• Follow Us on

Home မုံရွာမြို့၌ ဈေးကောက်တစ်ဦး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံရ

မုံရွာမြို့၌ ဈေးကောက်တစ်ဦး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံရ

Share this post

မုံရွာ၊ အောက်တိုဘာ ၂၆ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ညောင်တစ်ပင်ဈေး(မြသလ္လာ)ဈေးတွင် ဈေးကောက်တစ်ဦး အောက်တိုဘာ လ ၂၅ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံရကြောင်း သိရှိရသည်။

 

ဖြစ်စဉ်မှာ အဆိုပါ မုံရွာမြို့၊ ညောင်တစ်ပင်ဈေး(မြသလ္လာ)ဈေးတွင် အောက်တိုဘာလ ၂၅ ရက်နေ့ ညနေပိုင်း အချိန်တွင် ဈေးကောက်တစ်ဦးအား သေနတ်ဖြင့် ၃ ချက်ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်းနှင့် ၎င်းဈေးကောက်မှာ နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရှိရသည်။

 

၎င်းဈေးကောက်အား မည်သည့်အဖွဲ့မှ မည်သည့်အကြောင်းကြောင့် ပစ်ခတ်သတ်ဖြတ်သည်ကိုမူ မသိရှိရ သေးပေ။

 

အလားတူ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အုပ်ချုပ်ရေးတာဝန်ရှိသူ များကို နယ်ခံ PDF များမှ ကျည်ဆံများနှင့် သတိပေးစာများ မကြာခဏပေးပို့ သတိပေးထုတ်ပြန်လျက်ရှိသည်။

 

Photo – Credit

 

#PeopleMedia #မုံရွာ #ဈေးကောက်

 

(unicode)

မုံရှာမွို့၌ စြေးကောကျတဈဦး သနေတျဖွင့ျ ပဈခတျသတျဖွတျခံရ

……………………………………………………………

 

မုံရှာ၊ အောကျတိုဘာ ၂၆ (People Media)

 


 


 


 


 

Photo – Credit

 



Share this post