• Follow Us on

Home မုံရွာမြို့နယ်၊ နွားထိန်းကျေးရွာ၌ အသက် ၇၀ အရွယ်ရှိ အုပ်ချုပ်ရေးမှူး သေနတ်နှင့် ပစ်ခတ်ခံရ၍ သေဆုံး

မုံရွာမြို့နယ်၊ နွားထိန်းကျေးရွာ၌ အသက် ၇၀ အရွယ်ရှိ အုပ်ချုပ်ရေးမှူး သေနတ်နှင့် ပစ်ခတ်ခံရ၍ သေဆုံး

Share this post

မုံရွာ၊ ဒီဇင်ဘာ ၁၀ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ မုံရွေးကျေးရွာအုပ်စု၊ နွားထိန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းညွှန့် (၇၀နှစ်) သည်  ဒီဇင်ဘာ ၈ ရက် ညနေပိုင်းက သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတဲ့အတွက် သေဆုံးသွားတယ်လို့ သိရပါတယ်။

 

“နွားထိန်းရွာ အုပ်ကြီး ဦးသန်းညွှန့်က သူ့အိမ်မှာရှိနေတဲ့အချိန် ဆိုင်ကယ်နဲ့ လူနှစ်ယောက်ကလာပြီး ပစ်သွား တာ”လို့ မုံရွေးရွာခံတယောက်က ပြောပါတယ်။

 

နွားထိန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းညွှန့်ဟာ နေအိမ်မှာ ရှိနေတဲ့အချိန် အမည်မသိ လူ(၂)ဦးက ဆိုင် ကယ်နဲ့ ရောက်ရှိလာပြီး သေနတ်နဲ့ ပစ်ခတ်သွားတာ ဖြစ်တယ်လို့ သိရပါတယ်။

 

ဒီလို ပစ်ခတ်ခံရတဲ့အတွက် အုပ်ချုပ်ရေးမှူး ဦးသန်းညွန့်မှာ ဦးခေါင်းမှာ ကျည်ဆံဖောက်ဝင်ဒဏ်ရာရရှိပြီး နေရာမှာတင် သေဆုံးသွားတယ်လို့ သိရပါတယ်။

 

ပစ်ခတ်မှုဖြစ်ပြီးတော့ အခင်းဖြစ်ရာနေရာကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေ လာရောက်စစ်ဆေးခဲ့ပြီး၊ သေဆုံးသူရဲ့ အလောင်းကို မုံရွာမြို့ဆေးရုံကြီးကို သယ်ယူသွားတယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မုံရွာမြို့နယ်၊ ဆည်ကြီးတောရွာ အုပ်ချုပ်ရေးမှူးအပါအဝင် လူ (၄) ဦး အသတ်ခံရတဲ့ လူသတ်မှုဖြစ်စဉ်တစ်ခုလည်း ဖြစ်ပွားခဲ့ပါသေးတယ်။

 

သွန်းသွန်း

 

#PeopleMedia #မုံရွာ

 

(unicode)


…………………………………………………

 


 


 


 


 


 


 


 


 



Share this post