• Follow Us on

Home မုံရွာမြို့၊ ဈေးဟောင်းအနီး၌ အမျိုးသားတစ်ဦး ယနေ့ နံနက်ပိုင်းက သေနတ်ဖြင့် လုပ်ကြံခံရ

မုံရွာမြို့၊ ဈေးဟောင်းအနီး၌ အမျိုးသားတစ်ဦး ယနေ့ နံနက်ပိုင်းက သေနတ်ဖြင့် လုပ်ကြံခံရ

Share this post

မုံရွာ၊ နိုဝင်ဘာ ၁၆ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဆုတောင်းပြည့်ဘုရားအရှေ့ဘက်၊ ဈေးဟောင်းအနီး၌ အမျိုးသားတစ်ဦး သည် ယနေ့ နံနက်ပိုင်းက သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရပါတယ်။

 

“ဖြစ်စဉ်ကဟုတ်တယ် အသတ်ခံရတာ။ အသက်ရှိသေးလားကြည့်တော့ လူနာက Dead Body ဖြစ်သွားပြီ” လို့ မျက်မြင်တွေ့သူတစ်ဦးမှ ပြောပါတယ်။

 

ထိုကဲ့သို့ လုပ်ကြံခံရသောသူသည် တပ်မတော်ဝင်တစ်ဦးဖြစ်တယ်လို့ မီဒီယာအချို့၌ ရေးသားမှုများရှိနေ သော်လည်း People Media အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

 

အလားတူ မုံရွာမြို့၌ မကြာခဏ လုံခြုံရေးအဖွဲ့များကို သတင်းပေးဟု ယူဆခံရသူများ၊ ဆရာတော်များ လုပ်ကြံခြင်းခံနေရသော်လည်း သက်ဆိုင်ရာက ဖော်ထုတ်နိုင်ခြင်း မရှိသေးပါဘူး။

 

Photo – Credit

 

#PeopleMedia #မုံရွာမြို့

 

(unicode)


……………………………………………………

 


 


 


 


 


 

Photo – Credit

 



Share this post