• Follow Us on

Home မုံရွာ-ယာကြီး-ကလေးဝလမ်းမပေါ်ရှိ တိုးဂိတ်မီးရှို့ဖျက်ဆီးခံရပြီး မန်နေဂျာအသတ်ခံရ

မုံရွာ-ယာကြီး-ကလေးဝလမ်းမပေါ်ရှိ တိုးဂိတ်မီးရှို့ဖျက်ဆီးခံရပြီး မန်နေဂျာအသတ်ခံရ

Share this post

နေပြည်တော်၊ သြဂုတ်လ ၂၃ (People Media)

 

စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ် အနောက်ဘက်ကမ်း ယင်းမာပင်မြို့နယ် မုံရွာ-ယာကြီး-ကလေးဝလမ်းပေါ်ရှိ တိုး ဂိတ်တစ်ခုကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုးဂိတ်ကို သြဂုတ်လ ၂၂ ရက်နေ့ ညပိုင်းအချိန်တွင် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ယင်းမီးလောင်မှုကြောင့် တိုးဂိတ်ဝန်ထမ်းများနေသည့် အဆောက်အဦပါ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

ထို့အပြင် မန်နေဂျာဖြစ်သူလည်း အသတ်ခံခဲ့ရကြောင်း ဒေသခံအချို့က ပြောဆိုသည်။

 

မည်သည့်အဖွဲ့က မည်သည့်အကြောင်းကြောင့် ပြုလုပ်သည်ကိုမူ မသိရှိရသေးပေ။

 

Photo – credit

 

#PeopleMedia #မုံရွာယာကြီးလမ်းမတိုးဂိတ်

 

(unicode)


………………………………………………………………………

 


 


 


 


 


 

Photo – credit

 



Share this post