• Follow Us on
Latest News

Home မူဆယ်မြို့ အမှတ်(၁)ဈေးရှိ ရွှေဆိုင်များကို ယခုဘဏ္ဍာနှစ်မှစ၍ ဆက်ကြေးကောက်ခံမည်ဖြစ်ကြောင်း TNLA မှ လုပ်ငန်းရှင်များထံ အကြောင်းကြား

မူဆယ်မြို့ အမှတ်(၁)ဈေးရှိ ရွှေဆိုင်များကို ယခုဘဏ္ဍာနှစ်မှစ၍ ဆက်ကြေးကောက်ခံမည်ဖြစ်ကြောင်း TNLA မှ လုပ်ငန်းရှင်များထံ အကြောင်းကြား

Share this post

မူဆယ်၊ ဒီဇင်ဘာ ၁၆ (People Media)

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ အမှတ်(၁)ဈေးရှိ ရွှေဆိုင်များကို ယခု ဘဏ္ဍာနှစ်မှစတင်ပြီး ဆက်ကြေး ကောက်ခံသွားမည်ဖြစ်ကြောင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး TNLA မှ လုပ်ငန်းရှင်များထံ အကြောင်းကြားခဲ့ကြောင်း သိရသည်။

 

အဆိုပါ အကြောင်းကြားစာတွင် တအောင်းဒေသအတွင်း စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေသော လုပ်ငန်းရှင်များ အပေါ် TNLA အခွန်များ ဦးစီးဌာနမှ နှစ်စဉ်နှစ်တိုင်း ရန်ပုံငွေကောက်ခံလျှက်ရှိကြောင်း၊ TNLA ထိန်းချုပ်နယ် မြေဖြစ်သည့် မူဆယ်မြို့သည် ယခု ဘဏ္ဍာနှစ်မှ စတင်ပြီး မူဆယ်မြို့ အမှတ်(၁)ဈေးအပေါ် မိမိတို့ အခွန်များ ဦးစီးဌာနမှ ရန်ပုံငွေကောက်ခံသွားမည်ဖြစ်၍ လုပ်ငန်းရှင်များထံ အသိပေးထားသည်။

 

သို့ဖြစ်၍ မူဆယ်မြို့ အမှတ်(၁)ဈေး အပေါ်ထပ်တန်းရှိ ရွှေဆိုင်များသည် မိမိတို့ အခွန်များဦးစီးဌာနမှ သတ်မှတ် ကောက်ခံသော ရန်ပုံငွေအား အများနည်းတူပေးသွင်းရန် တာဝန်ရှိသည့်အတွက်ကြောင့် မပျက်မကွက်ပေး သွင်းရန် အကြောင်းကြားထားသည်။

 

TNLA လက်နက်ကိုင်အဖွဲ့သည် ၎င်းတို့နှင့် နီးစပ်မြို့ပေါ်များရှိ စီးပွားရေးလုပ်ငန်းရှင် ဆက်ကြေးကောက်ခံရန် အကြောင်းကြားစာများ ပေးပို့မှုများ ပြုလုပ်လေ့ရှိသလို ဆက်ကြေးမပေးပါကလည်း ဖမ်းဆီးမှုများလည်း ပြု လုပ်လျက်ရှိကြောင်း ဒေသခံများထံက ပြောဆိုကြသသည်။

 

Photo – Credit

 

#PeopleMedia #TNLA #ဆက်ကြေး

 

(unicode)


…………………………………………………………

 


 


 


 


 


 

Photo – Credit

 


 

(unicode)


Share this post