• Follow Us on

Home မုံရွာမြို့နယ်၊ ထွေအုပ်အကြီးတန်းစာရေးတစ်ဦး တာဝန်မှ နုတ်ထွက်

မုံရွာမြို့နယ်၊ ထွေအုပ်အကြီးတန်းစာရေးတစ်ဦး တာဝန်မှ နုတ်ထွက်

Share this post

မုံရွာ၊ အောက်တိုဘာ ၁၄ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ တာဝန်ထမ်းဆောင်နေသော ဦး ဇော်မြင့်ထွန်း အကြီးတန်းစာရေး ကိုယ်ပိုင်အမှတ် (က/ ၁၀၈၈၂၇) သည် တာဝန်မှ နုတ်ထွက်ခွင့်ပြုပါရန် အောက်တိုဘာလ ၁ ရက်နေ့က သက်ဆိုင်ရာဌာနထံ တင်ပြထားပါတယ်။

 

“စိတ်မကောင်းစရာပါ။ စိတ်ရင်းကောင်းသူပါ။ ပင်စင်ထိ မစောင့်ဘဲ နုတ်ထွက်တာ စိတ်မကောင်းဘူး။ ဒီလို ဖြစ်စဉ်ကို သက်ဆိုင်သူတွေ အဖြေရှာပေးကြပါလို့” မုံရွာမြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးက ပြောပါတယ်။

 

လက်ရှိအချိန်၌ စစ်ကိုင်းဒေသကြီး၊ မုံရွာမြို့နယ်အပါအဝင် စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ မြို့နယ်များ မုံရွာမြို့နယ် နှင့်ဆက်စပ်သည့် မြို့နယ်များ၌ ဌာနဆိုင်ရာဝန်ထမ်းများသည် PDF များ၏ လုပ်ကြံနေမှုများကို ကြောက်၍ တာဝန်မှ နုတ်ထွက်လျက်ရှိပါတယ်။

 

တပ်မတော်က နိုင်ငံတော်တာဝန်ကို ရယူပြီးနောက် တိုင်းဒေသကြီး/ပြည်နယ်များရှိ ဆရာတော်များ၊ ဌာန ဆိုင်ရာများ၊ ရပ်ကျေးအုပ်ကြီးများ၊ ပြည်ခိုင်ဖြိုးပါတီဝင်များ ၊ဒလန်ဟုစွပ်စွဲခံရသူများသည် လုပ်ကြံခြင်း ခံရ လျက်ရှိပါတယ်။

 

#PeopleMedia #ပြည်ထဲရေး #မုံရွာ

 

(unicode)


………………………………………………………..

 


 


 


 


 


 



Share this post