ မုန်တိုင်း တွေပိုဖြစ်လာနိုင်တာကိုတွေ့ရပါတယ်။ မိုးနှောင်းကာလ စက်တင်ဘာလမှာဆိုရင် လေဖိအားနည်းရပ်ဝန်း ၃ကြိမ်ဖြစ်ပေါ်နိုင်ပြီးတော့တစ်ကြိမ်မှာပိုမိုအားကောင်းလာပြီးတော့ မုန်တိုင်းငယ်အဖြစ်ကိုရောက်ရှိနိုင်တဲ့ အနေအထားမျိုးရှိပါတယ်’’ဟု ၎င်းကပြောသည်။

မိုးနှောင်းကာလအတွင်းဖြစ်ပေါ်သည် လေဖိအားနည်းရပ်ဝန်းနှင့်မုန်တိုင်းများသည် နှစ်တစ်ရာအတွင်း အိန္ဒိယနိုင်ငံဘက်အခြမ်းသို့သာ ရောက်ရှိသွားတတ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦး စီးဌာနကသိရသည်။

ဇူလိုင်လအတွင်း မိုးရေချိန်များမည်ဟုခန့်မှန်းခဲ့သော်လည်း မုန်သုန်လေတစ်လလုံးနီးပါးအား မကောင်းသောကြောင့်မိုးရွာသွန်းမှုလျော့ကျခဲ့ကာ ချင်းပြည်နယ်၊မကွေးတိုင်းဒေသကြီး တို့တွင် အပူချိန်များတိုးခဲ့ကြောင်း သိရသည်။

#PeopleMedia #မိုးဇလ


Share this post