• Follow Us on

Home မီးေသြးဖုတ္ရန္ သစ္ပင္ခုတ္သည့္ အမ်ိဳးသား သစ္ပင္ပိမိ၍ ေသဆုံး

မီးေသြးဖုတ္ရန္ သစ္ပင္ခုတ္သည့္ အမ်ိဳးသား သစ္ပင္ပိမိ၍ ေသဆုံး

Share this post

မိုးေကာင္း၊ ဒီဇင္ဘာ ၁

မိုးေကာင္းၿမိဳ႕နယ္အတြင္း ယမန္ေန႕က အမ်ိဳးသား တစ္ဦး မီးေသြးဖုတ္ရန္ သစ္ပင္ခုတ္စဥ္ သစ္ပင္ ပိမိ၍ ေသဆုံးခဲ့ေၾကာင္း မိုးေကာင္းၿမိဳ႕မရဲစခန္းမွ သိရသည္။

ျဖစ္စဥ္မွာ မိုးေကာင္းၿမိဳ႕နယ္ မန္႐ြက္ေက်း႐ြာေန ဦးေက်ာ္လြင္ဦး (၄၃) ႏွစ္၊ ဦးေအာင္သူရ (၂၅)ႏွစ္ႏွင့္ ဦးေအာင္သူရ၏ ဇနီးျဖစ္သူ ေဒၚသဇင္ (၂၃)ႏွစ္တို႔သည္ နိုဝင္ဘာ(၃၀)ရက္ ေန႕ခင္းပိုင္းက မိုးေကာင္းၿမိဳ႕နယ္၊ ေညာင္ကုန္းေက်း႐ြာအုပ္စု၊ ဒလီ႐ြာေဟာင္း သာေခါင္ေတာ အတြင္း မီးေသြးဖုတ္ရန္အတြက္ လုံးပတ္(၄)ေပခန႔္ အရွည္ ေပ(၂၀)ေက်ာ္ခန႔္ရွိ သစ္ပင္တစ္ပင္အား ခုတ္စဥ္ အျခားသစ္ပင္ကိုင္းမ်ား၊ ႏြယ္ပင္မ်ားႏွင့္ညွိ၍ ၎သစ္ပင္မွာ လဲမက်သျဖင့္ ထားခဲ့ၿပီး ျပန္ထြက္လာစဥ္ ခုတ္ထား‌ေသာ သစ္ပင္မွာ ဦးေက်ာ္လြင္ဦးအေပၚျပဳတ္က်၍ ေသဆုံးသြားျခင္း ျဖစ္ေၾကာင္း ရဲမွတ္တမ္းမ်ား အရ သိရသည္။

ျဖစ္စဥ္ႏွင့္ ပတ္သက္၍ မိုးေကာင္းၿမိဳ႕မရဲစခန္းမွ ဓမၼတာအတိုင္းေသဆုံးျခင္း ဟုတ္၊ မဟုတ္ သိရွိနိုင္ရန္ ေသမႈေသခင္း အမွတ္စဥ္ ၁၇/ ၂၀၁၉ျဖင့္ ေရးဖြင့္ေဆာင္႐ြက္ထားေၾကာင္း သိရသည္။

ခ်ိဳေမာင္

[Unicode]
မီးသွေးဖုတ်ရန် သစ်ပင်ခုတ်သည့် အမျိုးသား သစ်ပင်ပိမိ၍ သေဆုံး

မိုးကောင်း၊ ဒီဇင်ဘာ ၁

မိုးကောင်းမြို့နယ်အတွင်း ယမန်နေ့က အမျိုးသား တစ်ဦး မီးသွေးဖုတ်ရန် သစ်ပင်ခုတ်စဉ် သစ်ပင် ပိမိ၍ သေဆုံးခဲ့ကြောင်း မိုးကောင်းမြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ မိုးကောင်းမြို့နယ် မန်ရွက်ကျေးရွာနေ ဦးကျော်လွင်ဦး (၄၃) နှစ်၊ ဦးအောင်သူရ (၂၅)နှစ်နှင့် ဦးအောင်သူရ၏ ဇနီးဖြစ်သူ ဒေါ်သဇင် (၂၃)နှစ်တို့သည် နိုဝင်ဘာ(၃၀)ရက် နေ့ခင်းပိုင်းက မိုးကောင်းမြို့နယ်၊ ညောင်ကုန်းကျေးရွာအုပ်စု၊ ဒလီရွာဟောင်း သာခေါင်တော အတွင်း မီးသွေးဖုတ်ရန်အတွက် လုံးပတ်(၄)ပေခန့် အရှည် ပေ(၂၀)ကျော်ခန့်ရှိ သစ်ပင်တစ်ပင်အား ခုတ်စဉ် အခြားသစ်ပင်ကိုင်းများ၊ နွယ်ပင်များနှင့်ညှိ၍ ၎င်းသစ်ပင်မှာ လဲမကျသဖြင့် ထားခဲ့ပြီး ပြန်ထွက်လာစဉ် ခုတ်ထား‌သော သစ်ပင်မှာ ဦးကျော်လွင်ဦးအပေါ်ပြုတ်ကျ၍ သေဆုံးသွားခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းများ အရ သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ မိုးကောင်းမြို့မရဲစခန်းမှ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်၊ မဟုတ် သိရှိနိုင်ရန် သေမှုသေခင်း အမှတ်စဉ် ၁၇/ ၂၀၁၉ဖြင့် ရေးဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

ချိုမောင်

#PeopleMedia #EPN


Share this post