• Follow Us on
Latest News

Home မီဇိုရမ်ပြည်နယ်အစိုးရက မြန်မာဒုက္ခသည် ၁၆၀၀၀ ခန့်အား မှတ်ပုံတင်ကတ်များ ထုတ်ပေးမည်

မီဇိုရမ်ပြည်နယ်အစိုးရက မြန်မာဒုက္ခသည် ၁၆၀၀၀ ခန့်အား မှတ်ပုံတင်ကတ်များ ထုတ်ပေးမည်

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၃၁ (People Media)

 

မြန်မာနိုင်ငံတွင် လွန်ခဲ့သည့်နှစ် ဖေဖော်ဝါရီလ စစ်တပ်ကအာဏာသိမ်းလိုက်ပြီးသည့်အချိန်မှစ၍ အိန္ဒိယနိုင်ငံ တွင်းဝင်ရောက်ခိုလှုံခဲ့သော မြန်မာနိုင်ငံမှဒုက္ခသည်များအတွက် မှတ်ပုံတင်ကတ်များထုတ်ပေး သွားမည်ဖြစ်  သည်ဟု မီဇိုရမ်ပြည်နယ်အစိုးရက ပြောကြားလိုက်ကြောင်း The Times of India သတင်းစာတွင် ဇန်နဝါရီလ ၃၀ ရက်နေ့က ရေးသားဖော်ပြခဲ့သည်။

 

အစိုးရအနေဖြင့် မြန်မာဒုက္ခသည် ၁၆၀၀၀ အတွက် မှတ်ပုံတင်ကတ်များစတင်ထုတ်ဝေပေးနေပြီဖြစ်သော် လည်း ကိုရိုနာဗိုင်းရပ်စ်အရေးကြောင့် နှောင့်နှေးကြန့်ကြာနေခြင်းဖြစ်ကြောင်း မီဇိုရမ်ပြည်နယ် ပြည်ထဲရေးဝန် ကြီး Vanlalngaihsaka က The Times of India သတင်းစာကို ပြောသည်။

 

မီဇိုရမ်ပြည်နယ်သည် မြန်မာနိုင်ငံနယ်စပ်နှင့် ကီလိုမီတာ ၅၁၀ နယ်နိမိတ်ချင်းထိစပ်နေသော ဒေသဖြစ်သည်။

 

မြန်မာဒုက္ခသည် ၈၄၀၀ ကျော် အိန္ဒိယနိုင်ငံတွင်းသို့ဝင်ရောက်လာကြောင်း လွန်ခဲ့သည့် သြဂုတ်လအတွင်းက ပြည်ထောင်စုအစိုးရက အထက်လွှတ်တော် (Rajya Sabha) သို့ တင်ပြခဲ့ပြီး ယင်းအရေအတွက်အနက် ဒုက္ခ  သည် ၅၇၉၆ ဦးကို မူရင်းတိုင်းပြည်သို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း သိရသည်။

 

သို့သော် မြန်မာဒုက္ခသည်စာရင်းမှာ တိုးလာကြောင်း မီဇိုရိမ်အာဏာပိုင်များကတွေ့ရှိထားသည်။ ဇွန်လအတွင်း မြန်မာဒုက္ခသည် ၉၂၄၇ ဦး မီဇိုရမ်ပြည်နယ်အတွင်း ခိုလှုံနေကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ကပြောသည်။ ယင်းဒုက္ခ သည်များတွင် မြန်မာနိုင်ငံမှ လွှတ်တော်အမတ် ၂၀ ကျော်ပါဝင်ကြောင်း ရဲအရာရှိတစ်ဦးက ဇွန်လကပြောသည်။

 

ဒုက္ခသည်များမှာ ဒုက္ခသည်စခန်းအသီးသီးတွင် ပျံ့နှံ့လျက်ရှိပြီး ယင်းဒုက္ခသည်များအနက် အများအပြားမှာ ၎င်း တို့ဆွေမျိုသားချင်းများထံတွင် နေထိုင်လျက်ရှိသောကြောင့် မှတ်ပုံတင်ကတ်များထုတ်ပေးရေးမှာ စိန်ခေါ်မှုတစ် ရပ်ဖြစ်နေကြောင်း အမည်မဖော်လိုသည့်အစိုးရအရာရှိတစ်ဦးက The Economic Times စာစောင်ကို ဇန်နဝါရီ လ ၂၉ ရက်နေ့က ပြောသည်။

 

မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလအတွင်းက ကျင်းပခဲ့သောရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်း စုကြည်ဦးဆောင်သည့် NLD ပါတီ တောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့ပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် နေ့တွင် မြန်မာစစ်တပ်ကအာဏာသိမ်းခဲ့သည်။

 

Ref: Mizoram to give identity cards to nearly 16,000 Myanmar refugees, say reports

 

#PeopleMedia

 

(unicode)


……………………………………………………………

 


 


 


 


 


 


 


 


 

Ref: Mizoram to give identity cards to nearly 16,000 Myanmar refugees, say reports

 

#PeopleMedia


Share this post