• Follow Us on

Home မုံရွာမြို့အထွက် စစ်ဆေးရေးဂိတ်အနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား

မုံရွာမြို့အထွက် စစ်ဆေးရေးဂိတ်အနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား

Share this post

မုံရွာ၊ သြဂုတ် – ၁၆ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မြောက်ဘက်အထွက် စစ်ဆေးရေးဂိတ်အနီးတွင် ယနေ့ နံနက်ပိုင်း ဗုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။

 

“မုံရွာမြို့မြောက်ဘက်အထွက်က စစ်ဆေးရေးဂိတ်အနီးမှာ ဒီနေ့ နံနက် ၁၀ နာရီလောက်က ဗုံးပေါက်ကွဲမှု ဖြစ်တယ်။ လူထိခိုက်တော့ မရှိဘူးလို့ သိရတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

 

သြဂုတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းက မုံရွာမြို့နာရီစင်အနီးတွင် ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးဆောင်ရွက်နေစဉ် ဗုံးပေါက်ကွဲခဲ့ပြီး ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။

 

#PeopleMedia #မုံရွာ

 

(unicode)


…………………………………………………

 


 


 


 


 



Share this post