• Follow Us on

Home မုံရွာမြို့၌ ကွမ်းယာဆိုင်၌ ထိုင်နေသည့် အသက် ၆၀ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးကို လုပ်ကြံပြီး ဆိုင်ကယ် ဖြင့် ထွက်ပြေးသွားသည့် လူငယ်နှစ်ဦးသည် ၎င်းတို့ကိုင်ဆောင်သည့် သေနတ်နှင့်အတူ ဖမ်းဆီးခံရ

မုံရွာမြို့၌ ကွမ်းယာဆိုင်၌ ထိုင်နေသည့် အသက် ၆၀ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးကို လုပ်ကြံပြီး ဆိုင်ကယ် ဖြင့် ထွက်ပြေးသွားသည့် လူငယ်နှစ်ဦးသည် ၎င်းတို့ကိုင်ဆောင်သည့် သေနတ်နှင့်အတူ ဖမ်းဆီးခံရ

Share this post

မုံရွာ၊ ဇန်နဝါရီ ၁၃ (People Media)

 

ဇန်နဝါရီ ၁၁ ရက်နေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်၊ နယ်မြေ ၆၊ ဗိုလ်တေဇ လမ်းဘေးရှိ ကွမ်းယာဆိုင်တစ်ဆိုင်၌ ထိုင်နေသည့် အသက် ၆၀ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးကို လုပ်ကြံ ပြီးနောက် ထွက်ပြေးသွားသည့် လူငယ်နှစ်ဦးကို ၎င်းတို့ ကိုင်ဆောင်သည့် ပစ္စတိုသေနတ်နှင့်အတူ ဖမ်းဆီးရမိ ခဲ့ကြောင်း ဒေသခံများက ပြောသည်။

 

“၁၁ ရက်နေ့ နံနက် ၉ နာရီအချိန်က ဗိုလ်တေဇလမ်းဘေးမှာရှိတဲ့ သဟဇာတ ကွမ်းယာဆိုင်ပိုင်ရှင် ကိုကျော် ခိုင်ရဲ့ အဖေဖြစ်သူ ဦးအုန်းချိုဆိုသူက ကွမ်းယာဆိုင်ကို ရောက်လာပြီး ဆိုင်ရဲ့နောက်မှာရှိတဲ့ ခုံတန်းလျားပေါ် မှာ ထိုင်နေတယ်။ အဲ့ဒီ့အချိန်မှ အမည်မသိ လူနှစ်ယောက်က ဆိုင်ကယ် ၁ စီးနဲ့ ရောက်လာပြီး ဦးအုန်းချိုရဲ့ ဦးခေါင်းဘယ်ဘက်အခြမ်းနားနောက်နေရာကို သေနတ်နဲ့ တေ့ပစ်ပြီး သတ်သွားတာ” လို့ ဖြစ်စဉ်အနီးရှိ ပြည်သူ တစ်ဦးက ပြောသည်။

 

ဖြစ်စဉ်ကြောင့် သေနတ်ဖြင့် လုပ်ကြံခံရသည့် အသက် ၆၀ နှစ်အရွယ် ဦးအုန်းချိုမှာနေရာ၌ ပွဲချင်းပြီး သေဆုံး ခဲ့သည်။ အဆိုပါဖြစ်စဉ်ကြောင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်၊ ရေကူးကန်လမ်းနှင့် ကျော က္ကာလမ်းဆုံးမီးပွိုင့်အနီးတွင် ယာဉ်သွားယာဉ်လာများကို ပိတ်ဆို့စစ်ဆေးနေစဉ် လုပ်ကြံခဲ့သည့် သေနတ်သမား နှစ်ဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

 

“ဦးအုန်းချို အသတ်ခံရပြီးနောက် မိနစ်ပိုင်းအကြာမှာ လူနှစ်ယောက် သေနတ် ၁ လက်နဲ့အတူ ဖမ်းမိတယ်” လို့ မုံရွာမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက အတည်ပြုသည်။

 

ဖမ်းဆီးခံရသည် လူငယ်နှစ်ဦးမှာ မုံရွာမြို့၊ မြဝတီရပ်ကွက် နယ်မြေ ၁ နေ မောင်အောင်သူရဆိုသူနှင့် မုံရွာ မြို့နယ်၊ ရေကန်စုကျေးရွာနေ ခန့်စည်သူ(ခ)စည်သူ ပထဝီဝင် ပထမနှစ်ကျောင်းသားတို့ဖြစ်ပြီး ၎င်းတို့နှင့်အတူ သြစတေးလျနိုင်ငံထုတ် ပစ္စတိုသေနတ် ၁ လက်၊ ကျည်အိမ် ၂ ခု၊ ကျည်ဆံ ၁၆ တောင့်၊ ဖုန်း ၄ လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

 

သွန်းသွန်း(PeopleMedia)

 

#PeopleMedia #မုံရွာမြို့

 

(unicode)


………………………………………………..

 


 


 


 


 


 


 


 



Share this post