• Follow Us on

Home မုံရွာမြို့နယ်ရှိ PDF အခြေစိုက်စခန်း စီးနင်းခံရပြီးနောက် PDF အဖွဲ့ဝင် ၃ ဦး ဖမ်းဆီးခံရပြီး လက်နက်နှင့် ဆက် စပ်သည့်ပစ္စည်းများ သိမ်းဆည်းခံရ

မုံရွာမြို့နယ်ရှိ PDF အခြေစိုက်စခန်း စီးနင်းခံရပြီးနောက် PDF အဖွဲ့ဝင် ၃ ဦး ဖမ်းဆီးခံရပြီး လက်နက်နှင့် ဆက် စပ်သည့်ပစ္စည်းများ သိမ်းဆည်းခံရ

Share this post

မုံရွာ၊ နိုဝင်ဘာ ၂၃ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ဇီးကျွန်းကျေးရွာအုပ်စု၊ ပလင်ကျေးရွာအနီးရှိ PDF စခန်းတစ်ခုသည် ယနေ့ နံနက်ပိုင်းက ဝင်ရောက်စီနင်းခံခဲ့ရပြီး PDF အဖွဲ့ဝင် ၃ ဦး ဖမ်းဆီးခံခဲ့ရသလို လက်နက်နှင့် ဆက် စပ်ပစ္စည်းများ သိမ်းဆည်းခံခဲ့ရပြီး စခန်းကို လုံခြုံရေးအဖွဲ့များက မီးရှို့သွားကြောင်း ဒေသခံတစ်ဦးက People Media ကို ပြောပါတယ်။

 

မုံရွာမြို့နယ်၊ ဇီးကျွန်းကျေးရွာအုပ်စု၊ ပလင်ကျေးရွာအနီးရှိ PDF စခန်းတစ်ခုကို လုံခြုံရေးအဖွဲ့များက ယနေ့ နံနက်ပိုင်း၌ ဝင်ရောက်စီးနင်းရာတွင် PDF အဖွဲ့ဝင် ၃ ဦး ဖမ်းဆီးခံခဲ့ရသလို ပစ္စတို၊ လက်လုပ်ပစ္စတို၊ လက် လုပ်မိုင်း၊ လက်လုပ်ရှော့တိုက်မိုင်းများ၊ တူမီးသေနတ်များအပါအဝင် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းသွား ကြောင်း သိရပါတယ်။

 

“ဒီမနက်စောစော သေနတ်သံတွေကြားလိုက်တယ်။ စခန်းကို မီးရှို့သွားတာလည်း မြင်လိုက်ရတယ်။ ၃ ယောက် အဖမ်းခံရတယ်လို့ ရွာထဲမှာ ပြောနေတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

 

စစ်ကိုင်းတိုင်းဒေသကြီးသည် ဒေသခံ PDF အဖွဲ့များ အားကောင်းသည့် တိုင်းဒေသကြီးဖြစ်သလို မုံရွာမြို့၌ မကြာခဏ လုံခြုံရေးအဖွဲ့သတင်းပေးဟု ယူဆခံရသူများ၊ လုံခြုံရေးအဖွဲ့ဝင်အချို့ လုပ်ကြံသတ်ဖြတ်ခြင်း ခံနေရသည့် မြို့နယ်တစ်ခုဖြစ်ပါတယ်။

 

#PeopleMedia #မုံရွာမြို့PDF

 

(unicode)


………………………………………………………

 


 


 


 


 


 



Share this post