• Follow Us on

Home မုံရွာမြို့၌ စိတ်မနှံ့ဘဲ စက်ဘီးတစ်စီးဖြင့် လျောက်သွားနေသည့် ရဟန်းတစ်ပါး သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံ ရ

မုံရွာမြို့၌ စိတ်မနှံ့ဘဲ စက်ဘီးတစ်စီးဖြင့် လျောက်သွားနေသည့် ရဟန်းတစ်ပါး သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံ ရ

Share this post

မုံရွာ၊ နိုဝင်ဘာ ၁၅ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ပြည်ထောင်စုလမ်းမကြီးရှိ မီးပွိုင့်၌ စိတ်မနှံ့ဘဲ စက်ဘီးတစ်စီးဖြင့် လျောက် သွားနေသည့် ရဟန်းတစ်ပါးသည် မနေ့က အကြမ်းဖက်သမားများ၏ သေနတ်ဖြင့် လုပ်ကြံခဲ့မှုကြောင့် နေရာ၌ ပွဲချင်းပြီး ပျံလွန်တော်မှုသွားခဲ့ပါတယ်။

 

“ဆရာတော်က စိတ်ရောဂါရှိတယ်။ စိတ်မနှံ့ဘူး။ စက်ဘီးတစ်စီးနဲ့ လျောက်သွားနေတာ။ အဲ့ဒါကို လုပ်ကြံ သတ်ဖြတ်သွားတာ” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

 

အလားတူ ပြီးခဲ့သည့်ရက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၌ ကျောင်းထိုင်ဆရာတော်တစ်ပါး သည် နေဆွမ်းဘုဉ်းပေးနေစဉ် သေနတ်ဖြင့် လုပ်ကြံခံရ၍ ပျံလွန်တော် မူသွားခဲ့ပါတယ်။

 

ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ သံဃာတော်များသည် အကြမ်းဖက်အဖွဲ့များ၏ ဖမ်းဆီးခြင်းကို ခံနေရသလို သံဃာတော်အချို့သည် လုပ်ကြံသတ်ဖြတ်ခံရမှုများ ဖြစ်ပေါ်နေပါတယ်။

 

Photo – credit

 

#PeopleMedia #စစ်ကိုင်းမြို့

 

(unicode)


……………………………………………………..

 


 


 


 


 


 

Photo – credit

 



Share this post