• Follow Us on

Home မုံရွာမြို့၌ ခြေထောက်တစ်ဖက်ဖြင့် သွားလာနေသည့် တောင်းရမ်းစားသောက်သူ အမျိုးသားတစ်ဦး ဓားထိုးခံရ

မုံရွာမြို့၌ ခြေထောက်တစ်ဖက်ဖြင့် သွားလာနေသည့် တောင်းရမ်းစားသောက်သူ အမျိုးသားတစ်ဦး ဓားထိုးခံရ

Share this post

မုံရွာ၊ အောက်တိုဘာ ၅ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ ခြေထောက်တစ်ဖက်မရှိ၍ ချိုင်းထောက်ဖြင့် သွားလာနေပြီး တောင်းရမ်းစား သောက်သည့် အမျိုးသားတစ်ဦးသည် ဓားထိုးခံခဲ့ရပါတယ်။

 

ဖြစ်စဉ်မှာ ယနေ့နံနက်ပိုင်းက မုံရွာမြို့ သာစည်လမ်းနှင့် တိုင်းရင်းဆေးရုံလမ်း၌ ချိုင်းထောက်ဖြင့် ရပ်နေသည့် အမျိုးသားအနီးကို ဆိုင်ကယ်ဖြင့်ရောက်ရှိလာသည့် အမည်မသိအမျိုးသားနှစ်ဦးက ဓါးဖြင့်ထိုးခဲ့ခြင်းဖြစ်ပါတယ်။

 

“ဖြစ်စဉ်ကတော့ ဟုတ်ပါတယ်။ ဒါပေမယ့် အထိုးခံရတဲ့သူက သေသလားရှင်သလားဆိုတာကတော့ မသိရဘူး လဲကျနေတာတော့တွေ့ရတယ်၊ ပြီးတော့ အခြားအသင်းက လာကောက်သွားတယ်” ဟု ဒေသခံတစ်ဦးက ပြော ပါတယ်။

 

အလားတူ စက်တင်ဘာ ၂၉ ရက်နေ့၌ မုံရွာမြို့၊ ကျောက္ကာလမ်း၊ ဇလုပ်ဆီဆိုင်တန်းအနီးတွင် အမျိုးသားတစ်ဦး ကို လက်ပြန်ကြိုးတုတ်၍ လုပ်ကြံသတ်ဖြတ်သည့် ဖြစ်စဉ်များလည်း ရှိခဲ့ပါတယ်။

 

Photo – Credit (ဓါးဖြင့် လုပ်ကြံမှုမခံရမှီ ထွက်ပေါ်လာသည့် ဓါတ်ပုံ)

 

#PeopleMedia #မုံရွာ

 

(unicode)


…………………………………………………………………..

 


 


 


 


 


 


 



Share this post