• Follow Us on

Home မုဒုံမြို့တွင် ရေနစ်နေသည့် သားဖြစ်သူကိုကယ်ရင်း ဖခင်ဖြစ်သူပါရေနစ်သေဆုံး

မုဒုံမြို့တွင် ရေနစ်နေသည့် သားဖြစ်သူကိုကယ်ရင်း ဖခင်ဖြစ်သူပါရေနစ်သေဆုံး

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၀

 

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၊ ဆံတော်ရှင်ကန်ကြီးစေတီတော်၊ ကန်ကြီးရေကန်အတွင်း ရေဆင်း ကူးသည့်သားဖြစ်သူကိုကယ်ရင်း ဖခင်ဖြစ်သူပါ ရေနစ်သေဆုံးသွားကြောင်း သိရပါတယ်။

 

ဖေဖော်ဝါရီလ ၁၈ ရက် ညနေ ၄ နာရီ ၃၀ အချိန်တွင် သားအဖနှစ်ဦးရေနစ်နေသည်ကို ပတ်ဝန်းကျင်ရှိပြည်သူ များမှ မြင်သောကြောင့် ဒေသခံလူမှုကူညီရေးအသင်းသို့ ဖုန်းဆက်အကြောင်းကြားရာ ထိုနေရာသို့ ဒေသခံလူ မှုကူညီရေးအဖွဲ့များပူးပေါင်းပြီး ကယ်ဆယ်ရှာဖွေရာ ရုပ်အလောင်းကို ညနေ ၅ နာရီ ၁၀ မိနစ်အချိန်တွင် ပြန် လည်တွေ့ရှိခဲ့ကြောင်း သိရပါတယ်။

 

“ဒီမိသားစုက ၃ ယောက်ပဲရှိတာ။ မိခင်ကလွန်ခဲ့တဲ့ ၂ လပိုင်းကဆုံးသွားတယ်။ ခုလကြတော့ သားအဖနှစ်ဦးလုံး ရေနစ်သေသွားတယ်” လို့ ဒေသခံတစ်ဦးမှပြောပါတယ်။

 

ထိုရေနစ်ပြီးသေဆုံးသွားသည့် ဖခင်ဖြစ်သူ ဦးရွှေမြင့်နှင့် သားဖြစ်သူ မောင်သိန်းထူးဇော်တို့မှာ မုဒုံမြို့နယ်၊ ကုက္ကိုတန်းရပ်တွင် နေထိုင်သူများဖြစ်ကြောင်း သိရပါတယ်။ ယင်းရုပ်အလောင်းများကို ဒေသခံလူမှုကူညီ ရေးအသင်းများမှ ကန်ကြီးသုဿန်သို့ ပို့ဆောင်ပြီး မီးသဂြိုလ်ပေးခဲ့ကြောင်း သိရပါတယ်။

 

Photo – မုဒုံအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့

 

#PeopleMedia

 

(unicode)


………………………………………………

 


 


 


 


 


 


 

#PeopleMedia


Share this post