• Follow Us on

Home မီးဝစခန္းအား ရက္ေပါင္း ၄၀ ေက်ာ္ၾကာ ဝိုင္းပတ္ပိတ္ဆို႔ထားသည့္ AA အဖြဲ႕ကို တပ္မေ တာ္မွ ရွင္းလင္းနိုင္၊ AAအဖြဲ႕ဖမ္းဆီးထားသည့္ တပ္မေတာ္အရာရွိ/စစ္သည္(၁၃)ဦးကို ကယ္ထုတ္၊ က်န္ရွိ တပ္မေတာ္သားမ်ားကို ဆက္လက္ရွာေဖြ ကယ္ထုတ္မည္ဟုဆို

မီးဝစခန္းအား ရက္ေပါင္း ၄၀ ေက်ာ္ၾကာ ဝိုင္းပတ္ပိတ္ဆို႔ထားသည့္ AA အဖြဲ႕ကို တပ္မေ တာ္မွ ရွင္းလင္းနိုင္၊ AAအဖြဲ႕ဖမ္းဆီးထားသည့္ တပ္မေတာ္အရာရွိ/စစ္သည္(၁၃)ဦးကို ကယ္ထုတ္၊ က်န္ရွိ တပ္မေတာ္သားမ်ားကို ဆက္လက္ရွာေဖြ ကယ္ထုတ္မည္ဟုဆို

Share this post

ရန္ကုန္၊ မတ္ – ၂၀

ပလက္၀-ေက်ာက္ေတာ္ လမ္းေၾကာင္းႏွင့္ မီးစာ-မတူပီလမ္းေၾကာင္းဆုံရာ ေနရာတြင္ တည္ရွိၿပီး ေဒသအတြင္းအခ်က္အျခာက်သည့္ တပ္မေတာ္၏ မီးဝစခန္းအား အင္အားအလုံးအရင္းျဖင့္ေဖေဖာ္ဝါရီလ၅ရက္မွစ၍AAအဖြဲ႕သည္၎တို႔၏အမာခံ႐ြာသူ၊႐ြာသားမ်ားအပါအဝင္အတင္းအဓမၼ လူသစ္စုစည္းခဲ့သည့္ အင္အားမ်ားကိုပါစုစည္း၍ သာလြန္အင္အားျဖင့္ အႀကိမ္ႀကိမ္ဝိုင္းပတ္ တိုက္ခိုက္ျခင္း၊ ေရ/ရိကၡာ ျဖတ္ေတာက္ျခင္းမ်ား ေဆာင္႐ြက္ခဲ့သည္။

AA အဖြဲ႕သည္ ၎တို႔၏ အမာခံ မ်ားက မီးဝစခန္းအား ေရ/ ရိကၡာ/ ခဲယမ္းမ်ား၊ စစ္ကူမ်ား မလာနိုင္ေအာင္ စခန္းပတ္လည္၌ က်င္းမ်ားတူး၍ထိန္းခ်ဳပ္ျခင္း၊ အစာေရစာ ျပတ္ေတာက္ေအာင္ လမ္းေၾကာင္းမ်ားအား မိုင္းေထာင္ပိတ္ဆို႔ျခင္းမ်ား ေဆာင္႐ြက္ထားသည့္အတြက္ ၎င္းေဒသရွိမိမိစစ္ေၾကာင္းမ်ားထံသို႔ေလေၾကာင္းျဖင့္ရိကၡာပို႔ေဆာင္မႈအားတိုက္ခိုက္ေရးရဟတ္ယာဥ္မ်ား၊ တိုက္ခိုက္ေရး ေလယာဥ္မ်ား အေစာင့္လိုက္ပါ၍ ေဆာင္႐ြက္ခဲ့ရသည္။ ထိုသို႔ ေလေၾကာင္းအရန္ ပစ္ကူတိုက္ခိုက္ေရးရဟတ္ယာဥ္မ်ားလိုက္ပါ၍ လုံၿခဳံေရးေဆာင္႐ြက္ေနသည့္ၾကားမွပင္ အၾကမ္းဖက္ေသာင္းက်န္းသူ မ်ားက ေလယာဥ္ပစ္လက္နက္မ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္သည့္အတြက္ မိမိရဟတ္ယာဥ္မ်ား ၁၀ ႀကိမ္ခန႔္ က်ည္ ထိမွန္ခဲ့ေၾကာင္း တပ္မေတာ္ကဆိုသည္။

၎ကဲ့သို႔ ပိတ္ဆို႔ခံေနရသည့္ မီးဝစခန္းသို႔ အျမန္ဆုံးစစ္ကူ ေရာက္ရွိနိုင္ေရးအတြက္ စစ္ကူလႈပ္ရွား စစ္ေၾကာင္းတစ္ခုအား ရဟတ္ယာဥ္ လုံၿခဳံေရးမရွိေသာ္လည္း အလစ္အငိုက္ရယူ၍ စခန္းႏွင့္အနီးဆုံး ရဟတ္ယာဥ္ဆင္းသက္နိုင္သည့္ မီတာ ၃၀၀၀ ခန႔္အကြာရွိ ေနရာမ်ားသို႔ ရဟတ္ယာဥ္မ်ားျဖင့္ ဆင္းသက္စစ္ကူေပးနိုင္ေရး ေဆာင္႐ြက္ ျခင္းအား မတ္လ ၄ ရက္တြင္ ေဆာင္႐ြက္ခဲ့သည္။ စစ္ကူစစ္ေၾကာင္း အေနျဖင့္ စစ္ကူအခ်ိန္မီေပးနိုင္ေရးအတြက္ စစ္ဗ်ဴဟာအေရးႀကီး ေနရာမ်ားသို႔ အဆင့္ဆင့္ ေျခကုပ္ယူ ခ်ီတက္ခဲ့ရာ မတ္လ ၅ ရက္မွ ၁၀ ရက္ေန႕အထိ တိုက္ပြဲမ်ားျပင္းထန္စြာ ျဖစ္ပြားခဲ့သည္။

စစ္ကူစစ္ေၾကာင္းမ်ားသည္ ေျမအေနအထားအရ ေကာင္းမြန္မႈ မရွိျခင္းႏွင့္ အၾကမ္းဖက္ေသာင္းက်န္းသူမ်ား၏ ဝိုင္းပတ္ပိတ္ဆို႔ တိုက္ခိုက္မႈမ်ားခံေနရသျဖင့္ အထက္ဌာနမွ စစ္ကူစစ္ေၾကာင္းအား ေျမအေန အထားေကာင္းမြန္ အသာစီးရမည့္ေနရာသို႔ ေျပာင္းေ႐ႊ႕ေစခဲ့ရာ စစ္ကူစစ္ေၾကာင္းမ်ားက အထက္ဌာန၏ အမိန႔္အတိုင္း ယာယီေျခကုပ္ ေနရာသို႔ ျဖန႔္ခြဲခ်ီတက္စဥ္ AAအဖြဲ႕က သာလြန္ အင္အားျဖင့္ ထပ္မံတိုက္ခိုက္လာျခင္းႏွင့္ ညအေမွာင္ထုေၾကာင့္ လူစုကြဲၿပီး အရာရွိ၊ စစ္သည္အခ်ိဳ႕ ဆက္သြယ္မႈ ျပတ္ေတာက္ခဲ့သည္။လူစုကြဲရာမွ တပ္စခန္းအသီးသီးသို႔ ျပန္လည္ ေရာက္ရွိလာေသာ အရာရွိ၊ စစ္သည္မ်ားအား ျပန္လည္စိစစ္ခ်က္အရ ၎တိုက္ပြဲျဖစ္စဥ္ ကာလအတြင္း အထက္ဌာနမ်ားသို႔ ေတာင္းခံ သည့္ ေလေၾကာင္းပစ္ကူ၊ ေျမျပင္ ပစ္ကူတို႔အား တိက်စြာေပးနိုင္ခဲ့ေသာ္လည္း ေျမျပင္အေန အထား ကန႔္သတ္ခ်က္ေၾကာင့္ စစ္ကူစစ္ေၾကာင္း၏ စစ္နည္းဗ်ဴဟာ အေရးသာမႈအားနည္းျခင္း၊ ညအခ်ိန္ အားနည္းခ်က္အျဖစ္ AAအဖြဲ႕က ႏွစ္ဖက္ညွပ္တိုက္ခိုက္မႈတို႔ေၾကာင့္ လူစုမ်ားကြဲ သြားရသြားခဲ့သည္။

မတ္လ ၈ ရက္ေန႕တြင္ မီးဝစခန္းအား ထပ္မံ၍ အျမန္ဆုံး စစ္ကူေပးနိုင္ေရး၊ လႈပ္ရွားစစ္ေၾကာင္းတစ္ခုအား ရဟတ္ယာဥ္ျဖင့္ ထပ္မံပို႔ေဆာင္ခဲ့ရာ ၎စစ္ကူစစ္ေၾကာင္းကိုလည္း မီးဝစခန္း သိမ္းပိုက္ရန္ ထပ္မံ အင္အားျဖည့္တင္းထားသည့္ AA အၾကမ္းဖက္ ေသာင္းက်န္းသူမ်ားမွ ဝိုင္းပတ္ပိတ္ဆို႔ တိုက္ခိုက္ျခင္းအပါအဝင္ စစ္ေၾကာင္းတစ္ခုလုံး အၿပီးတိုင္ ထပ္မံလူစုကြဲေစေရး အျပင္းအထန္ ႀကိဳးပမ္းေသာ္လည္း အဆိုပါ စစ္ေၾကာင္းအေနျဖင့္ ယာယီေျခကုပ္ေနရာ တစ္ခုအား အခိုင္အမာရရွိလ်က္ ခုခံနိုင္ခဲ့သည္။

အဆိုပါ အေျခအေနအတြင္း ေက်ာက္ေတာ္-ပလက္၀ ကားလမ္းမွတဆင့္ ေျမျပင္မွဟန္ခ်က္ညီ စစ္ကူေပးနိုင္ေရးအတြက္ မတ္လ ၅ ရက္ေန႕တြင္ ေက်ာက္ေတာ္ၿမိဳ႕ လုံၿခဳံေရးေဆာင္႐ြက္ေနေသာတပ္မေတာ္စစ္ေၾကာင္းသုံးေၾကာင္းကိုလည္း မီးဝစခန္းအား စစ္ကူလာရန္ ခ်ီတက္ရွင္းလင္းစဥ္ တင္းမ ေက်း႐ြာအတြင္းႏွင့္ အနီး ပတ္ဝန္းက်င္ေနရာမ်ားမွ AA အဖြဲ႕ႏွင့္၎တို႔၏အမာခံမ်ားကသာလြန္အင္အားျဖင့္ ျဖတ္ေတာက္ ပိတ္ဆို႔ တိုက္ခိုက္ျခင္းမ်ား ေဆာင္႐ြက္ခဲ့သျဖင့္ စစ္ကူစစ္ေၾကာင္းမ်ား ရပ္တန႔္ေနခဲ့ရသည္။

ထို႔ေၾကာင့္ မင္းျပား-ေက်ာက္ေတာ္ေဒသ၌ အေျခခံပညာ အထက္တန္း တကၠသိုလ္ဝင္စာေမးပြဲေျဖဆိုရာတြင္ အျပင္စည္း လုံၿခဳံေရးေဆာင္႐ြက္ေနသည့္ တပ္မေတာ္ စစ္ေၾကာင္းမ်ားအား မတ္လ ၁၁ ရက္တြင္ မီးဝစခန္းသို႔ ေမာ္ေတာ္ယာဥ္ျဖင့္ စစ္ကူေပးနိုင္ေရး ခ်ီတက္ေစခဲ့သည္။
အလားတူ မင္းျပား-ရာေမာင္တံတားအနီး ေလ့က်င့္ရန္စုဖြဲ႕ေနသည့္ တပ္ရင္းမ်ားအား ထပ္ျဖည့္တပ္မ်ားအျဖစ္ မီးဝစခန္းသို႔ စစ္ကူေပးနိုင္ေရး ခ်ီတက္ေစခဲ့ရာ မင္းျပား- ေျမာက္ဦး- ေက်ာက္ေတာ္ လမ္းေၾကာင္းေပၚရွိ ေပါင္းတုတ္ေက်း႐ြာ၊ တိမ္ညိုေက်း႐ြာ၊ ေတာင္ဦး ေက်း႐ြာႏွင့္ သာစည္ေက်း႐ြာမ်ားအနီးသို႔ အေရာက္၌ AA အၾကမ္းဖက္ ေသာင္းက်န္းသူမ်ားက ရီမုမိုင္းမ်ားျဖင့္ ေဖာက္ခြဲတိုက္ခိုက္ျခင္း၊ လက္နက္ႀကီး/ လက္နက္ငယ္မ်ားျဖင့္ ေႏွာင့္ယွက္ ပစ္ခတ္ျခင္း၊ ေမာ္ေတာ္ယာဥ္မ်ား မသြားနိုင္ေအာင္ လက္လုပ္သုံးျမႇောင့္ သံခြၽန္မ်ားျဖင့္ လမ္းအျပည့္ ျဖန႔္ခင္းထားျခင္းမ်ား လုပ္ေဆာင္ခဲ့သည္။

၎စစ္ကူတပ္မ်ားသည္ ေက်ာက္ေတာ္ – ပလက္၀ ကားလမ္း တစ္ေလွ်ာက္ရွိ ေက်း႐ြာမ်ားအား အမွီျပဳ၍ အဆင့္ဆင့္ ခံစစ္ဆင္ ထားေသာ AAအဖြဲ႕့ တစ္ဟုန္ထိုး ထိုးစစ္ဆင္တိုက္ခိုက္ခဲ့ရာ မတ္လ ၁၁ ရက္တြင္ တင္းမေက်း႐ြာ၊ မတ္လ ၁၃ ရက္တြင္ ၿပိဳင္းတိုင္းေက်း႐ြာႏွင့္ အနီးတစ္ဝိုက္၊ မတ္လ ၁၄ ရက္တြင္မုန႔္သန္းျပင္ ေက်း႐ြာႏွင့္အနီးတစ္ဝိုက္တို႔အားအသီးသီးထိန္းခ်ဳပ္ သိမ္းပိုက္နိုင္ခဲ့ၿပီးရဟတ္ယာဥ္မ်ားျဖင့္ စစ္ကူေဆာင္႐ြက္ကာ ဝိုင္းပတ္ ပိတ္ဆို႔ခံေနသည့္ စစ္ကူတပ္ရင္းအား ၄ ရက္အတြင္း ေျမျပင္၌ တပ္ခ်င္း ေပါင္းမိခဲ့ကာအၾကမ္းဖက္ေသာင္းက်န္းသူမ်ားအား တိုက္ထုတ္နိုင္ခဲ့ သည္။

ထိုသို႔ AA အဖြဲ႕သည္ မီးဝစခန္းအား စစ္ကူ၊ စစ္ေၾကာင္းမ်ား မေရာက္နိုင္ေအာင္ အဆင့္ဆင့္ ပိတ္ဆို႔ တိုက္ခိုက္ျခင္းမ်ား လုပ္ေဆာင္ခဲ့ေသာ္လည္း တပ္မေတာ္စစ္ေၾကာင္း မ်ား၏ ႐ြပ္႐ြပ္ခြၽံခြၽံ ခ်ီတက္ထိုးေဖာက္ တိုက္ခိုက္မႈမ်ားေၾကာင့္ လူစုကြဲေနသည့္ မိမိစစ္သည္မ်ားအား အျမန္ဆုံး ျပန္လည္ကယ္တင္နိုင္ေရးတပ္မေတာ္စစ္ေၾကာင္းမ်ားကႀကိဳးပမ္းေဆာင္႐ြက္ခဲ့ရာ အရာရွိ၊ စစ္သည္ ၁၃ ဦးအား ျပန္လည္ကယ္တင္နိုင္ခဲ့ၿပီး လက္ရွိအခ်ိန္အထိ အရာရွိ၊ စစ္သည္အခ်ိဳ႕ေပ်ာက္ဆုံး လ်က္ရွိၿပီး ျပန္လည္ ကယ္တင္နိုင္ေရး ေဆာင္႐ြက္လ်က္ရွိသည္။

AA အဖြဲ႕သည္ ရက္ေပါင္း ၄၀ ေက်ာ္ၾကာ ဝိုင္းပတ္ပိတ္ဆို႔ထားသည့္ မီးဝစခန္းအား မတ္လ ၁၈ ရက္ေန႕ နံနက္ပိုင္းတြင္ ရိကၡာ/ခဲယမ္းမ်ားႏွင့္ စစ္ကူမ်ား ထိုးေဖာက္ေရာက္ရွိခဲ့ၿပီး စခန္းကုန္းပတ္လည္ရွိ AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ား အပါအဝင္ ၎တို႔၏ အမာခံမ်ားအား တိုက္ခိုက္ ေခ်မႈန္းနိုင္ခဲ့သည့္ အတြက္ ၎တို႔ ရည္မွန္းခ်က္ျဖစ္သည့္ ပလက္ဝေဒသအား ျဖတ္ေတာက္ပိတ္ဆို႔ေရး အစီအစဥ္ကို တပ္မေတာ္မွ ရိုက္ခ်ိဳးနိုင္ခဲ့ေၾကာင္း တပ္မေတာ္က ဆိုသည္။

#PeopleMedia #AA #MyanmarArmy

[Unicode]
မီးဝစခန်းအား ရက်ပေါင်း ၄၀ ကျော်ကြာ ဝိုင်းပတ်ပိတ်ဆို့ထားသည့် AA အဖွဲ့ကို တပ်မ ေတာ်မှ ရှင်းလင်းနိုင်၊

AAအဖွဲ့ဖမ်းဆီးထားသည့် တပ်မတော်အရာရှိ/စစ်သည်(၁၃)ဦးကို ကယ်ထုတ်၊ ကျန်ရှိ တပ်မတော်သားများကို ဆက်လက်ရှာဖွေ ကယ်ထုတ်မည်ဟုဆို
……………………………………………………………………………..

ရန်ကုန်၊ မတ် – ၂၀

ပလက်ဝ-ကျောက်တော် လမ်းကြောင်းနှင့် မီးစာ-မတူပီလမ်းကြောင်းဆုံရာ နေရာတွင် တည်ရှိပြီး ဒေသအတွင်းအချက်အခြာကျသည့် တပ်မတော်၏ မီးဝစခန်းအား အင်အားအလုံးအရင်းဖြင့်ဖေဖော်ဝါရီလ၅ရက်မှစ၍AAအဖွဲ့သည်၎င်းတို့၏အမာခံရွာသူ၊ရွာသားများအပါအဝင်အတင်းအဓမ္မ လူသစ်စုစည်းခဲ့သည့် အင်အားများကိုပါစုစည်း၍ သာလွန်အင်အားဖြင့် အကြိမ်ကြိမ်ဝိုင်းပတ် တိုက်ခိုက်ခြင်း၊ ရေ/ရိက္ခာ ဖြတ်တောက်ခြင်းများ ဆောင်ရွက်ခဲ့သည်။

AA အဖွဲ့သည် ၎င်းတို့၏ အမာခံ များက မီးဝစခန်းအား ရေ/ ရိက္ခာ/ ခဲယမ်းများ၊ စစ်ကူများ မလာနိုင်အောင် စခန်းပတ်လည်၌ ကျင်းများတူး၍ထိန်းချုပ်ခြင်း၊ အစာရေစာ ပြတ်တောက်အောင် လမ်းကြောင်းများအား မိုင်းထောင်ပိတ်ဆို့ခြင်းများ ဆောင်ရွက်ထားသည့်အတွက် ၎င်းင်းဒေသရှိမိမိစစ်ကြောင်းများထံသို့လေကြောင်းဖြင့်ရိက္ခာပို့ဆောင်မှုအားတိုက်ခိုက်ရေးရဟတ်ယာဉ်များ၊ တိုက်ခိုက်ရေး လေယာဉ်များ အစောင့်လိုက်ပါ၍ ဆောင်ရွက်ခဲ့ရသည်။ ထိုသို့ လေကြောင်းအရန် ပစ်ကူတိုက်ခိုက်ရေးရဟတ်ယာဉ်များလိုက်ပါ၍ လုံခြုံရေးဆောင်ရွက်နေသည့်ကြားမှပင် အကြမ်းဖက်သောင်းကျန်းသူ များက လေယာဉ်ပစ်လက်နက်များဖြင့် ပစ်ခတ်တိုက်ခိုက်သည့်အတွက် မိမိရဟတ်ယာဉ်များ ၁၀ ကြိမ်ခန့် ကျည် ထိမှန်ခဲ့ကြောင်း တပ်မတော်ကဆိုသည်။

၎င်းကဲ့သို့ ပိတ်ဆို့ခံနေရသည့် မီးဝစခန်းသို့ အမြန်ဆုံးစစ်ကူ ရောက်ရှိနိုင်ရေးအတွက် စစ်ကူလှုပ်ရှား စစ်ကြောင်းတစ်ခုအား ရဟတ်ယာဉ် လုံခြုံရေးမရှိသော်လည်း အလစ်အငိုက်ရယူ၍ စခန်းနှင့်အနီးဆုံး ရဟတ်ယာဉ်ဆင်းသက်နိုင်သည့် မီတာ ၃၀၀၀ ခန့်အကွာရှိ နေရာများသို့ ရဟတ်ယာဉ်များဖြင့် ဆင်းသက်စစ်ကူပေးနိုင်ရေး ဆောင်ရွက် ခြင်းအား မတ်လ ၄ ရက်တွင် ဆောင်ရွက်ခဲ့သည်။ စစ်ကူစစ်ကြောင်း အနေဖြင့် စစ်ကူအချိန်မီပေးနိုင်ရေးအတွက် စစ်ဗျူဟာအရေးကြီး နေရာများသို့ အဆင့်ဆင့် ခြေကုပ်ယူ ချီတက်ခဲ့ရာ မတ်လ ၅ ရက်မှ ၁၀ ရက်နေ့အထိ တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

စစ်ကူစစ်ကြောင်းများသည် မြေအနေအထားအရ ကောင်းမွန်မှု မရှိခြင်းနှင့် အကြမ်းဖက်သောင်းကျန်းသူများ၏ ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်မှုများခံနေရသဖြင့် အထက်ဌာနမှ စစ်ကူစစ်ကြောင်းအား မြေအနေ အထားကောင်းမွန် အသာစီးရမည့်နေရာသို့ ပြောင်းရွှေ့စေခဲ့ရာ စစ်ကူစစ်ကြောင်းများက အထက်ဌာန၏ အမိန့်အတိုင်း ယာယီခြေကုပ် နေရာသို့ ဖြန့်ခွဲချီတက်စဉ် AAအဖွဲ့က သာလွန် အင်အားဖြင့် ထပ်မံတိုက်ခိုက်လာခြင်းနှင့် ညအမှောင်ထုကြောင့် လူစုကွဲပြီး အရာရှိ၊ စစ်သည်အချို့ ဆက်သွယ်မှု ပြတ်တောက်ခဲ့သည်။လူစုကွဲရာမှ တပ်စခန်းအသီးသီးသို့ ပြန်လည် ရောက်ရှိလာသော အရာရှိ၊ စစ်သည်များအား ပြန်လည်စိစစ်ချက်အရ ၎င်းတိုက်ပွဲဖြစ်စဉ် ကာလအတွင်း အထက်ဌာနများသို့ တောင်းခံ သည့် လေကြောင်းပစ်ကူ၊ မြေပြင် ပစ်ကူတို့အား တိကျစွာပေးနိုင်ခဲ့သော်လည်း မြေပြင်အနေ အထား ကန့်သတ်ချက်ကြောင့် စစ်ကူစစ်ကြောင်း၏ စစ်နည်းဗျူဟာ အရေးသာမှုအားနည်းခြင်း၊ ညအချိန် အားနည်းချက်အဖြစ် AAအဖွဲ့က နှစ်ဖက်ညှပ်တိုက်ခိုက်မှုတို့ကြောင့် လူစုများကွဲ သွားရသွားခဲ့သည်။

မတ်လ ၈ ရက်နေ့တွင် မီးဝစခန်းအား ထပ်မံ၍ အမြန်ဆုံး စစ်ကူပေးနိုင်ရေး၊ လှုပ်ရှားစစ်ကြောင်းတစ်ခုအား ရဟတ်ယာဉ်ဖြင့် ထပ်မံပို့ဆောင်ခဲ့ရာ ၎င်းစစ်ကူစစ်ကြောင်းကိုလည်း မီးဝစခန်း သိမ်းပိုက်ရန် ထပ်မံ အင်အားဖြည့်တင်းထားသည့် AA အကြမ်းဖက် သောင်းကျန်းသူများမှ ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်ခြင်းအပါအဝင် စစ်ကြောင်းတစ်ခုလုံး အပြီးတိုင် ထပ်မံလူစုကွဲစေရေး အပြင်းအထန် ကြိုးပမ်းသော်လည်း အဆိုပါ စစ်ကြောင်းအနေဖြင့် ယာယီခြေကုပ်နေရာ တစ်ခုအား အခိုင်အမာရရှိလျက် ခုခံနိုင်ခဲ့သည်။

အဆိုပါ အခြေအနေအတွင်း ကျောက်တော်-ပလက်၀ ကားလမ်းမှတဆင့် မြေပြင်မှဟန်ချက်ညီ စစ်ကူပေးနိုင်ရေးအတွက် မတ်လ ၅ ရက်နေ့တွင် ကျောက်တော်မြို့ လုံခြုံရေးဆောင်ရွက်နေသောတပ်မတော်စစ်ကြောင်းသုံးကြောင်းကိုလည်း မီးဝစခန်းအား စစ်ကူလာရန် ချီတက်ရှင်းလင်းစဉ် တင်းမ ကျေးရွာအတွင်းနှင့် အနီး ပတ်ဝန်းကျင်နေရာများမှ AA အဖွဲ့နှင့်၎င်းတို့၏အမာခံများကသာလွန်အင်အားဖြင့် ဖြတ်တောက် ပိတ်ဆို့ တိုက်ခိုက်ခြင်းများ ဆောင်ရွက်ခဲ့သဖြင့် စစ်ကူစစ်ကြောင်းများ ရပ်တန့်နေခဲ့ရသည်။

ထို့ကြောင့် မင်းပြား-ကျောက်တော်ဒေသ၌ အခြေခံပညာ အထက်တန်း တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာတွင် အပြင်စည်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော် စစ်ကြောင်းများအား မတ်လ ၁၁ ရက်တွင် မီးဝစခန်းသို့ မော်တော်ယာဉ်ဖြင့် စစ်ကူပေးနိုင်ရေး ချီတက်စေခဲ့သည်။
အလားတူ မင်းပြား-ရာမောင်တံတားအနီး လေ့ကျင့်ရန်စုဖွဲ့နေသည့် တပ်ရင်းများအား ထပ်ဖြည့်တပ်များအဖြစ် မီးဝစခန်းသို့ စစ်ကူပေးနိုင်ရေး ချီတက်စေခဲ့ရာ မင်းပြား- မြောက်ဦး- ကျောက်တော် လမ်းကြောင်းပေါ်ရှိ ပေါင်းတုတ်ကျေးရွာ၊ တိမ်ညိုကျေးရွာ၊ တောင်ဦး ကျေးရွာနှင့် သာစည်ကျေးရွာများအနီးသို့ အရောက်၌ AA အကြမ်းဖက် သောင်းကျန်းသူများက ရီမုမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီး/ လက်နက်ငယ်များဖြင့် နှောင့်ယှက် ပစ်ခတ်ခြင်း၊ မော်တော်ယာဉ်များ မသွားနိုင်အောင် လက်လုပ်သုံးမြှာေင့် သံချွန်များဖြင့် လမ်းအပြည့် ဖြန့်ခင်းထားခြင်းများ လုပ်ဆောင်ခဲ့သည်။

၎င်းစစ်ကူတပ်များသည် ကျောက်တော် – ပလက်၀ ကားလမ်း တစ်လျှောက်ရှိ ကျေးရွာများအား အမှီပြု၍ အဆင့်ဆင့် ခံစစ်ဆင် ထားသော AAအဖွဲ့ တစ်ဟုန်ထိုး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ မတ်လ ၁၁ ရက်တွင် တင်းမကျေးရွာ၊ မတ်လ ၁၃ ရက်တွင် ပြိုင်းတိုင်းကျေးရွာနှင့် အနီးတစ်ဝိုက်၊ မတ်လ ၁၄ ရက်တွင်မုန့်သန်းပြင် ကျေးရွာနှင့်အနီးတစ်ဝိုက်တို့အားအသီးသီးထိန်းချုပ် သိမ်းပိုက်နိုင်ခဲ့ပြီးရဟတ်ယာဉ်များဖြင့် စစ်ကူဆောင်ရွက်ကာ ဝိုင်းပတ် ပိတ်ဆို့ခံနေသည့် စစ်ကူတပ်ရင်းအား ၄ ရက်အတွင်း မြေပြင်၌ တပ်ချင်း ပေါင်းမိခဲ့ကာအကြမ်းဖက်သောင်းကျန်းသူများအား တိုက်ထုတ်နိုင်ခဲ့ သည်။

ထိုသို့ AA အဖွဲ့သည် မီးဝစခန်းအား စစ်ကူ၊ စစ်ကြောင်းများ မရောက်နိုင်အောင် အဆင့်ဆင့် ပိတ်ဆို့ တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့သော်လည်း တပ်မတော်စစ်ကြောင်း များ၏ ရွပ်ရွပ်ချွံချွံ ချီတက်ထိုးဖောက် တိုက်ခိုက်မှုများကြောင့် လူစုကွဲနေသည့် မိမိစစ်သည်များအား အမြန်ဆုံး ပြန်လည်ကယ်တင်နိုင်ရေးတပ်မတော်စစ်ကြောင်းများကကြိုးပမ်းဆောင်ရွက်ခဲ့ရာ အရာရှိ၊ စစ်သည် ၁၃ ဦးအား ပြန်လည်ကယ်တင်နိုင်ခဲ့ပြီး လက်ရှိအချိန်အထိ အရာရှိ၊ စစ်သည်အချို့ပျောက်ဆုံး လျက်ရှိပြီး ပြန်လည် ကယ်တင်နိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

AA အဖွဲ့သည် ရက်ပေါင်း ၄၀ ကျော်ကြာ ဝိုင်းပတ်ပိတ်ဆို့ထားသည့် မီးဝစခန်းအား မတ်လ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ရိက္ခာ/ခဲယမ်းများနှင့် စစ်ကူများ ထိုးဖောက်ရောက်ရှိခဲ့ပြီး စခန်းကုန်းပတ်လည်ရှိ AA အကြမ်းဖက်သောင်းကျန်းသူများ အပါအဝင် ၎င်းတို့၏ အမာခံများအား တိုက်ခိုက် ချေမှုန်းနိုင်ခဲ့သည့် အတွက် ၎င်းတို့ ရည်မှန်းချက်ဖြစ်သည့် ပလက်ဝဒေသအား ဖြတ်တောက်ပိတ်ဆို့ရေး အစီအစဉ်ကို တပ်မတော်မှ ရိုက်ချိုးနိုင်ခဲ့ကြောင်း တပ်မတော်က ဆိုသည်။

#PeopleMedia #AA #MyanmarArmy


Share this post