• Follow Us on

Home မုံရွာမြို့၌ ယာဉ်စစ်ဆေးသည့်နေရာ အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့သလို ခရီးသွားပြည်သူတစ်ဦး သေဆုံး

မုံရွာမြို့၌ ယာဉ်စစ်ဆေးသည့်နေရာ အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့သလို ခရီးသွားပြည်သူတစ်ဦး သေဆုံး

Share this post

မုံရွာ၊ ဇန်နဝါရီ ၅ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြဝတီရပ်ကွက်၌ ယာဉ်စစ်ဆေးသည့်နေရာ၌ ယနေ့ နံနက်ပိုင်းက အဝေးထိန်း မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရမှုကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သလို ခရီးသွားပြည်သူတစ်ဦး သေဆုံးခဲ့သည်။

 

ယာဉ်စစ်ဆေးသည့်နေရာ၌ အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် မုံရွာမြို့၊ ညောင်ပင်စောက်ရပ်ကွက်၌ နေထိုင်သည့် အမျိုးသားတစ်ဦးသည် မိုင်းစထိမှန်ပြီး နေရာ၌ ပွဲချင်းပြီး သေဆုံးခဲ့သလို တာဝန်ကျ ရဲဝန်ထမ်း တစ်ဦးလည်း ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

 

“တာဝန်ရှိတဲ့သူတွေက ယာဉ်စစ် ဆောင်ရွက်မယ်ဆိုရင် မိမိအသုံးပြုမည့်နေရာတစ်ဝိုက်ကို မိုင်းရှင်းလင်းရေး ဆောင်ရွက်သင့်တယ်။ စစ်ဆေးတဲ့နေရာကို တစ်နေရာထဲ ပုံသေမထားသင့်ဘူး။ အခုက မုံရွာမှာ အမြဲဖြစ်နေ တာ။ ဒါက ပေါ့ဆလို့ ခံရတာပါ။ ဥပမာဗျာ မနက်ဘက်စစ်မယ် ညဘက်စစ်တဲ့နေရာမှာ ကင်းမရှိဘူး။ အဲ့ဒီတော့ ညဘက် မိုင်းကို လာထားမယ်။ မနက်ပိုင်း စစ်ဆေးရေးစတဲ့နေရာမှာ ဖောက်ခွဲမယ်။ ဒီလိုလုပ်နေတာ။ ဒီလို မိုင်းရှင်းလင်းရေးမလုပ်ဘဲ ယာဉ်စစ်လုပ်နေရင် ဒီလို အလားတူကိစ္စတွေက ဖြစ်နေမှာပါ” လို့ လုံခြုံရေးအဖွဲ့ဝင် (ငြိမ်း)တစ်ဦးကပြောသည်။

 

မုံရွာမြို့သည် န-မ-ခအခြေစိုက်ရာ မြို့တစ်ခုဖြစ်သလို စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ ရုံးစိုက်ရာမြို့လည်းဖြစ်သည်။

 

#PeopleMedia #မုံရွာမြို့

 

(unicode)


………………………………………………….

 


 


 


 


 


 



Share this post