• Follow Us on

Home မုံရွာမြို့ ပြည်သူ့ဆေးရုံကြီးသို့ COVID-19 ကာကွယ်ဆေးထုတ်ယူပြီး အပြန်ခရီး၌ လူမှုကူညီရေးယာဉ်တစ်စီး ချောင်းဦးမြို့နယ်၌ မိုင်းဆွဲတိုက်ခိုက်ခံရ

မုံရွာမြို့ ပြည်သူ့ဆေးရုံကြီးသို့ COVID-19 ကာကွယ်ဆေးထုတ်ယူပြီး အပြန်ခရီး၌ လူမှုကူညီရေးယာဉ်တစ်စီး ချောင်းဦးမြို့နယ်၌ မိုင်းဆွဲတိုက်ခိုက်ခံရ

Share this post

စစ်ကိုင်း၊ ဖေဖော်ဝါရီ ၄ (People Media)

 

ဖေဖော်ဝါရီ ၂ ရက်နေ့၌ စစ်ကိုင်းမြို့ရှိ ပြည်သူများ COVID-19 ကာကွယ်ဆေးထိုးနှံနိုင်ရန် စစ်ကိုင်းမြို့မှ မုံရွာ မြို့ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်၍ ကာကွယ်ဆေးထုတ်ယူခဲ့သော လူမှုကူညီရေးယာဉ်တစ်စီးသည် ရေဦး မြို့နယ်အတွင်း၌ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသည်။

 

ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၂ ရက်နေ့က COVID ကာကွယ်ဆေးများကို စစ်ကိုင်းမြို့နယ်ကျန်းမာရေးအဖွဲ့မှ တာ ဝန်ရှိသူများက SGG 4L-3365 နှင့် HSE/1613 နံပါတ်တပ်ဆင်ထားသည့် Toyota Hiace အမျိုးအစားလူမှု ကူညီရေးယာဉ် ၂ စီးဖြင့် စစ်ကိုင်းမြို့မှ မုံရွာမြို့ပြည်သူ့ဆေးရုံကြီးသို့ ကာကွယ်ဆေး သွားရောက်ထုတ်ယူခဲ့ သည်။

 

အဆိုပါ ယာဉ်နှစ်စီးသည် ကာကွယ်ဆေးထုတ်ယူပြီးအပြန် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်အချိန်တွင် မုံရွာ-မန္တလေး ကားလမ်းအတိုင်း ပြန်လည်ထွက်ခွာလာခဲ့ရာ ချောင်းဦးမြို့နယ် နတ်ရေကန်ကျေးရွာ အနီး မုံရွာ-မန္တလေး ကား လမ်းမိုင်တိုင်အမှတ် ၆၁ မိုင် ၂ ဖာလုံနှင့် ၃ ဖာလုံအကြားအရောက်၌ PDF အဖွဲ့က လမ်း၏ ဝဲဘက်အခြမ်း မှ လက်လုပ်မိုင်းတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

 

ထိုကဲ့သို့ တိုက်ခိုက်မှုကြောင့် COVID ရောဂါကာကွယ်ဆေးများ သယ်ဆောင်လာသည့် လူမှုကူညီရေးယာဉ် ပေါ်ပါ ယာဉ်မောင်းနှင့် ကျန်းမာရေးဝန်ထမ်းများ ထိခိုက်ဒဏ်ရာရရှိမှုမရှိသော်လည်း HSE/1613 လူမှုကူညီ ရေးယာဉ်၏ ရှေ့လေကာမှန်ကွဲအက်ကာ ယာဉ်၏ ဝဲဘက်နောက်ဘီး ပွင့်ထွက်ပျက်စီးခဲ့ပါသည်။

 

ရေဦးမြို့နယ်သည် ဒေသခံ PDF အဖွဲ့များ အားကောင်းသည့် မြို့နယ်တစ်ခုဖြစ်ပြီး လူမှုကူညီရေးယာဉ်များကို မကြာခဏ မိုင်းဆွဲတိုက်ခိုက်လေ့ရှိသည့် မြို့နယ်တစ်ခုဖြစ်သည်။

 

#PeopleMedia #ရေဦးမြို့

 

(unicode)


………………………………………………………….

 


 


 


 


 


 


 



Share this post