• Follow Us on
Latest News

Home မုံရွာမြို့၌ PDF အကြမ်းဖက်များကို ထောက်ပံ့သူ ၅ ဦးအား ထောက်ပံ့ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

မုံရွာမြို့၌ PDF အကြမ်းဖက်များကို ထောက်ပံ့သူ ၅ ဦးအား ထောက်ပံ့ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

Share this post

မုံရွာ၊ ဖေဖော်ဝါရီ ၂၁ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် မုံရွာ၊ မြင်းမူနှင့် ချောင်းဦး PDF အကြမ်းဖက်များအတွက် ယူနီဖောင်း၊ တံ ဆိပ်၊ အလံများပြုလုပ်ပေးလျှက်ရှိသော PDF အကြမ်းဖက်များကို ထောက်ပံ့သူ ၅ ဦးအား  တာဝန်ရှိသူများက ဖမ်းဆီးလိုက်သည်။

 

ဖြစ်စဉ်မှာ မုံရွာမြို့ အလယ်ရပ်ကွက်၊ ကမ္ဘာသစ်လမ်းရှိ ခိုင်သဇင် တံဆိပ်ရိုက်လုပ်ငန်းကို တာဝန်ရှိသူများက  ဝင်ရောက်စစ်ဆေးရာ PDF အကြမ်းဖက်များအား ထောက်ပံ့သူဖြစ်သည့် မုံရွာမြို့အလယ်ရပ်နေသူ ခင်မို့မို့ခိုင်၊ စိုးမိုးအောင်၊ မိုးမိုးဆွေ၊ မြတ်မာမာအောင်နှင့် ဝင်းဝင်းနွယ်တို့အား ဖမ်းဆီးရမိခဲ့သည်။

 

တရားခံများနှင့်အတူ MMU-PDF တံဆိပ်ပါ တီရှပ်အင်္ကျီ (၃၀)ထည်ပါ (၄) ထုတ်၊ တာဝန်တံဆိပ်ပါ လက်ပတ် အနီ(၂၀)ခု၊ PDF တံဆိပ်ပါအလံအနီ (၇၀)ခု၊ တီရှပ် အင်္ကျီအနက် (၅၀)ထည်ပါ (၄)ထုတ်၊ တီရှပ်အင်္ကျီအနီ (၃၀၀)ထည်ပါ (၁)ထုတ်၊ တံဆိပ်ရိုက်အပူပေးစက် (၁)လုံး၊ PDF တံဆိပ်ရိုက်ခွက် (၃)ခု၊ တံဆိပ်ရိုက်ခွင် ၁၂ ခုနှင့် NLD တံဆိပ်ပါ MASK (၁၀၀) ခုတို့အား သိမ်းဆည်းရမိခဲ့သည်။

 

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး တာဝန်ရှိသူများက နေအိမ်နှင့် ဆိုင်များကို နိုင်ငံတော်ပိုင်ဘဏ္ဍာအဖြစ် ချိတ် ပိတ် သိမ်းဆည်းလိုက်သည်။

 

#PeopleMedia

 

(unicode)


…………………………………………………………

 


 


 


 


 


 

#PeopleMedia


Share this post