• Follow Us on

Home မုံရွာမြို့နယ်၊ ကျွဲရဲ(မြောက်)ကျေးရွာ၊ အထက-ခွဲ(ကျွဲရဲ) ကျောင်းအတွင်းသို့ NUG/PDF အဖွဲ့ဝင်များက ဝင် ရောက် ဗုံးခွဲပြီး ဆရာမနှစ်ဦး ပိုင်ဆိုင်သည့် ဆိုင်ကယ်နှစ်စီးကို ယူဆောင်သွား

မုံရွာမြို့နယ်၊ ကျွဲရဲ(မြောက်)ကျေးရွာ၊ အထက-ခွဲ(ကျွဲရဲ) ကျောင်းအတွင်းသို့ NUG/PDF အဖွဲ့ဝင်များက ဝင် ရောက် ဗုံးခွဲပြီး ဆရာမနှစ်ဦး ပိုင်ဆိုင်သည့် ဆိုင်ကယ်နှစ်စီးကို ယူဆောင်သွား

Share this post

မုံရွာ၊ မတ် ၁၄

 

ယနေ့ နံနက် ၉း၃၀ အချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကျွဲရဲ(မြောက်)ကျေးရွာ၊ အထက-ခွဲ (ကျွဲရဲ) ကျောင်းအတွင်းသို့ NUG/PDF အဖွဲ့ဝင်များက ဝင်ရောက်ဗုံးခွဲပြီး ဆရာမနှစ်ဦး ပိုင်ဆိုင်သည့် ဆိုင်ကယ်နှစ်စီးကို ယူဆောင်သွားသည်။

 

“NUG/PDF အဖွဲ့ဝင် သုံးဦးက စာသင်နေတဲ့ကျောင်းအတွင်းကို ဝင်ရောက်ပြီး ကျောင်းကို လက်လုပ်ဗုံးနဲ့ ပစ် တယ်။ ဆရာမ နှစ်ဦးပိုင်တဲ့ ဆိုင်ကယ် နှစ်စီးကို ယူဆောင်သွားတယ်။ NUG/PDF ဆိုတာ တာလီဘန်ထက် ဆိုးတဲ့ အကြမ်းဖက်တွေပါလို့” မြို့ခံတစ်ဦးက ပြောသည်။

 

ဖြစ်စဉ်မှာ ယနေ့ နံနက် ၉း၃၀ အချိန်က အထက-ခွဲ(ကျွဲရဲ)ကျောင်း၌ ဆရာ/ဆရာမများသည် ရင်သွေးငယ်များ စာသင်ကြားနေစဉ် ကျောင်းဝင်းအတွင်းသို့ PDF အကြမ်းဖက်သမား ၃ ဦးမှ လက်လုပ် လက်ပစ်ဗုံးဖြင့် ဝင်းသီရိ ကျောင်းဆောင်အား ပစ်ခတ်ဖောက်ခွဲခဲ့သည်။

 

ထိုလက်လုပ်ဗုံးပေါက်ကွဲမှုကြောင့် ကျောင်းဆောင်မျက်နှာကျက်ပျက်စီးခဲ့ပြီး လူများထိခိုက်ဒဏ်ရာရရှိမှု မရှိ သော်လည်း NUG/PDF အဖွဲ့က ဆရာမနှစ်ဦး ပိုင်ဆိုင်သည့် ဆိုင်ကယ်နှစ်စီးကို ယူဆောင်သွားသည်။

 

#PeopleMedia

 

(unicode)


………………………………

 


 


 


 


 


 

#PeopleMedia


Share this post