• Follow Us on

Home မုန်တိုင်းငယ်အခြေအနေနှင့်ပတ်သက်၍ ထူးခြားလာပါက ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များအနေဖြင့် ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိရန် လူကယ်ပြန်ဝန်ကြီးပြောကြား

မုန်တိုင်းငယ်အခြေအနေနှင့်ပတ်သက်၍ ထူးခြားလာပါက ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များအနေဖြင့် ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိရန် လူကယ်ပြန်ဝန်ကြီးပြောကြား

Share this post

မန္တလေး၊ မတ် ၂၁

 

မုန်တိုင်းငယ်အခြေအနေနှင့်ပတ်သက်၍ ထူးခြားလာပါက ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များအနေဖြင့် ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ပြောကြားသည်။

 

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ယမန်နေ့နံနက်ပိုင်းတွင် အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှု ဗဟိုဌာနသို့ သွားရောက်၍ ဘင်္ဂလားပင်လယ်အော်အတွင်း လက်ရှိဖြစ်ပေါ်နေသော မုန်တိုင်းငယ်နှင့်စပ်လျဉ်း၍ သွားရောက်စစ်ဆေးခဲ့ပြီးနောက် ပြောကြးခဲ့သည်။

 

“မုန်တိုင်းငယ်အခြေအနေနဲ့ပတ်သက်ပြီး ထူးခြားလာရင် အဆင့်ဆင့်သော ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့တွေအနေနဲ့ ရေးဆွဲထားရှိတဲ့ စီမံချက်တွေအတိုင်း အရေးပေါ်ဆက်သွယ်နိုင်မယ့် နည်းလမ်းတွေ ကြိုတင် ပြင်ဆင်သတ်မှတ်ကာစုရပ်နေရာတွေ ပြင်ဆင်နိုင်ဖို့နဲ့ ထောက်ပံ့ရေးပစ္စည်း စုပုံပြင်ဆင်ပြီ ဖြန့်ခွဲထောက်ပံ့နိုင်ဖို့ အတွက် ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိရမှာဖြစ်တယ်” ဟု ပြည်ထောင်စုဝန်ကြီးက မှာကြားခဲ့သည်။

 

ပြည်ထောင်စု ဝန်ကြီးက လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ်ချိန်မှစ၍ လက်ရှိမုန်တိုင်းငယ် ဖြစ်ပေါ်လာ ချိန်အထိ EOC အနေဖြင့် အချိန်မပြတ် စောင့်ကြည့်လေ့လာပြီး မှတ်တမ်းများ စနစ်တကျ ထားရှိကာ အဆင့် ဆင့်သော ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များနှင့် သတင်းဆက်သွယ်မှုများ ရယူကာကြိုတင်ပြင်ဆင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းထားရှိပြီး ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း၊ မုန်တိုင်းငယ်၏ နောက်ဆုံးဖြစ်ပေါ်ပြောင်းလဲလာမှုအခြေအနေပေါ်လိုက်၍ ဖြစ်ပေါ်လာနိုင်သည့် နေရာဒေသအလိုက် ရာသီ ဥတုအခြေအနေများနှင့် ဆက်စပ်ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကို ပြည်သူများအနေဖြင့် အချိန်နှင့် တစ်ပြေးညီသိရှိပြီး ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် နာရီစဉ်အလိုက် ပြောင်းလဲမှုများ ရှိနိုင်သည်ကို သတိပြုရမှာဖြစ်ပြီး မပြတ်စောင့်ကြည့်ကာ ထုတ်ပြန်ပေးရမည်ဖြစ်ကြောင်း မှာကြားခဲ့သည်။

 

ဘင်္ဂလားပင်လယ်အော်အတွင်း လက်ရှိဖြစ်ပေါ်နေသော မုန်တိုင်းငယ်နှင့်စပ်လျဉ်း၍ နောက်ဆုံးဖြစ်ပေါ်ပြောင်း လဲလာမှုအခြေအနေများ၊ အားကောင်းသည့် လေဖိအားနည်းရပ်ဝန်း အဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုး ကျွန်းအနီးမှ ဖြတ်ကျော်ကာ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် တောင်ပိုင်းသို့ မုန်တိုင်းငယ်အဖြစ် ဖြတ်ကျော်ဝင်ရောက်နိုင်မှုများနှင့်ပတ်သက်၍ အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဗဟိုဌာနက စောင့်ကြည့် လေ့လာလျက်ရှိကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


……………………………….

 

မန်တလေး၊ မတျ ၂၁

 


 


 


 


 


 

#PeopleMedia


Share this post