• Follow Us on

Home မုံရွာမြို့ရှိ Mytel ရုံး ဗုံးခွဲခံရသော်လည်း လူထိခိုက်မှု လုံးဝမရှိခဲ့၊ ၎င်းတို့လက်ချက်ဖြစ်ကြောင်း ဒေသခံ PDF အဖွဲ့ ထုတ်ပြန်

မုံရွာမြို့ရှိ Mytel ရုံး ဗုံးခွဲခံရသော်လည်း လူထိခိုက်မှု လုံးဝမရှိခဲ့၊ ၎င်းတို့လက်ချက်ဖြစ်ကြောင်း ဒေသခံ PDF အဖွဲ့ ထုတ်ပြန်

Share this post

.မုံရွာ၊ စက်တင်ဘာ ၁၅ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ Mytel ရုံးသည် စက်တင်ဘာ ၁၅ ရက်နေ့ နံနက်ပိုင်းအချိန်၌ ဗုံးခွဲခံခဲ့ရပြီး ဖြစ်စဉ်သည် ၎င်းတို့ လက်ချက်ဖြစ်ကြောင်း သံမဏိနှင့် အဖွဲ့သားများ-MPDF က ထုတ်ပြန်ခဲ့သည်။

 

ယင်းဖြစ်စဉ်ကြောင့် လူထိခိုက်မှုမရှိသော်လည်း ရုံးအဆောက်အဦးသာ အနည်းငယ်ထိခိုက်ခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။

 

၎င်းတို့အဖွဲ့မှ “ဒီနေ့မနက်ခင်းလေးမှာတော့ မုံရွာ Mytel ရုံးကို ကျွန်တော်တို့အဖွဲ့သားများက သီတင်းကျွတ်ပေး ခဲ့ပါတယ်” ဟု MPDF အဖွဲ့မှ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

 

အလားတူ စက်တင်ဘာလအထိ ဆက်သွယ်ရေးတာဝါတိုင် ၆၈ အထိဖျက်ဆီးခံနေရပြီး ယင်းနောက်ပိုင်းတွင် လည်း မီးရှို့ဖျက်ဆီးခံရသည့် တာဝါတိုင်များနှင့် ဆက်စပ်စက်ပစ္စည်းများ ဖျက်ဆီးခံရလျက်ရှိသည်။

 

#PeopleMedia #Mytel #MPDF #ဖောက်ခွဲခံရ

 

(unicode)


…………………………………………………………

 


 


 


 


 


 



Share this post