• Follow Us on

Home မုံရွာမြို့၊ စီးပွားရေးဘဏ်မှ လုံခြုံရေးတာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦး သေနတ်ယူဆောင်ပြီး CDF အဖွဲ့သို့ ရောက်ရှိ

မုံရွာမြို့၊ စီးပွားရေးဘဏ်မှ လုံခြုံရေးတာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦး သေနတ်ယူဆောင်ပြီး CDF အဖွဲ့သို့ ရောက်ရှိ

Share this post

မုံရွာ၊ စက်တင်ဘာ ၂၀ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြန်မာစီးပွားရေးဘဏ်၌ တာဝန်ကျ ရဲဝန်ထမ်းတစ်ဦးသည် သေနတ်ယူ ဆောင်ပြီး ဟားခါး(CDF)အဖွဲ့သို့ ရောက်ရှိသွားခဲ့သည်။

 

အဆိုပါ ရဲတပ်ဖွဲ့ဝင်တစ်ဦးသည် စက်တင်ဘာ ၁၉ ရက်နေ့ နံနက် (၄း၀၀) အချိန်၌ လက်နက်များ ယူဆောင်ပြီး ထွက်ပြေးသွားခဲ့တာလည်း ဖြစ်ပါတယ်။

 

ထွက်ပြေးသွားသည့် ရဲတပ်ဖွဲ့ဝင်ကို သက်ဆိုင်ရာ တာဝန်ရှိသူများက လိုက်လံရှာဖွေခဲ့သော်လည်း တွေ့ရှိခဲ့ခြင်း မရှိကြောင်း သိရပါတယ်။

 

အဆိုပါဖြစ်စဉ်အပေါ် People Media သတင်းဌာနက သက်ဆိုင်ရာတာဝန်ရှိသူများထံ မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပါ။

 

စီးပွားရေးဘဏ်၌ တာဝန်ကျ ရဲဝန်ထမ်းသည် မုံရွာမြို့ PDF အဖွဲ့နှင့်ချိတ်ဆက်ပြီး ထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

#PeopleMedia #မုံရွာမြို့စီးပွားရေးဘဏ်

 

(unicode)


…………………………………………………………

 


 


 


 


 


 


 



Share this post