• Follow Us on

Home မုံရွာမြို့နယ်၌ အသက် ၅၁ နှစ်အရွယ်ရှိ ပန်းရောင်းသူ အမျိုးသမီးတစ်ဦးကို အမျိုးသားနှစ်ဦးက သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်

မုံရွာမြို့နယ်၌ အသက် ၅၁ နှစ်အရွယ်ရှိ ပန်းရောင်းသူ အမျိုးသမီးတစ်ဦးကို အမျိုးသားနှစ်ဦးက သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်

Share this post

မုံရွာ၊ ဇန်နဝါရီ ၇ (People Media)

 

ဇန်နဝါရီ ၆ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၌ ပန်းရောင်းချ၍ အသက်မွေးဝမ်းကြောင်းပြုနေသူ အသက် ၅၁ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးကို အမည်မသိ အမျိုးသားသေနတ်သမားနှစ်ဦးက သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့သည်။

 

ဖြစ်စဉ်မှာ ဇန်နဝါရီ ၆ ရက်နေ့ မုံရွာ- မန္တလေးသွားကားလမ်း၊ တောင်ပုံကျေးရွာအနီး၌ ဆိုင်ကယ်ဖြင့် လိုက်လံ၍ ဈေးရောင်းပြီး ပြန်လာသည့် အမျိုးသမီးတစ်ဦးကို အမည်မသိ အမျိုးသား သေနတ်သမားနှစ်ဦးက သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

 

“သူနေတဲ့ ကျေးရွာအရောက်နားမှာ အပစ်ခံရတာ ဆိုင်ကယ်စီးရင်းနဲ့ နောက်ကလိုက်လာပြီးတော့ ပစ်တဲ့သ ဘောရှိတယ်။ အပစ်ခံရတဲ့ အမျိုးသမီးကတော့ နေရာမှာတင်ပဲဆုံးပါတယ်။” လို့ ဒေသခံတစ်ဦးက ပြောသည်။

 

မုံရွာမြို့သည် န-မ-ခ စစ်တိုင်း အခြေစိုက်ရာမြို့ဖြစ်သလို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးစိုက်ရာ မြို့ ဖြစ်သော်လည်း ပြည်သူများ၏ လုံခြုံရေးနှင့်ပတ်သတ်ပြီး ဆောင်ရွက်ချက်များသည် မေးခွန်းထုတ်ဖွယ်ဖြစ် နေကြောင်း မြို့ခံအချို့က ဝေဖန်သည်။

 

အလားတူ ပြီးခဲ့သည့်လပိုင်းကလည်း မုံရွာမြို့၌ ကွမ်းယာရောင်းချသူများအပါအဝင် အခြားသော ပြည်သူများ လုပ်ကြံခံရသော်လည်း ကျူးလွန်သူကို ဖမ်းဆီးနိုင်ခြင်းမရှိကြောင်း သိရသည်။

 

#PeopleMedia #မုံရွာ #ပန်းရောင်းသူ

 

(unicode)


…………………………………………………

 


 


 


 


 


 


 



Share this post