• Follow Us on

Home မူဆယ်မြို့၌ ဆက်သွယ်ရေးတာဝါတိုင် ဖျက်ဆီးရန်လာသူနှစ်ဦး မိုင်းနင်းမိ၍ ဆေးရုံသို့ တင်ထားရ

မူဆယ်မြို့၌ ဆက်သွယ်ရေးတာဝါတိုင် ဖျက်ဆီးရန်လာသူနှစ်ဦး မိုင်းနင်းမိ၍ ဆေးရုံသို့ တင်ထားရ

Share this post

တောင်ကြီး၊ စက်တင်ဘာ ၂၅ (People Media)

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ ၁၀၅ နယ်စပ်ကုန်သွယ်ရေးစခန်းအနီးရှိ ဆက်သွယ်ရေးတာဝါတိုင်တစ်ခု ကို ဖျက်ဆီးရန် လာသည့် လူငယ်နှစ်ဦး မိုင်းနင်းမိ၍ ဆေးရုံသို့ တင်ပို့ထားရကြောင်း ဒေသခံများထံက သိရပါ တယ်။

 

လက်ရှိတွင် အဆိုပါ အမျိုးသားနှစ်ဦးသည် အသက်အန္တရာယ် စိုးရိမ်ရသည့် အနေအထားမရှိဘဲ ယမ်းစထိ မှန်ဒဏ်ရာရရှိထားကြောင်း သိရပါတယ်။

 

“ဖြစ်စဉ်ကတော့ မှန်ပါတယ်။ အခု ဒဏ်ရာရရှိတဲ့သူကိုတော့ လားရှိုးမြို့ စစ်ဆေးရုံမှာ တင်ထားတယ်” ဟု ဒေသခံတစ်ဦးက ပြောပါတယ်။

 

ဆက်သွယ်ရေးတာဝါတိုင်များ ဖျက်ဆီးခံရမှုကို ကာကွယ်ရန် တာဝါတိုင်ဧရိယာ၌ လုံခြုံရေးအဖွဲ့က  မိုင်း ထောင်ထားသည့်ဓါတ်ပုံများ ယခုရက်ပိုင်းက လူမှုကွန်ရက်၌ ထွက်ပေါ်လာခဲ့သည်။

 

#PeopleMedia #ဆက်သွယ်ရေးတာဝါတိုင်

 

(unicode)


……………………………………………………………………….

 


 


 


 


 


 



Share this post