• Follow Us on
Latest News

Home မုံရွာမြို့ပေါ်၌ ယာဉ်ထိန်းရဲတစ်ဦး တာဝန်ထမ်းဆောင်နေစဉ် သေနတ်ဖြင့် လုပ်ကြံခံရ

မုံရွာမြို့ပေါ်၌ ယာဉ်ထိန်းရဲတစ်ဦး တာဝန်ထမ်းဆောင်နေစဉ် သေနတ်ဖြင့် လုပ်ကြံခံရ

Share this post

မုံရွာ၊ စက်တင်ဘာ – ၂၂ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ယာဉ်ထိန်းရဲတစ်ဦးသည် တာဝန်ထမ်းဆောင်နေစဉ် ယနေ့ နံနက်ပိုင်းက  သေနတ်ဖြင့် လုပ်ကြံခံခဲ့ရသည်။

 

မုံရွာမြို့၊ ပြည်ထောင်စုလမ်းနှင့် မြို့ပတ်လမ်း မီးပွိုင့်တွင် တာဝန်ကျနေသောယာဉ်ထိန်းရဲတစ်ဦးကို အမည်မသိ သေနတ်သမားတစ်ဦးက ပစ်ခတ်သွားခြင်းဖြစ်သည်။

 

“ဒီနေ့ မနက်ပိုင်းက ယာဉ်ထိန်းရဲတစ်ဦးကို အမည်မသိတစ်ဦးက သေနတ်နဲ့ ပစ်ခတ်သွားတာဗျ။ အဲဒီနေရာ ဘယ်သူမှ သွားမကြည့်ရဘူး။ ပစ်ခံရတဲ့သူက သေလားဆိုတာ သေချာမသိရဘူးဗျ” ဟု မုံရွာမြို့ဒေသခံ တစ်ဦးကပြောသည်။

 

မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MPDF) မှ အဆိုပါမီးပွိုင့်တွင် တာဝန်ကျနေသော ယာဉ်ထိန်းရဲ တစ်ဦးကို ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

#PeopleMedia #မုံရွာမြို့

 

(unicode)


………………………………………………………………..

 


 


 


 


 


 



Share this post