• Follow Us on

Home မုံရွာမြို့၌ လူနာသွားခေါ်သည့် လူနာတင်ယာဉ်ကို မိုင်းခွဲမှုသည် ၎င်းတို့ လက်ချက်ဖြစ်ကြောင်း မုံရွာမြို့ အခြေ စိုက် PDF အဖွဲ့ ထုတ်ပြန်

မုံရွာမြို့၌ လူနာသွားခေါ်သည့် လူနာတင်ယာဉ်ကို မိုင်းခွဲမှုသည် ၎င်းတို့ လက်ချက်ဖြစ်ကြောင်း မုံရွာမြို့ အခြေ စိုက် PDF အဖွဲ့ ထုတ်ပြန်

Share this post

မုံရွာ၊ မတ် ၂၃

 

မတ်လ ၂၂ ရက်နေ့ ညပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ လူနာသွားခေါ်သည့် လူနာတင်ယာဉ်ကို မိုင်းခွဲမှုသည် ၎င်းတို့ လက်ချက်ဖြစ်ကြောင်း မုံရွာမြို့အခြေစိုက် ယက္ခညီနောင် PDF အဖွဲ့က ထုတ်ပြန်ထား သည်။

 

ထိုကဲ့သို့ လူနာတင်ယာဉ်များ မိုင်းဆွဲတိုက်ခိုက်ခံရခြင်းကြောင့် လူနာတင်လမ်းကြောင်းများကို အကန့်အသတ် မရှိ ရပ်ဆိုင်းလိုက်ကြောင်း မုံရွာမြို့အခြေစိုက် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့က သတင်းထုတ်ပြန် ထားသည်။

 

“မနေ့ည မြင်းမူမှာ ဆိုင်ကယ်အက်စီးဒန့်ဖြစ်ထားတဲ့ လူနာ အရေးပေါ်ခွဲစိတ်ရမှာမို့ မုံရွာဆေးရုံကြီးကို အရေး ပေါ်ပို့ပေးပါဆိုပြီး အကူအညီတောင်းလို့ သွားခေါ်တာမှာ အသင်းရဲ့ ကားဟာ ကားကွင်းအသစ် မရောက်ခင်မှာ မိုင်းဆွဲခံခဲ့ရတယ်။ မှားဆွဲတာလား၊ ရည်ရွယ်ချက်ရှိရှိဆွဲတာလားဆိုတာ အသိရသေးဘူး။ ရည်ရွယ်ချက်ရှိရှိ ခွဲတာဆိုရင် အသင်းကို လုံးဝရပ်နားလိုက်မှာပါ” ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့၊ မုံရွာမြို့နယ်ရုံး၊ ဥက္ကဋ္ဌ ဦးစိန်ကိုကိုက ပြောသည်။

 

မြင်းမူမှ ဆိုင်ကယ်အက်စီးဒန့်ဖြစ်ထားသော လူနာအား မုံရွာတိုးဂိတ်ထိ သွားရောက်ခေါ်ဆောင်ကာ မုံရွာ ဆေးရုံကြီးသို့ ပို့ဆောင်ရန် ယမန်နေ့ ညပိုင်းက ကွက်ကဲရေးရုံးမှ လူနာတင်ယာဉ်တစ်စီး ထွက်ခဲ့ကြောင်း ထိုသို့ ထွက်ခွာလာရာ ကားသည် ကားကွင်း(အသစ်) မရောက်ခင်တွင် မိုင်းဆွဲခြင်းခံခဲ့ရကြောင်း၊ ယာဉ်ပေါ်လိုက်ပါ လာသူများ ထိခိုက်မှုမရှိသော်လည်း မော်တော်ယာဉ်မှာ အသေးစား ပျက်စီးမှုများ ပျက်စီးခဲ့ကြောင်း သိရသည်။

 

စစ်ကိုင်းတိုင်းဒေသကြီး၌ ဘာသာရေးယာဉ်များ၊ ကျန်းမာရေးယာဉ်များ၊ လူမှုကူညီရေးယာဉ်များအပါအဝင် အများပြည်သူယာဉ်များသည် မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံနေရသလို မိုင်းပေါက်ကွဲမှုကြောင့် သေဆုံး ဒဏ်ရာ ရရှိမှုများ ဖြစ်ပေါ်လျက်ရှိသည်။

 

(unicode)


……………………………….

 


 


 


 


 


 



Share this post