• Follow Us on

Home မုံရွာမြို့၌ အသက် (၁၃) နှစ်အရွယ်ရှိ နွားကျောင်းနေသော ကလေးတစ်ဦးကို လူတစ်စုမှ ဓါးဖြင့် လုပ်ကြံသတ် ဖြတ်

မုံရွာမြို့၌ အသက် (၁၃) နှစ်အရွယ်ရှိ နွားကျောင်းနေသော ကလေးတစ်ဦးကို လူတစ်စုမှ ဓါးဖြင့် လုပ်ကြံသတ် ဖြတ်

Share this post

မုံရွာ၊ ဇန်နဝါရီ ၇ (People Media)

 

ဇန်နဝါရီ ၆ ရက်နေ့၌ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့၊ ရွှေဇလုပ်ရပ်တွင် နေထိုင်သည့် အသက်(၁၃) နှစ်အရွယ်ရှိ နွားကျောင်းနေသော ကလေးတစ်ဦးကို လူတစ်စုမှဓားဖြင့် လုပ်ကြံသတ်ဖြတ်ခံခဲ့ကြောင်း ဒေသခံ များက ပြောသည်။

 

နွားကျောင်းသားဖြစ်သူ မောင်သန်းတိုးအောင်သည် မိုးချုပ်သော်လည်း နေအိမ်သို့ ပြန်လည်မရောက်ရှိခြင်း ကြောင့် မိသားစုများမှ နွားကျောင်းသည့်နေရာဖြစ်သည့် ရွှေဇလုပ်ရပ်၊ မြို့ပတ်လမ်းအနီး၌ ရှာဖွေရာ အလောင်းကို တွေ့ရှိခဲ့သည်။

 

“မြေးဖိုးနှစ်ယောက် အဖိုးဖြစ်သူက အိမ်ပြန်လာပြီး မြေးဖြစ်သူကို နွားတွေနဲ့ ထားခဲ့တာ။ ည ၇ နာရီထိုးတော့ ကလေးကပြန်မလာဘူး။ သွားကြည့်တော့ ကလေးကခေါင်းတစ်ခြား ကိုယ်တစ်ခြားဖြစ်နေတယ်” လို့ လူမှု ကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

အလားတူ မုံရွာမြို့၊ တောင်မတောကျေးရွာ၌ နေထိုင်သည့် အမျိုးသားလေးဦးသည် ဓားဖြင့်လုပ်ကြံခံရပြီး နောက်သုံးဦးမှာ ပွဲချင်းပြီး သေဆုံးခဲ့သလို တစ်ဦးမှာ ပြင်းထန်သည့်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်များဖြစ်ပေါ်ခဲ့ သည်။

 

#PeopleMedia #မုံရွာမြို့ #နွားကျောင်းသား

 

(unicode)


……………………………………………………

 


 


 


 


 


 



Share this post