• Follow Us on

Home မူဆလင္ႏုိင္ငံမ်ားၾကား အခ်င္းမ်ားမႈမ်ားတြင္ စစ္လက္နက္ေရာင္းခ်သူမ်ား အျမတ္ထြက္ေနဟု ဟာစီနာ သတိေပး

မူဆလင္ႏုိင္ငံမ်ားၾကား အခ်င္းမ်ားမႈမ်ားတြင္ စစ္လက္နက္ေရာင္းခ်သူမ်ား အျမတ္ထြက္ေနဟု ဟာစီနာ သတိေပး

Share this post

တိုက္ပြဲေတြမွာ လက္နက္ေရာင္းခ်သူေတြသာ အက်ိဳးအျမတ္ျဖစ္ထြန္းေနၿပီး ဘဂၤါလီအေရးကိစၥကိုလည္း ျမန္မာႏုိင္ငံနဲ႔ ေဆြးေႏြးညွိႏႈိင္းျခင္းနဲ႔သာ ေျဖရွင္းသြားမယ္လို႔ ဘဂၤလားေဒ့ရွ္၀န္ႀကီးခ်ဳပ္ ရွိတ္ဟာစီနာက ေျပာပါတယ္။

ဘဂၤလားေဒ့ရွ္ကို အလည္အပတ္ေရာက္ရွိေနတဲ့ ေဆာ္ဒီအာေရဗ် စစ္ဦးစီးခ်ဳပ္နဲ႔ ေတြ႕ဆံုရာမွာ ဟာစီနာက အခုလို ေျပာၾကားခဲ့တာျဖစ္ပါတယ္။

မူလဆင္ႏိုင္ငံေတြမွာျဖစ္ပြားေနတဲ့ အျငင္းပြားမႈေတြကိုလည္း ေဆြးေႏြးညွိႏႈိင္းျခင္းနဲ႔သာ ေျဖရွင္းၾကဖို႔ ဟာစီနာ က တိုက္တြန္းေျပာၾကားခဲ့ပါတယ္။

ေဆာ္ဒီစစ္ဦးစီးခ်ဳပ္ကလည္း ယီမင္ျပႆနာမွာ မိမိတို႔အေနနဲ႔ ေဒသတြင္း ၿငိမ္းခ်မ္းေရးကို လိုလားတဲ့အတြက္ ရန္လိုတဲ့ ခ်ဥ္းကပ္မႈေတြ ေဆာင္ရြက္္သြားမွာမဟုတ္ဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

ေဆာ္ဒီစစ္ဦးစီးခ်ဳပ္ အယ္ရူ၀ါလီက ဘဂၤါလီအေရးမွာ ဘဂၤလားေဒ့ရွ္ရဲ႕ ရင္ဆိုင္ေျဖရွင္းမႈကို အျပည့္အ၀ေထာက္ ခံတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ဟာစီနာကလည္း ေဆာ္ဒီနဲ႔ ႏွစ္ႏုိင္ငံၾကား စစ္ဖက္ဆိုင္ရာပူးေပါင္းေဆာင္ရြက္မႈေတြကို အေလးအနက္ထားေျပာ ၾကားခဲ့ၿပီး ဘဂၤလားေဒ့ရွ္စစ္တပ္အတြက္ သင္တန္းပို႔ခ်မႈနဲ႔ စစ္လက္နက္ေထာက္ပံ့ကူညီမႈေတြအတြက္ ေက်းဇူး တင္စကားေျပာၾကားခဲ့ပါတယ္။

Ref; https://bdnews24.com/

#PeopleMedia #International

(Unicode)
မူဆလင်နိုင်ငံများကြား အချင်းများမှုများတွင် စစ်လက်နက်ရောင်းချသူများ အမြတ်ထွက်နေဟု ဟာစီနာ သတိပေး
……………………………………………………………

တိုက်ပွဲတွေမှာ လက်နက်ရောင်းချသူတွေသာ အကျိုးအမြတ်ဖြစ်ထွန်းနေပြီး ဘင်္ဂါလီအရေးကိစ္စကိုလည်း မြန်မာနိုင်ငံနဲ့ ဆွေးနွေးညှိနှိုင်းခြင်းနဲ့သာ ဖြေရှင်းသွားမယ်လို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ကို အလည်အပတ်ရောက်ရှိနေတဲ့ ဆော်ဒီအာရေဗျ စစ်ဦးစီးချုပ်နဲ့ တွေ့ဆုံရာမှာ ဟာစီနာက အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

မူလဆင်နိုင်ငံတွေမှာဖြစ်ပွားနေတဲ့ အငြင်းပွားမှုတွေကိုလည်း ဆွေးနွေးညှိနှိုင်းခြင်းနဲ့သာ ဖြေရှင်းကြဖို့ ဟာစီနာ က တိုက်တွန်းပြောကြားခဲ့ပါတယ်။

ဆော်ဒီစစ်ဦးစီးချုပ်ကလည်း ယီမင်ပြဿနာမှာ မိမိတို့အနေနဲ့ ဒေသတွင်း ငြိမ်းချမ်းရေးကို လိုလားတဲ့အတွက် ရန်လိုတဲ့ ချဉ်းကပ်မှုတွေ ဆောင်ရွက်သွားမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

ဆော်ဒီစစ်ဦးစီးချုပ် အယ်ရူဝါလီက ဘင်္ဂါလီအရေးမှာ ဘင်္ဂလားဒေ့ရှ်ရဲ့ ရင်ဆိုင်ဖြေရှင်းမှုကို အပြည့်အဝထောက် ခံတယ်လို့ ပြောကြားခဲ့ပါတယ်။

ဟာစီနာကလည်း ဆော်ဒီနဲ့ နှစ်နိုင်ငံကြား စစ်ဖက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေကို အလေးအနက်ထားပြော ကြားခဲ့ပြီး ဘင်္ဂလားဒေ့ရှ်စစ်တပ်အတွက် သင်တန်းပို့ချမှုနဲ့ စစ်လက်နက်ထောက်ပံ့ကူညီမှုတွေအတွက် ကျေးဇူး တင်စကားပြောကြားခဲ့ပါတယ်။

Ref; https://bdnews24.com/

#PeopleMedia #International


Share this post