• Follow Us on

Home မုံရွာမြို့၌ ထွေအုပ်ဝန်ထမ်းအမျိုးသမီးတစ်ဦး သေနတ်ဖြင့် (၆) ချက် ပစ်ခတ်လုပ်ကြံခံရပြီး သေဆုံး

မုံရွာမြို့၌ ထွေအုပ်ဝန်ထမ်းအမျိုးသမီးတစ်ဦး သေနတ်ဖြင့် (၆) ချက် ပစ်ခတ်လုပ်ကြံခံရပြီး သေဆုံး

Share this post

ရန်ကုန်၊ ဒီဇင်ဘာ ၂၈ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်၊ ရေကူးကန်လမ်းပေါ်တွင် အထွေထွေအုပ်ချုပ်ရေးရုံးမှ ဝန်ထမ်း အမျိုးသမီးတစ်ဦးသည် ယနေ့ နံနက် ၉ နာရီခန့်က သေနတ်ဖြင့် ၆ ချက် ပစ်ခတ်လုပ်ကြံခြင်းခံရ၍ သေဆုံးသွားသည်။

 

ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းဖြစ်သူ အမျိုးသမီးသည် ဆိုင်ကယ်ဖြင့်  ရုံး သွားနေစဉ် ချမ်းမြဝတီရပ်ကွက်လမ်းတစ်နေရာ၌ အမည်မသိ လူတစ်ချို့မှ ဆိုင်ကယ်ဖြင့် နောက်ကလိုက် လာပြီး သေနတ်ဖြင့် (၆) ချက် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း သိရသည်။

 

ထိုသို့ ပစ်ခတ်သွားခြင်းကြောင့် ထွေအုပ်ဝန်ထမ်းအမျိုးသမီးမှာ ကျည်ဖောက်ဝင် ဒဏ်ရာများဖြင့် နေရာ၌ပင် သေဆုံးသွားကြောင်း သိရသည်။

 

ထိုနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များ လာရောက်စစ်ဆေးခဲ့ပြီး၊ ဝန်ထမ်းအမျိုးသမီး၏ အလောင်းကိုတော့ သက်ဆိုင်ရာ ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

 

#PeopleMedia #နမခ

 

(unicode)


…………………………………………………………..

 


 


 


 


 


 



Share this post