• Follow Us on
Latest News

Home မုဒုံမြို့ ဓမ္မဒူတကျောင်းတိုက်မှ သံဃာတော်နှင့် ဝေယျာဝစ္စလုပ်ကိုင်သူ (၈၁) ဦး၌ COVID-19 ရောဂါပိုးတွေ့ရှိ

မုဒုံမြို့ ဓမ္မဒူတကျောင်းတိုက်မှ သံဃာတော်နှင့် ဝေယျာဝစ္စလုပ်ကိုင်သူ (၈၁) ဦး၌ COVID-19 ရောဂါပိုးတွေ့ရှိ

Share this post

မုဒုံ၊ ဇူလိုင် ၂၂ (People Media)

 

မွန်ပြည်နယ်၊ မုဒုံမြို့၊ ဓမ္မဒူတကျောင်းတိုက် သံဃာတော်နှင့် ဝေယျာဝစ္စလုပ်ကိုင်သူ (၈၁) ဦး COVID-19 ရောဂါပိုးတွေ့ရှိခဲ့ရတယ်လို့ မုဒုံ ဓမ္မဒူတကျောင်းတိုက် ထုတ်ပြန်ထားပါတယ်။

 

COVID-19 ရောဂါပိုးတွေ့ရှိသူ လူနာနှင့် ထိတွေ့သူ မုဒုံဓမ္မဒူတကျောင်းတိုက် သံဃာတော်များနှင့် ဝေယျာဝစ္စ လုပ်ကိုင်ပေးသူ စုစုပေါင်း (၁၄၂) ဦးကို ဇူလိုင်လ ၂၀ ရက်နေ့က မုဒုံဆေးရုံ ဆေးဝန်ထမ်းများမှ လာရောက် စစ်ဆေးခဲ့ရာ (၈၁) ဦး Positive ဖြစ်ပွားပြီး၊ ကျန် (၆၁) ဦးမှာ Negative ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

 

လက်ရှိမှာတော့ COVID-19 Positive တွေ့ရှိသူ (၈၁) ဦးကို သီးသန့်ကျောင်းဆောင်တွင် ထားရှိကာ ကျန်းမာ ရေးကောင်းမွန်အောင် စောင့်ရှောက်ပေးလျက်ရှိတယ်လို့ သိရပါတယ်။

 

#PeopleMedia #မုဒုံမြို့ #COVID-19

 

(unicode)

မုဒုံမွို့ ဓမ်မဒူတကြောငျးတိုကျမှ သံဃာတောျနှင့ျ ဝယြောဝစ်စလုပျကိုငျသူ (၈၁) ဦး၌ COVID-19 ရောဂါပိုးတှေ့ရှိ

………………………………………………….

 


 


 


 


 



Share this post