• Follow Us on

Home မုံရွာမြို့နယ်၊ တောင်မတောကျေးရွာ၌ နေထိုင်သူ အမျိုးသားလေးဦး ဓါးဖြင့် လုပ်ကြံခံရပြီး သုံးဦးမှာ ပွဲချင်းပြီး သေဆုံးခဲ့သလို တစ်ဦးမှာ စိုးရိမ်ရအခြေအနေ၌ ရှိနေ

မုံရွာမြို့နယ်၊ တောင်မတောကျေးရွာ၌ နေထိုင်သူ အမျိုးသားလေးဦး ဓါးဖြင့် လုပ်ကြံခံရပြီး သုံးဦးမှာ ပွဲချင်းပြီး သေဆုံးခဲ့သလို တစ်ဦးမှာ စိုးရိမ်ရအခြေအနေ၌ ရှိနေ

Share this post

မုံရွာ၊ ဇန်နဝါရီ ၇ (People Media)

 

ယနေ့နံနက် ၇ နာရီအချိန်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ တောင်မတောကျေးရွာ၌ နေထိုင်သည့် အမျိုး သားလေးဦးသည် ဓါးဖြင့် လုပ်ကြံခံရပြီးနောက် သုံးဦးမှာ ပွဲချင်းပြီး သေဆုံးခဲ့သလို တစ်ဦးမှာ စိုးရိမ်ရ အခြေအ နေ၌ ရှိနေကြောင်း ဒေသခံအချို့က ပြောသည်။

 

တောင်မတောကျေးရွာသည် မုံရွာမြို့၊ ဇောဓိတစ်ထောင်လမ်း၊ ဖြတ်လမ်း၌ တည်ရှိသော ကျေးရွာတစ်ခုဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးရေးကောင်းမွန်သည့်ကျေးရွာတစ်ရွာဖြစ်သည်။

 

“တစ်ဦးကို အိမ်မှာအသတ်ခံရတာ။ နောက်နှစ်ယောက်ကို သုဿန်ကို သုဿန်မှာ သတ်တာ။ ကျန်တစ် ယောက်ကတော့ လမ်းမှာအခုတ်ခံရတာ” လို့ ဒေသခံတစ်ဦးက ပြောသည်။

 

လုပ်ကြံသတ်ဖြတ်ခံရသည့် အမျိုးသားလေးဦးသည် လည်ပင်းကို ဓါးဖြင့် အပိုင်းခံရပြီး ၃ ဦးသည် နေရာ၌ သေဆုံးခဲ့သလို တစ်ဦးသည် စိုးရိမ်ရဒဏ်ရာဖြင့် ဆေးကုသမှု ခံယူလျက်ရှိသည်။

 

စစ်ကိုင်းတိုင်းဒေသကြီးသည် နေ့စဉ်လုပ်ကြံသတ်ဖြတ်မှု ဖြစ်ပေါ်နေသည့် တိုင်းဒေသကြီးတစ်ခုဖြစ်သလို စစ်ဒဏ်ကြောင့် ဒေသခံပြည်သူများလည်း ဘေးလွတ်ရာသို့ တိမ်းရှောင်နေထိုင်လျက်ရှိသည်။

 

Photo – Credit

 

#PeopleMedia #မုံရွာမြို့

 

(unicode)


…………………………………………………….

 


 


 


 


 


 


 

Photo – Credit

 



Share this post