• Follow Us on

Home မူဆလင္အရပ္သား ၃ ဦးကို ပစ္သတ္တဲ့ ထိုင္းစစ္သား ၂ ဦးကို အမႈဖြင့္

မူဆလင္အရပ္သား ၃ ဦးကို ပစ္သတ္တဲ့ ထိုင္းစစ္သား ၂ ဦးကို အမႈဖြင့္

Share this post

ႏုိင္ငံတကာ၊ ဒီဇင္ဘာ – ၂၆

ထိုင္းႏုိင္ငံမွာ အရပ္သား မူဆလင္ ၃ ေယာက္ကို ပစ္သတ္ခဲ့တဲ့ စစ္သားႏွစ္ေယာက္ကို အမႈဖြင့္လိုက္ၿပီလို႔ ဒီဇင္ဘာ ၂၅ ရက္ေန႔မွာ ထိုင္းရဲတပ္ဖြဲ႕က ေျပာပါတယ္။

မူဆလင္ အမ်ိဳးသား ၃ ဦးဟာ ႏုိင္ငံေတာင္ပိုင္းက ေတာင္ေပၚမွာ အစာရွာထြက္ေနတုန္း ပစ္သတ္ခံခဲ့ရတာ ျဖစ္ပါတယ္။

ထိုင္းႏုိင္ငံမွာ အခုလိုအေရးယူေဆာင္ရြက္မႈဟာ ျဖစ္ေတာင့္ျဖစ္ခဲကိစၥတစ္ခုလည္းျဖစ္ပါတယ္။

ထိုင္းစစ္တပ္ဟာ ၿပီးခဲ့တဲ့ သီတင္းပတ္က အရပ္သား ၃ ဦးကို ေသာင္းက်န္းသူေတြနဲ႔ မွားယြင္းၿပီး ပစ္မိတဲ့ အတြက္ စိတ္မေကာင္းျဖစ္ရပါေၾကာင္း ထုတ္ျပန္ခဲ့ပါတယ္။

ဗုဒၶဘာသာ၀င္အမ်ားစုေနထိုင္တဲ့ ထုိင္းႏုိင္ငံဟာ ႏုိင္ငံေတာင္ပိုင္းမွာ မေလး-မူဆလင္ လက္နက္ကိုင္အဖြဲ႕ ေတြနဲ႔ မၾကာခဏတုိက္ပြဲျဖစ္ပြားမႈေတြရွိေနတာ ၁၅ ႏွစ္၀န္းက်င္ရွိလာခဲ့ၿပီျဖစ္ပါတယ္။

မေလး-မူဆလင္ လက္နက္ကိုင္ေသာင္းက်န္းသူေတြဟာ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္အတြက္ ေတာင္းဆိုလ်က္ရွိေန ပါတယ္။

Ref; AFP

#PeopleMedia #International

(Unicode)
မူဆလင်အရပ်သား ၃ ဦးကို ပစ်သတ်တဲ့ ထိုင်းစစ်သား ၂ ဦးကို အမှုဖွင့်
………………………………………………………………

နိုင်ငံတကာ၊ ဒီဇင်ဘာ – ၂၆

ထိုင်းနိုင်ငံမှာ အရပ်သား မူဆလင် ၃ ယောက်ကို ပစ်သတ်ခဲ့တဲ့ စစ်သားနှစ်ယောက်ကို အမှုဖွင့်လိုက်ပြီလို့ ဒီဇင်ဘာ ၂၅ ရက်နေ့မှာ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

မူဆလင် အမျိုးသား ၃ ဦးဟာ နိုင်ငံတောင်ပိုင်းက တောင်ပေါ်မှာ အစာရှာထွက်နေတုန်း ပစ်သတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ အခုလိုအရေးယူဆောင်ရွက်မှုဟာ ဖြစ်တောင့်ဖြစ်ခဲကိစ္စတစ်ခုလည်းဖြစ်ပါတယ်။

ထိုင်းစစ်တပ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်က အရပ်သား ၃ ဦးကို သောင်းကျန်းသူတွေနဲ့ မှားယွင်းပြီး ပစ်မိတဲ့ အတွက် စိတ်မကောင်းဖြစ်ရပါကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ဗုဒ္ဓဘာသာဝင်အများစုနေထိုင်တဲ့ ထိုင်းနိုင်ငံဟာ နိုင်ငံတောင်ပိုင်းမှာ မလေး-မူဆလင် လက်နက်ကိုင်အဖွဲ့ တွေနဲ့ မကြာခဏတိုက်ပွဲဖြစ်ပွားမှုတွေရှိနေတာ ၁၅ နှစ်ဝန်းကျင်ရှိလာခဲ့ပြီဖြစ်ပါတယ်။

မလေး-မူဆလင် လက်နက်ကိုင်သောင်းကျန်းသူတွေဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် တောင်းဆိုလျက်ရှိနေ ပါတယ်။

Ref; AFP

#PeopleMedia #International


Share this post