• Follow Us on

Home မုံရွာမြို့ မဟာဇောတိကာရာမ စာသင်တိုက်ကြီးရှိ စာသင်သံဃာတော်များ COVID-19 ကူးစက်ခံနေရ

မုံရွာမြို့ မဟာဇောတိကာရာမ စာသင်တိုက်ကြီးရှိ စာသင်သံဃာတော်များ COVID-19 ကူးစက်ခံနေရ

Share this post

ရန်ကုန်၊ ဇူလိုင် – ၁၆ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မဟာဇောတိကာရာမ စာသင်တိုက်ကြီးရှိ စာသင်သံဃာတော်များ COVID-19 ကူးစက်ခံနေရတယ်လို့ စာသင်သံဃာတော်တစ်ပါးက People Media သို့ မိန့်ကြားပါတယ်။

 

မဟာဇောတိကာရာမ စာသင်တိုက်ကြီးရှိ သံဃာတော် (၃၀၀) ကျော်အနက် သံဃာတော် အပါး (၂၀၀) ကျော် ခန့်ကို COVID-19 ရောဂါပိုးမရှိ/ရှိ စစ်ဆေးရာ သံဃာတော် အပါး (၁၂၀) ကျော်၌ COVID-19 ရောဂါပိုး တွေ့ ရှိခဲ့တာလည်း ဖြစ်ပါတယ်။

 

လက်ရှိအချိန်၌ COVID-19 ကူးစက်ခံနေရသည့် သံဃာတော်များကို သက်ဆိုင်ရာအဖွဲ့အစည်းများက ကျန်း မာရေးစောင့်ရှောက်မှုတွေ ပေးနေတယ်လို့ အဆိုပါ ကျောင်းတိုက်ရှိ သံဃာတော်တစ်ပါးက ဆက်လက် မိန့် ပါတယ်။

 

#PeopleMedia #COVID-19 #မုံရွာမြို့ #စာသင်တိုက်

 

(unicode)


…………………………………..

 


 


 


 


 



Share this post