• Follow Us on

Home မုံရွာမှာ ကိုဗစ်ကာကွယ်ဆေးထိုးဖို့ ကူညီပေးနေတဲ့ စေတနာ့ဝန်ထမ်းတစ်ဦး ဓားဖြင့် ထိုးသတ်ခံရ

မုံရွာမှာ ကိုဗစ်ကာကွယ်ဆေးထိုးဖို့ ကူညီပေးနေတဲ့ စေတနာ့ဝန်ထမ်းတစ်ဦး ဓားဖြင့် ထိုးသတ်ခံရ

Share this post

မုံရွာ၊ အောက်တိုဘာ ၂၂ (People Media)

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မုံရွာတောင်ရပ်ကွက် ကူတို့ကုန်းနယ်မြေ၊ အ-မ-က ၂၉ ကျောင်းရှိ ကိုဗစ်ရောဂါ ကာ ကွယ်ဆေးထိုးစင်တာမှာ ကူညီဆောင်ရွက်ပေးနေတဲ့ စေတနာ့ဝန်ထမ်းတစ်ယောက်ဟာ ဒီကနေ့ မွန်းလွဲပိုင်းက ကိုဗစ်ကာကွယ်ဆေးထိုးစင်တာကနေ အိမ်အပြန်လမ်းမှာ ဓားနဲ့ထိုးသတ်ခံရတာဖြစ်တယ်လို့ မုံရွာမြို့ခံတွေက ပြောပါတယ်။

 

စေတနာ့ဝန်ထမ်း အသတ်ခံရတာနဲ့ ပတ်သက်ပြီး ကျန်းမာရေးဝန်ထမ်းတစ်ယောက် ပြောပြတာက “သေဆုံး သူက ကိုကျော်ဆန်းဦး ဖြစ်တယ်။ သူက မုံရွာ မန္တလေး ကားလမ်းဘေးက ကြေးမုံရွာက ဖြစ်တယ်။ ကျေးရွာရဲ့ အရံမီးသတ်တပ်ဖွဲ့ဝင်တစ်ယောက်ဖြစ်သလို  ပြည်ခိုင်ဖြိုး ဆေးထောက်အကူပြုအဖွဲ့တာဝန်ခံလည်းဖြစ်တယ်။ အမက ၂၉ ကိုဗစ်ကာကွယ်ဆေးထိုးစင်တာကနေ ရွာအပြန်လမ်းမှာ ပုရစ်ကုန်း (တောင်) ရွာနားမှာ ဓားနဲ့ ထိုးသတ်ခံရတာ” လို့ ဖြစ်ပါတယ်။

 

အသက် ၅၄ နှစ်အရွယ် စေတနာ့ဝန်ထမ်း ကိုကျော်ဆန်းဦးဟာ ကိုဗစ်ကာကွယ်ဆေးထိုး စင်တာကနေ ရွာကို အပြန်လမ်းမှာ သူ့ရဲ့ဆိုင်ကယ်နောက်ကနေ ဆိုင်ကယ် ၁ စီး လူ ၂ ယောက်က လိုက်လာပြီး အဲ့ဒီ လူ ၂ ယောက်ကနေ စေတနာ့ဝန်ထမ်း ကိုကျော်ဆန်းဦး ကိုယ် ဓားနဲ့ ၇ ချက်ထိုးပြီး သတ်ခံရတာဖြစ်ပါတယ်။

 

မုံရွာမြို့နယ်ရဲ့ တောင်ပိုင်းမှာရှိတဲ့ ကြေးမုံရွာဘက်မှာ အခုလအတွင်း မုံရွေးအုပ်ချုပ်ရေးမှူး၊ မုံရွေး ပြည်ခိုင်ဖြိုး စည်းရုံးရေးမှူးနဲ့ အခု အရံမီးသတ်စေတနာ့ဝန်ထမ်းတွေ အသတ်ခံရတာ ဖြစ်ပါတယ်။

 

Photo – Credit

 

သွန်းသွန်း(EPN)

 

#PeopleMedia #COVID19

 

(unicode)


…………………………………………………………………..

 


 


 


 


 


Photo – Credit

 


 

#PeopleMedia #COVID19


Share this post