• Follow Us on

Home မုံရွာမြို့၌ ဆိုင်ကယ်ရောင်းချသူ ဓားဖြင့် ထိုးသတ်ခံရပြီး ဆိုင်ကယ်ယူဆောင်ခြင်းခံခဲ့ရ၊ ကျူးလွန်သူ ဖမ်းမိ

မုံရွာမြို့၌ ဆိုင်ကယ်ရောင်းချသူ ဓားဖြင့် ထိုးသတ်ခံရပြီး ဆိုင်ကယ်ယူဆောင်ခြင်းခံခဲ့ရ၊ ကျူးလွန်သူ ဖမ်းမိ

Share this post

မုံရွာ၊ ဒီဇင်ဘာ ၂၀ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ရှောက်ခါနယ်မြေ(၁)၌ ဒီဇင်ဘာ ၁၉ ရက် ညနေပိုင်းက ဆိုင်ကယ်ရောင်းချ သူ အမျိုးသားတစ်ဦးထံမှ ဆိုင်ကယ်ဝယ်ယူမည်ဟုဆိုကာ အမျိုးသားတစ်ဦးက နေရာတစ်ခုကို ချိန်းဆိုပြီး ဆိုင်ကယ်ရောင်းသူကို ဓါးဖြင့် ထိုးသတ်ခဲ့ပြီးနောက် ဆိုင်ကယ်ကို ယူဆောင်သွားသည့် ဖြစ်စဉ်ပေါ်ပေါက်ခဲ့ သည်။

 

ဖြစ်စဉ်မှာ မုံရွာမြို့၊ ရှောက်ခါနယ်မြေ (၁)၌ နေထိုင်သည့် ဆိုင်ကယ်ရောင်းချသူထံမှ ဆိုင်ကယ်ဝယ်ယူရန် အမျိုးသားတစ်ဦးက ချိန်းဆိုပြီးနောက် အထက်ပါအတိုင်း လုပ်ကြံသတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

 

“ညနေပိုင်းလောက် ဝယ်မဲ့သူက ကြည့်မယ်ဆိုပြီး ဖုန်းဆက်ခေါ်လို့ အိမ်ကထွက်သွားတာ။ လူပျက်တဲ့နေရာမှာ အသတ်ခံရတာ။ အဲ့သတ်တဲ့သူကိုလည်း ညခင်းမှာပဲ ဆိုင်ကယ်နဲ့ မိသွားတယ်”ဟု သေဆုံးသူ၏ ဦးလေးဖြစ်သူ က ပြောဆိုသည်။

 

ဆိုင်ကယ်ဝယ်မည်ဟု ချိန်းဆိုခဲ့သူမှ ဓားဖြင့်ထိုးခဲ့မှုကြောင့် ဆိုင်ကယ်ရောင်းချသူမှာ သေဆုံးခဲ့ပြီး သေဆုံးသူ၏ အလောင်းကို မုံရွာမြို့၁၀ မိုင်ကျော်လောက်ရှိသည့် ကံပြားဆုံကုန်းရွာတွင် ပြန်လည်တွေ့ရှိခဲ့သည်။

 

လက်ရှိအချိန်၌ ကျူးလွန်သူအမျိုးသားကို ဖမ်းဆီးရမိခဲ့ပြီး ဥပဒေအရ ဆက်လက်ဆောင်ရွက်နေကြောင်း သိရ သည်။

 

Photo – Credit

 

#PeopleMedia #မုံရွာမြို့

 

(unicode)


……………………………………………………

 


 


 


 


 


 


 

Photo – Credit

 



Share this post