• Follow Us on

Home မုံရွာမြို့ တမာတန်းမီးပွိုင့်အနီးရှိ အမှိုက်ပုံထဲမှ ရှေ့ထွက်မိုင်းပေါက်ကွဲမှုကြောင့် မုံရွာမြို့ ရေအားလျှပ်စစ်လုပ် ငန်းဖော်ဆောင်ရေး တာဝန်ခံတစ်ဦး သေဆုံးပြီး အခြားသော ကလေးငယ် ၁ ဦး အပါအဝင် မိသားစု ၃ ဦး ပြင်း ထန်(စိုးရိမ်ရ) ဒဏ်ရာရရှိ

မုံရွာမြို့ တမာတန်းမီးပွိုင့်အနီးရှိ အမှိုက်ပုံထဲမှ ရှေ့ထွက်မိုင်းပေါက်ကွဲမှုကြောင့် မုံရွာမြို့ ရေအားလျှပ်စစ်လုပ် ငန်းဖော်ဆောင်ရေး တာဝန်ခံတစ်ဦး သေဆုံးပြီး အခြားသော ကလေးငယ် ၁ ဦး အပါအဝင် မိသားစု ၃ ဦး ပြင်း ထန်(စိုးရိမ်ရ) ဒဏ်ရာရရှိ

Share this post

မုံရွာ၊ ဇန်နဝါရီ ၁၁ (People Media)

 

ဇန်နဝါရီ ၁၀ ရက်၊ ညနေပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဒေါနခြံရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ တမာတန်း မီးပွိုင့်အနီးရှိ အမှိုက်ပုံအတွင်း၌ ရှေ့ထွက်မိုင်းပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပြီး မုံရွာမြို့ ရေအားလျှပ်စစ် လုပ်ငန်းဖော် ဆောင်ရေး တာဝန်ခံ ဦးအောင်နိုင်ဦး သေဆုံးခဲ့သလို အခြားသော လမ်းသွားလမ်းလာဖြစ်သည့် ကလေးငယ် ၁ ဦး အပါအဝင် မိသားစု ၃ ဦးသည် ပြင်းထန်(စိုးရိမ်ရ) ဒဏ်ရာရရှိခဲ့သည်။

 

အဆိုပါ ဖြစ်စဉ်အပေါ် People Media မှ ဒေသခံတစ်ဦးကို ဆက်သွယ်မေးမြန်းရာ “မီးပွိုင့်နားက အမှိုက်ပုံးထဲက နေ ပေါက်ကွဲတာပါ။ မိုင်းအမျိုးအစားက ရှေ့ထွက်မိုင်းဖြစ်ပြီး ဗိုလ်ချုပ်လမ်းဘက်ကို ပေါက်ကွဲမှု ဦးတည်ထား တာကြောင့် ပေါက်ကွဲမှု ပြင်းထန်တယ်လို့” ဒေသခံတစ်ဦးက ပြောသည်။

 

အဆိုပါ ရှေ့ထွက်မိုင်းပေါက်ကွဲမှုနှင့် ပတ်သက်ပြီး People Media က နယ်ခံ လူမှုကူညီရေးစေတနာ့ဝန်ထမ်း တစ်ယောက်ကို ဆက်သွယ်မေးမြန်းရာ “မုံရွာမြို့ ရေအားလျှပ်စစ်လုပ်ငန်းဖော်ဆောင်ရေး တာဝန်ခံ ဦးအောင် နိုင်ဦး အသက် ၄၆ နှစ် ဆိုသူက ကားမောင်းလာတဲ့အချိန် ကားရောလူပါ ထိခိုက်ပြီး သေဆုံးတာ။ ဆိုင်ကယ်စီး လာတဲ့ မိသားစုကတော့ မြောင်မြို့နယ် ကင်းကျေးရွာက ကိုဝင်းမင်းသူ၊ မမေဇင်ပြုံးနဲ့ သူတို့ရဲ့ သမီး အသက် ၇ နှစ်အရွယ် မအိမ့်မှူးသဒ္ဒါမင်းတို့ ၃ ယောက်က မိုင်းစထိမှန် ပြင်းထန်ဒဏ်ရာရခဲ့တာ” လို့ ပြောသည်။

 

ပေါက်ကွဲမှုဖြစ်စဉ်အနီးရှိ သစ်ထုတ်ရေးရုံးအဆောက်အဦး မှန်တံခါးတချို့ပျက်စီးပြီး လမ်းဘေး အရိပ်ရသစ်ပင် တွေ ကျိုးပဲ့ပျက်စီးခဲ့သည်။

 

အလားတူ ပြီးခဲ့သည့် အောက်တိုဘာလ ၁၄ ရက်နဲ့ ၂၄ ရက်တွေမှာ မုံရွာမြို့ မြို့လယ် မီးပွိုင့်အနီးက အမှိုက်ပုံး ပေါက်ကွဲမှုဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ် ၁ ဦး ၊ မုံရွာမြို့၊ ဒေါနခြံရပ် ပြည်သူ့ဆေးရုံကြီးနဲ့ သူနာပြု သင်တန်းကျောင်းအကြား ပေါက်ကွဲမှုမှာ အသက် ၁၀ နှစ်အောက်အရွယ် ကလေးငယ် ၃ ဦး သေဆုံးခဲ့သည်။

 

သွန်းသွန်း

 

#PeopleMedia #နမခ #မုံရွာမြို့

 

(unicode)


……………………………………………………

 


 


 


 


 


 


 


 



Share this post