• Follow Us on

Home မုံ႐ြာၿမိဳ႕၌ တရားမဝင္ဖြင့္လွစ္ထားသည့္ KTV ရွိ ဆိုင္၀န္ထမ္း ၄ ဦးႏွင့္ လာေရာက္သီဆိုသူ ၅ ဦး စုစုေပါင္း ၉ ဦးအား ဖမ္းဆီးအေရးယူ

မုံ႐ြာၿမိဳ႕၌ တရားမဝင္ဖြင့္လွစ္ထားသည့္ KTV ရွိ ဆိုင္၀န္ထမ္း ၄ ဦးႏွင့္ လာေရာက္သီဆိုသူ ၅ ဦး စုစုေပါင္း ၉ ဦးအား ဖမ္းဆီးအေရးယူ

Share this post

ရန္ကုန္၊ ဒီဇင္ဘာ ၁၀ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
မံုရြာၿမိဳ႕၌ တရားမ၀င္ဖြင့္လွစ္ထားသည့္ KTV ရွိ ဆိုင္၀န္ထမ္း ၄ ဦးႏွင့္ လာေရာက္သီဆိုသူ ၅ ဦး စုစုေပါင္း ၉ ဦး အား ဖမ္းဆီးအေရးယူထားေၾကာင္း ျပည္ထဲေရး၀န္ႀကီးဌာနမွ ထုတ္ျပန္ထားသည္။
 
စစ္ကိုင္းတိုင္းေဒသႀကီး၊ မံုရြာၿမိဳ႕၊ နႏၵ၀န္ရပ္ကြက္၌ KTV ဆိုင္ဖြင့္လွစ္လုပ္ကိုင္ေနေၾကာင္း သတင္းရရွိသျဖင့္ ဒီဇင္ဘာလ ၄ ရက္ေန႔ ည ၁၁ နာရီခြဲအခ်ိန္တြင္ ရဲတပ္ဖြဲ႕၀င္မ်ားမွ သက္ေသမ်ားႏွင့္အတူ သြားေရာက္စစ္ေဆးရာ Lucky 7 အမည္ျဖင့္ KTV ဆိုင္ ဖြင့္လွစ္ထားသည္ကို ေတြ႕ရွိခဲ့ေၾကာင္း ေဖာ္ျပပါရွိသည္။
 
ယင္းသို႔၀င္ေရာက္ရွာေဖြရာ အဆိုပါဆိုင္အတြင္း၌ ဆိုင္တာဝန္ခံျဖစ္သူ ေနဘ၊ ဆိုင္ဝန္ထမ္းျဖစ္သူ မိုးကုတ္ၿမိဳ႕ေန မေသာ္တာျဖဴ (၂၅) ႏွစ္ပါ ၃ ဦးႏွင့္ လာေရာက္သီဆိုသူ ေကြ႕ႀကီးရပ္ကြက္ေန ညီညီ (၂၄) ႏွစ္ပါ ၅ ဦးႏွင့္ ဆိုဖာ ၂ လုံး၊ မိုက္ခ႐ိုဖုန္း ၂ လုံး၊ ေငြ ၁၉,၆၀၀ က်ပ္တို႔ႏွင့္အတူေတြ႕ရွိခဲ့သျဖင့္ ေနဘပါ ၉ ဦး တို႔အား မုံ႐ြာ နယ္ေျမရဲစခန္း(ပ)၄၂၇/၂၀၂၀၊ သဘာဝေဘးအႏၲ ရာယ္ဆိုင္ရာစီမံခန႔္ခြဲမႈဥပေဒပုဒ္မ ၂၅ ျဖင့္ အမႈဖြင့္အေရးယူ ထားေၾကာင္း ျပည္ထဲေရး၀န္ႀကီးဌာနမွ ထုတ္ျပန္ထားသည္။
 
#PeopleMedia
 
(unicode)
မုံရွာမြို့၌ တရားမဝင်ဖွင့်လှစ်ထားသည့် KTV ရှိ ဆိုင်ဝန်ထမ်း ၄ ဦးနှင့် လာရောက်သီဆိုသူ ၅ ဦး စုစုပေါင်း ၉ ဦးအား ဖမ်းဆီးအရေးယူ
……………………………………………
 
ရန်ကုန်၊ ဒီဇင်ဘာ ၁၀ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
မုံရွာမြို့၌ တရားမဝင်ဖွင့်လှစ်ထားသည့် KTV ရှိ ဆိုင်ဝန်ထမ်း ၄ ဦးနှင့် လာရောက်သီဆိုသူ ၅ ဦး စုစုပေါင်း ၉ ဦး အား ဖမ်းဆီးအရေးယူထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
 
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်၌ KTV ဆိုင်ဖွင့်လှစ်လုပ်ကိုင်နေကြောင်း သတင်းရရှိသဖြင့် ဒီဇင်ဘာလ ၄ ရက်နေ့ ည ၁၁ နာရီခွဲအချိန်တွင် ရဲတပ်ဖွဲ့ဝင်များမှ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ Lucky 7 အမည်ဖြင့် KTV ဆိုင် ဖွင့်လှစ်ထားသည်ကို တွေ့ရှိခဲ့ကြောင်း ဖော်ပြပါရှိသည်။
 
ယင်းသို့ဝင်ရောက်ရှာဖွေရာ အဆိုပါဆိုင်အတွင်း၌ ဆိုင်တာဝန်ခံဖြစ်သူ နေဘ၊ ဆိုင်ဝန်ထမ်းဖြစ်သူ မိုးကုတ်မြို့နေ မသော်တာဖြူ (၂၅) နှစ်ပါ ၃ ဦးနှင့် လာရောက်သီဆိုသူ ကွေ့ကြီးရပ်ကွက်နေ ညီညီ (၂၄) နှစ်ပါ ၅ ဦးနှင့် ဆိုဖာ ၂ လုံး၊ မိုက်ခရိုဖုန်း ၂ လုံး၊ ငွေ ၁၉,၆၀၀ ကျပ်တို့နှင့်အတူတွေ့ရှိခဲ့သဖြင့် နေဘပါ ၉ ဦး တို့အား မုံရွာ နယ်မြေရဲစခန်း(ပ)၄၂၇/၂၀၂၀၊ သဘာဝဘေးအန္တ ရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
 
#PeopleMedia

Share this post