• Follow Us on

Home မုံရွာမြို့၊ တိုင်းစိုက်ပျိုးရေးခြံစည်းရိုးအနီး မိုင်းပေါက်ကွဲပြီး အသက်ရှင်လွတ်မြောက်ခဲ့သည့် မိဘမဲ့ အသက် တစ်နှစ်ကျော်ရှိ ကလေးငယ် မျက်လုံးနှစ်လုံး၊ ခြေထောက်နှစ်ဖက်နှင့် လက်တစ်ဖက် ဆုံးရှုံးခဲ့

မုံရွာမြို့၊ တိုင်းစိုက်ပျိုးရေးခြံစည်းရိုးအနီး မိုင်းပေါက်ကွဲပြီး အသက်ရှင်လွတ်မြောက်ခဲ့သည့် မိဘမဲ့ အသက် တစ်နှစ်ကျော်ရှိ ကလေးငယ် မျက်လုံးနှစ်လုံး၊ ခြေထောက်နှစ်ဖက်နှင့် လက်တစ်ဖက် ဆုံးရှုံးခဲ့

Share this post

မုံရွာ၊ အောက်တိုဘာ ၂၉ (People Media)

 

ပြီးခဲ့သည့်ရက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ တိုင်းစိုက်ပျိုးရေးခြံစည်းရိုးအနီး၌ အကြမ်းဖက် အဖွဲ့များထောင်ထားသည့် မိုင်းပေါက်ကွဲပြီး မိဘမဲ့ကလေးငယ် ၃ ဦးအနက် ကလေးငယ်နှစ်ဦးသည် ပွဲချင်းပြီး သေဆုံးခဲ့သည်။

 

အဆိုပါ ပေါက်ကွဲမှုကြောင့် အသက်ရှင်လွတ်မြောက်ခဲ့သည့် တစ်နှစ်အရွယ်ကလေးငယ်သည် မိုင်းစထိမှန် ဒဏ်ရာကြောင့် မျက်လုံးနှစ်လုံး၊ ခြေထောက်နှစ်ဖက်နှင့် လက်တစ်ဖက်ဆုံးရှုံးခဲ့သည်။

 

ကလေးငယ်၏ ကျန်းမာရေးအတွက် လက်ရှိအချိန်၌ ရွှေပြည်တော်သို့ဆုံမှတ်အသင်းမှ ကူညီစောင့်ရှောက် ပေးလျက်ရှိကြောင်း သိရသည်။

 

မိုင်းပေါက်ကွဲမှုကြောင့် ခန္ဓာကိုယ်အစိတ်အပိုင်းများ ပျက်စီးဆုံးရှုံးခဲ့သည့် ကလေးငယ်သည် မူလက မုံရွာမြို့ ပြည်သူ့ဆေးရုံကြီး၌ ကုသခဲ့သော်လည်း လက်ရှိအချိန်၌ မန္တလေးမြို့ပြည်သူ့ဆေးရုံကြီး၌ လွှဲပြောင်းကုသမှု ခံယူနေကြောင်း သိရပါတယ်။

 

“ဒီကလေးက အခုလောလောဆယ်မှာ မိဘမရှိဘူး။ ဆေးဝါးကုသစရာပိုက်ဆံမရှိဘူး။ လူနာစောင့်မရှိဘူး။ ဒါကြောင့် မန္တလေးက တပ်မတော်ချစ်မြတ်နိုးသူများအဖွဲ့နဲ့ ကျွန်တော်တို့ ရွှေပြည်တော်သို့ဆုံမှတ်အသင်းက လောလောဆယ် ကူညီစောင့်ရှောက်ထားတယ်လို့” အသင်းတာဝန်ရှိသူ ဦးဉာဏ်မင်းထွန်းကပြောပါတယ်။

 

ကလေးငယ်၏ ဆေးဝါကုသရေးနှင့်ပတ်သက်ပြီး အများပြည်သူအနေဖြင့် လှူဒါန်းလိုလျှင် ရွှေပြည်တော်သို့ ဆုံမှတ်အသင်း ဦးဆောင်ကော်မတီဝင် ဦးဉာဏ်မင်းထွန်း (ဖုန်း ၀၉-၂၆၂၃၃၃၃၅၅) ထံ ဆက်သွယ်လှူဒါန်း နိုင်ပါတယ်။

 

#PeopleMedia #မုံရွာမြို့ #မိဘမဲ့ကလေးငယ်

 

(unicode)


………………………………………………………

 


 


 


 


 


 


 


 



Share this post